Article submitted by: minkyaw thuyein on 23-Nov-2012  
မ၈င်္လာပါ မစ္စတာ ပရဲ ဇင်းဒင့် ။
ဒို.လူကလေးများဆိုသလေး ။


ကြည်စေ အေးစေ ပေါ.နော် ၊



မစ္စတာ အိုဘားမားတယောက်ကတော့ လမ်းကြုံလို.၀င်တဲ့ မြန်မာနိင်ငံ
ခရီး မှာတမင် အလွတ်ကျက် အာဂုံဆောင်ထား တဲ့ ( မြန်မာနိုင်ငံ မင်္ဂလာ ပါ ) ဆိုတဲ့ စကားလုံးလေးတလုံးနဲ.ပြောဘို. ရှေ.က သူဘာသာ
စကားနဲ. (thank you ) လို. စကားအရင်ခံလိုက်တယ် ၊ ဟို ရှေးက ကင်းဝန်မင်းကြီ်း ဦးကောင်း ကတော့ အင်္ဂလန်(ဘိလပ်)ခရီး အပြီးမှာ အင်္ဂလိပ် တွေ ကို အင်္ဂလိပ်ဘာသာနဲ.သင်းခရု (thank you) လိုက် နိုင်ခဲ့ပေမဲ့ အိုဘားမား တယောက်ကတော့ သူ.လျှာနဲ့သူ.သွား ခလုတ်တိုက်မှာစိုးလို. (ကျေးဇူးတင်ပါတယ်) လို. တောင် မပြောနိုင် ရှာဘူး ၊ မြန်မာ ဆိုတဲ့ နာမည် စကားလုံးတောင် မိနစ် ၃၀ ကျော်ပြော ခဲ့တဲ့ ထဲမှာ တကြိမ်
သာဘဲ ထည့်ပြောခဲ့တာ ပါ ။



( မြန်မာနိုင်ငံ မင်္ဂလာ ပါ ) ဆိုတဲ့ စကားလုံးလေး တလုံး ကြားလိုက်ရတာကိုဘဲ မြန်မာတချို.အကြိုက်ခွေ.သွားပြီးမူးမေ့ မတတ်ဖြစ်သွားပုံရတယ် သွးဆေးရှူ သူတချို.ကိုတောင် တွေ.လိုက်မိသလို ဘဲ ၊ ဟေလာရီ ကလင်တင် ကတော့ အရေးပါတဲ့ ဒီခရီးမှာ ထိုင်ရက် အိပ်ပျော်နေတာ တွေ.ရတော့ ရိုးရိုးဘဲလား ၊ နေများ မကောင်းလိုဘဲလားလို.ရိုးသားစွာ စိုးရိမ်မိလိုက်တယ် ။ ဆရာဝန်ပြော ပြောရရင် ဟေလာရီ ကိုယ်အလေးချိန် လျှော.သင်.တယ်၊ ဒို.လုံမလေးဆီက မြန်မာ့တိုင်းရင်း ဆေးကောင်း ၀ါးကောင်းလေး တောင်းပြီး မှီဝဲဘို.လိုကောင်း လိုမလား ။



တချိုကျတော့လဲ အရှိုက်ထိုးခံလိုက်ရသလို အောင့်သက်သက်နဲ့ ၊ အမှန်တကယ် ဘယ်နှယောက် နောက်ကောက်ကျ ကြသလဲ ဆိုတာတော့ ဘယ်သူမှ မသိဘူး ။ ခွင့်လွှတ်ပါတယ် မောင်ရယ် ။ ဒါတွေက အသေးအဖွဲ လေးတွေပါ ၊ အရေးမကြီး ပါဘူး ဆိုပေမဲ့ အိုဘားမား ချွေတဲ့ မိန်းခွန်းရေးဆရာက soc.culture.burma က တချို.လူတွေရဲ. စကားတွေကို ပေါင်းချုပ် လုပ်ထား တာဆိုတော့ ( ပျိုတိုင်းကြိုက် တဲ့နှင်းဆီ ခိုင် ) လို.ပြောလိုရတယ် ။ တချိုကလဲ နှင်းဆီကိုကြိုက်သလောက်လဲ နှင်းဆီ ဆူးကိုတော့ ကြောက် ပါတယ် တဲ့ ။



မြန်မာတာတွေဟာ လူတိုင်းထဲကလူတွေဘဲ လူချင်းမတူသလို အကြိုက်ချင်းလဲ မတူကြဘူး ၊ အင်ြဂင်း ၊ သရဖီ . စပါယ် ၊ မြတ်လေး ၊ ဇလပ် ၊ ဇီဇ၀ါနဲ.ညဥ့်မွှေးပန်းတို.ဟာ ဆူးကင်းတဲ့ မြန်မာတိုရဲ. ဖေးဖရိတ်
တွေ ဖြစ်တယ်ဆိုတာ သိပုံ.မရဘူး ၊ ဒါ အတွက်တော့ အပြစ်မပြော
လိုပါဘူးလေ ၊ လူတိုင်း လူတိုင်းမှာ မသိတာတွေ ရှိကြစမြဲဘဲ ။


ဒါပေမဲ. သမတ တယောက်ရဲ.မိန်.ခွန်းရေးသူဟာမြန်မာနိုင်ငံက
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကို ဘယ်တုန်းက ဘယ်အစိုးရ က မတရား အသင်း ကြေညာခဲ့ သလဲ ဆိုတာလောက်ကတော့ သိဘို.ကောင်းပါတယ် ။ အစစ်အဆေး မရှိဘဲရေးထား တဲ့ အတိုင်းဖတ်တဲ့ သမတ တယောက်ရဲ. သက္ခာကို ထိခိုက်ပါတယ် ။ ပြီးခဲ့တဲ့ အပိုင်းက မမှန်သတင်း တွေ ၊ လုပ်ကြံသတင်းတွေ ကြောင့် ၂ နိုင်ငံ ဆက်ဆံရေး ပျက်ပြားရတာမှာ အမှန်တကယ် ထိခိုက်နစ်နာရသူဟာ ၅၅ သန်းသော မြန်မာနိင်ငံ လူထုဘဲ ? ဒီလို လူတွေ ဒုက္ခရောက်ရတာကို စပ်ဖြဲ စပ်ဖြဲ မျက်နှာနဲ့ ဘယ်သူတွေ ဘယ်လောက် ကြိတ်ပြီး ၀မ်းသာနေမယ် ဆိုတာကတော့ ကာယကံရှင်တွေဘဲ သိကြလိမ်. မယ် ။



အိုဘားမား ပြောတာတွေဟာ ဒို.တတွေ သိထားပြီးသား တွေ.ကြုံခဲစားနေရတဲ့ ပြသနာတွေ ဖြစ်တယ် ၊ ဒီပြသနာတွေ ပြေလည်ရေး
အတွက် ဒို.ခေါင်းဆောင်တွေအားလုံးလဲ ဒီစကားတွေကိုဘဲ အဖန်
တလဲလဲ ပြောခဲ့တာဘဲ ၊ ဒို.အားလုံးဟာ (တ နိုင်ငံထဲ က တနိုင်ငံထဲ သားတွေ ) ပါ ဆိုတာကို အချိန်ထိ တချို.ူလူတွေ သဘောပေါက် လက်ခံခြင်း မရှိသေးဘူး ဆိုတာကလဲထင်ရှားနေတယ် သူတို.သဘောနဲ.သူတို.ဘဲလား တယောက်ယောက်က သွေးထိုးမြှောက်ပေးနေသလား ဆိုတာက တော့ ( သိသာ သိစေ မမြင်စေနဲ. ) ဆိုတဲ့ စကား အတိုင်းဘဲ ။



အိုဘားမား ဟာ သူ.နိုင်ငံ သမိုင်း သူ.အကြောင်းတွေ ပြောသလိုနဲ.ဒို.တတွေကို ဒဲ့ဒိုးတမျိုး သွယ်ဝိုက်ပြီး တနည်းနဲ့ သွန်သင်ဆုံးမ သွားတာ
ကို ဒို.ခံလိုက်ရတယ် ၊ ရှက်မယ်ဆိုရင် ရှက်တတ် တဲ့ သူတွေအတွက်
ကတော ရှက်စရာကြီး အရှက်မရှိတဲ့သူတွေ ကတော့ မရှိကြဘူးပေါ. ၊ သူတို.နဲမဆိုင်သလို ပြုံးဖြဲဖြဲနဲ.ဘဲ၊ (ထောင်တန်တဲ့ စကား ရီရင်ပေါ့) ဆိုတော့ မရီဘဲ ပြုံးနေတာကိုဘဲ ကျေးဇူးတင်ရအုံးမလား မသိဘူး ၊ ဒီ အခန်းအနားကိုတက်ရောက်လာတဲ့ တက္ကသိုလ် ကျောင်းသား ဂုဏ်သရေ ရှိ လူကြီးမင်း များထဲမှာ သူ. နိုင်ငံ ဘယ်လိုတည်ဆောက်လာခဲ့တယ်
ဆိုတာ မသိသူရှားပါ တယ် ၊ အကောင်းအမြင် အဆိုးအမြင် ဆိုတာနေရာ
တိုင်းမှာ ရှိကြလေတော့ ကိုယ်လိုတာကိုယ် ယူဘဲပေါ့ ။



အိုဘားမား သူများရေးပေးတဲ့ မိန်.ခွန်းသာဖတ် တယ် မြန်မာနိုင်ငံနဲ့
မြန်မာတွေအကြောင်း သိပုံ မရပါဘူး ၊ အမေရိကန် ပေါ်လစီကို ချမှတ်ပြသွားတာ ဒင်မက မက်လုံးတွေ ပေးသွားတယ် ၊ ဒို.လုံမလေးကို သူ.နည်းသူဟန်နဲ.ချီးမြှောက် သွားတာဘဲ ဖြစ်တယ် ။ ကိုယ့်အမြင် ကိုပြောရရင်တော့ ကျဆင်းလာနေတဲ့ လုံမလေးရဲ.သိက္ခာတွေ ၊ ကွဲအက်လာနေ တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ.ချုပ်ရဲ. သိက္ခာတွေကို ပြန်တင်ပေးရအောင် အဖတ်ဆယ် ဂဟေဆော်ပေးတဲ့ ခရီး ၊ ညီ့းနဲ.အတူ ဒို.ရှိတယ် ဆိုတဲ့ နှမ်းဖြူးခရီး ၊ တဖက်စကား နဲ့ ရတဲ့သတင်းတွေပေါ်မှီပြီး မြန်မာ ၅၅ သန်းတို.အပေါ် သူတို.မစဉ်းမစား လုပ်ခဲ့မိတာတွေအတွက်(ကျေပါကွယ် မအေးစိန်ရယ်)လို.သူ့နည်းနဲ့သူ.ဟန်နဲလာပြောသွားတာဘဲ ၊ ဘာမှ အပန်းကြီးတဲ့ အလုပ် မဟုတ်ပါဘူး ။



တကယ်လို.များ အိုဘားမား လွယ်လွယ်နဲ. ပြောသလို ချီတက် ဆန္ဒပြ ခွင့်များပြုခဲ့မယ်ဆိုရင် အမေရိကန်နဲ့အိုဘားမား ကို လိုလားသူရော မလိုလားသူပါ ရှုတ်ထွေး ကုန်ပြီး ၊ ကြည့်လို.ကောင်းလိုက်မဲ့ပွဲ ၊ ပွဲလန်.ရာ ဖျာခင်းဘို.မဟုတ်ဘူး ပြေးနိုင်မှလွတ်မဟေ့ ဘဲပေါ ၊ တနည်းပြောရရင် အိုဘားမားဟာ မြန်မာတွေ အေးအေးဆေးဆေးနေ နေတာကို ကြည်လိ. မရဘူးထင်တယ် သူတို.တတွေ ၀င်ပြီး စွက်ဖက် ဘို.အကြောင်းတွေ နဲလာနေတယ် ၊ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံအတော်များများကို ထစ်ကနဲဆို စီးပွားရေးဒါဏ်ခတ်ပိတ်ဆို.မှုကြောင့်ဥရောပအဖွဲ.၀င်
နိုင်ငံတွေနဲ.အမေရိကန်ပါ စီးပွားရေး အကြီးအကျယ်ကျဆင်း အလုပ်မဲ့
တွေတိုး လူမှုဖူလုံးရေး ပိုင်း အင်အားသိသိသာသချိနဲ.လာရလို.သူတို. အတတ်နဲ့ သူတို. မျက်ဖြူစိုက် လာတာတွေကို ကာမိရအောင် ၊ သူတို.အကျိုးစီးပွားတွေကို သူတို.ကာကွယ်ဘို.သူတို ဟာသူတို အလျှော.ပေးလာရတာဘဲ ၊


ဒါကတော့အစောကြီးကထဲကမလုပ်ကောင်းတာတွေကိုမလုပ်ကောင်းပါဘူးလို ပြောနေ ရက်ကြားက လုပ်ခဲ့တာ . အရှက်ရှိတတ်တဲ့ သူဆိုရင် ကိုယ့်မျက်နှာ ကိုယ် ဒါးနဲလှီး လိမ်.မယ် ၊ အရှက်ကြီးတဲ့နေရာမှာ ဂျပန် ကိုဘယိသူမှ မမှီဘူး ၊



အိုဘာမားက လုပ်လိုက်သေးတယ် အမေရိကန် ဟာ ကမ္ဘာမှာ စစ် အင်အား အတောင့်တင်းဆုံး နိုင်ငံဖြစ်ကြောင်း၊ စစ်ဖက်ဟာ အရပ်ဘက်ရဲ.ကြီးကြပ် ကွက်ကဲမှူအောက်မှာ ရှိကြောင်း ၊ သမတ တယောက်အနေနဲ. သူဆုံးဖြတ်တာ တွေကို စစ်ဖက်က လိုက်နာဆောင်ရွက်ရတာ ဖြစ်တယ် လိုလဲ ပြောသွားသေးတယ်။



အိုဘားမား ခရီးဟာ ၆ နာရီကြာပြီး ဘွဲ.နှင်းသဘင်ခန်းမမှာ အထူးစီစဉ် ပေးခဲ့တာ အကြောင်းအမျိုးမျိုးတွေ ကြောင့်ဘဲ လို.ထင်တယ် ။ ဘယ်သူတွေကို ဘိတ်တယ် ဘယ်သူတွေ တက်ရောက်တယ် ဘယ်သူတွေ ပျ့က်ကွက် တယ်ဆိုတာ မသိရပေမဲ့ လွှတ်တော် ၂ ရပ်ပေါင်းမှ ကိုယ်စားလည်တော်များ စုံညီစွာတက်ရောက်တဲ့ ဟောပြော ပွဲတရပ်လို.ဖြင့် အသွင်အပြင်လဲမရှိ ။ အနှစ်သာရ လဲမတွေ.ရပါဘူး ၊



အိုဘားမား ခရီးအတောအတွင်း မြန်မာ့ရေပြင်မှာအသင့်အနေအထား
ရှိနေတဲ့ ကန် စစ်သင်္ဘော ၊ နောက်တော်ပါးက ပါပြီး ရွှေတိဂုံရင်ပြင်ပေါ်
မှာ ၀တ် ခြေနင်း မချွတ်လိုတဲ့ ကိုယ်ရံတော် ဆိုတဲ့ မဲမဲမြင် မမေးဘဲ ပစ်ခွင့်ရ ပါးကွက် အာဏာ သားတွေ အကြောင်းကလဲ မယုံရင် ပုံပြင် လိုဘဲ မှတ်လိုက် ပေတော့ ။ ( ယုံကြည်စိတ်ချရမှု ) ဆိုတာကို ဘာနဲ့ တိုင်း မလဲ ၊



လူတွေဟာ မျက်စေ့ ၊ နှာခေါင်း ၊ နား နဲ.ခြေ တို တစုံစီ ရှိကြပြီး ဦးနှောက်ကတော့ တလုံးထဲ ဆိုရပေမဲ့ သူအကန်.နဲ့သူ ခွဲလိုက်တော့ ၃ ပိုင်း ရသတဲ့ ။ ဒါကြောင့် အကောင်းဖက် အဆိုးဖက် ၂ ဖက်စလုံးက စုံအောင်ကြည့်ပြီး ဦးနှောက်ကို ၃ ပိုင်းစလုံး သုံး အေးအေးထား စဉ်းစဉ်းစားစား ဆုံးဖြတ်ကြဘို.ဘဲ ။



အိုဘာမားက မြန်မာနိင်ငံ သူဘာကြောင့် လာရတဲ့အကြောင်း တွေပြောခဲ့တယ် ၊ သူ.အမြင် သူ..ရှူဒေါင့် အရပေါ့ ၊ ဒို.ကလဲ ဒို.အမြင် ဒို.ရှူဒေါင့်က ပြောရရင် သူ ဆွပေးတာ မွှေပေးတာ ဘဲ ၊ အမေရိကန်တွေဟာ သူတိုကိုယ် သူတို ဂါလီဖါ မှတ်ပြီး ဒို.ကို လီလီပွတ္တိယန် လေးတွေ လို.မှတ်ယူကောင်းမှတ်နေပုံရှိတယ် ။ ဒို.ထဲမှာ ပစ်ဂမီ လိုလို ဒွပ်(ဖ) လိုလိုဟာမျိုးတွေ ရှိကောင်းလဲ ရှိလိမ့်မယ် ။ ဒါဟာ မသန်စွမ်းသူ များ မဟုတ်ဘူး ဆိုတာသိရမယ် ။ မသန်းစွမ်း တဲ့ လူတချို.ကတော့ ထစ်ကနဲဆို အရှက်မရှိတိုင်း အဖေ ကယ်ပါ အမေ ကယ်ပါ သံကုန် ဟစ်နေလိမ်မယ် ။



တချို. ဒို.လူတွေ ကိုယ်တိုင်က ကိုယ်ကိုကိုယ်ရော ကိုယ့်လူမျိုး ကိုပါ လူမထင်ဘဲ အင်္ဂလိပ်တို. အမေရိကန် တို.ကိုမှ လူထင်နေတော့ မခက်ဘူးလား ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတာကိုလဲ အိုဘားမား ကထည့်ပြီး ပြောသွား သေးတယ် ။ လိုလားသူ မလိုလားသူကြား ရင်ကြားစေ့ ဘို.ခက်မယ်ဆိုတာ သိလို တမင်ပြောတာလား အကိုရယ် ။



နားလိုက်အုံးမယ်လေ အခုပြောလဲ ဒီစကား နောက်ပြောလဲ ဒီစကား ဘဲ ၊ ပျော်ပျော် ပါးပါး ပေါ. ။