Article submitted by: minkyaw thuyein on 20-Nov-2012  
မအေးရယ် ချစ်လို့ပါကွယ် ။
ဒို.လူကလေးများဆိုသလေး ၊


(မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ သေချာပေါက် ထွန်းကားရေး အတွက် ကူညီပါ ) တဲ့ ၊ ဒီလိုဘဲ အဓိပါယ် ပေါက်တယ် ။


အိန္ဒြိယ ခရီးမှာ လုံမလေး ပြောခဲ့တဲ့ စကားတွေဟာ အိမ်ရှင်ကို ပါးရိုက်
ခဲ့တာတွေ ပါတယ် ဆိုတာကို ထောက်ပြခြင်တယ် ၊ ကိုယ့်ဟာကိုယ်
ပြန်စဉ်းစားကြည့်စမ်းပါ အကယ်ဒမစ်ကြီး ရယ် ။ စိတ်ပျက် ၀မ်းနဲကျေကွဲ
စရာတွေ လောကသားတွေတိုင်းမှာ ရှိကြတယ် ဆိုတာ သိထားစေခြင်
တယ်။ ညီးအပေါ် စိတ်ပျက်နေသူတွေ ရှိတယ်ဆိုတာ ညီးသိတယ်
်မဟုတ်လား ၊ မသိသေးရင် အခု သိအောင်ပြောနေတာဘဲ ၊ ဒီလိုဘဲပေါ.၊ ညီးက ထစ်ကနဲဆို (အမေ ကယ်ပါ အဖေ ကယ်ပါ ) နဲ. တော်လောက်ပြီ ထင်တယ် ။


အိန္ဒြိယား ဟာ လူဦးရေ သန်း ၈၀၀ ဆိုလားရှိတယ် ။ ဒီမိုကရေစီစံနစ်
အောက်မှာဘယ်နှသန်းမွဲတေပြီး ခိုကိုးရာမဲ့လမ်းပေါ်မှာ လဲသေ နေကြသလဲ ဆိုတဲ့ စာရင်းကို ညီး တောင်းကြည့်မိသလား ၊ ညီး အဲဒီမှာနေ အဲဒီမှာစား အဲဒီမှာပညာသင်ခဲ့တုန်းက(Field trip ) ဆိုတဲ့ ကျောင်းက စီစဉ်တဲ့ လေ.လာရေး ခရီးတွေထွက်တုန်းက နဲနဲလေးတော့ လေ့လာမိဘို.ကောင်းတယ်၊


မြန်မာ့ခေါင်းဆောင် တဦးဖြစ်တဲ့ အဖ ဦးအောင်ဆန်း ၊ အမိဒေါ်ခင်ကြည်
(မြန်မာသံအမတ်ကြီး) တို.ရဲ.သမီး အဖြစ် ခြေမွှေး မီးမလောင် လက်မွှေး
မီးမလောင် အထက်တန်းလွှာ အထူးတန်းတွေအဆင့်ရောက်နေခဲ့လို. အောက်တန်းလွှာ လူတန်ူစားတွေ မရှိဘူး လို.ထင်သလား ၊ ရှိသေးတယ်
ဆို တာ ညီး သတိထားမိရဲ.လား ။


တိုတိုနဲပြောရရင် အိန္ဒြိယ ခေါင်းဆောင်တွေဟာ လူအလွှာ အသီးသီး ပါတဲ့ လူသန်း ၈၀၀ ရဲ. စား ၀တ် နေရေး ပြည့်စုံအောင် ဖြည့်စည်းပေးဘို.လုံးပန်းနေ တာကို ညီးနဲ. ညီး လင်တွေ ပထွေးတွေက မြန်မာနိုင်ငံ အပေါ် စီးပွားရေး ဒါဏ်ခတ်မှူ အိန္ဒြိယလဲ ပါ ပါ ဆိုတော့ ညီးဟာ တနည်းအားဖြစ် လူ သန်း ၈၀၀ ကိုပါ အငတ် ထားဘို.၊ အိန္ဒြိယ ဈေး
ကွက်လျှော့ စီးပွားရေး ကျဆင်း အောင် လုပ်တဲ့ ညီးရဲ. ပရိယယ် တထောင်ကို ဇနက ဇါတ် ထဲက ဘီလူးမ အကြောင်း ဖတ်ဘူးသူတိုင်း သိတယ် ၊ ညီးက ညီးကို မြောက်သူ တွေကိုသဘောကျနေတာညီးတနေ.အကြီးအကျယ် ဂျောက်ကျမှာကိုတော့ နဲနဲ ရိတ်မိဘို.ကောင်းတယ် ။ ဒါလေးမှ မသိရင် ညီးသင်ထားတဲ ပညာတွေဟာ အလကားဘဲ ၊၊


တနည်းပြောရရင် ဟိုက လူတွေက ၀ါရင့် သဘာရင့်တွေ ၊ ညီးက ပေါက်စ အမွှေးအမြင် တောင် မစုံသေးဘူး ဆိုတာကိုတော့ ညီးမသိရင် ပြောရခက်တယ် ကွဲ. ၊ တရားစခန်းဝင်ပြီး ကိုယ်ဟာကိုယ် စမ်းစစ်ဘို.လိုပြီ ထင်တယ် ၊ ညီးကိုးကွယ် တဲ့ အင်္ဂလိပ် စကားပြော ဘက် ဘွဲ.အမျိုးမျိုး နဲ့သပိတ်အိုင် ဆရာတော်ဆိုတာက ညီးနဲ.တွေရင် ဘာတွေများ ဟော သလဲ ၊ ထုံးစံ အတိုင်း စာအုပ်ထဲရှိတဲ့ ဒီမိုကရေစီတရား နဲ.မင်းကျင့်တရား ၁၀ ပါး တဲ့ လား ၊ ညီးတို ၂ ယောက် လိုက်လဲ လိုက်ကြပါ
ပေတယ် ။


အခုချိန်ထိ ကယ်ပါ ယူပါ တဆာဆာ အသံကုန် ဟစ်အော်နေရတုန်းဘဲ ၊ အရှက်နဲလှချည့် လား လုံမငယ် ၊ ညီးလုပ်နေပုံက မဟုတ်သေးဘူး ထင်တယ် ၊ အားကိုး အားထားရှာတယ် လား ? (အရေးကြီးရင် သွေးနီး လို.ဆိုပါတယ် ၊ သွေးဟာ ရေ ထက် ပြစ် တယ် ) တဲ့ ၊ မြန်မာစကားတွေ မို. မင်း နားလယ်ဘို. ခက်နေ သလား ။ မင်း လုပ်ခဲ့ဘူးတယ်ဆိုတဲ့ လန်ဒန်က SOAS မှာ မြန်မာ စာနဲ.စကား ၁၀ ရက် CRASH COURSE ပြန်တက်ဘို.များလို နေ မလား ၊


မေးပါရစေ ချစ်သူရေ (မင်းဘာ လူ မျိုးလဲ) ? မြန်မာလား မြန်မာပြည်မှ မြန်မာတွေနဲ.တွဲ လုပ်ဘို. ဘာကြောင့်လက်တွန်.နေတာ လဲ ? ကိုယ် သဘောချည်းဘဲတော့ မဖြစ်နိုင်ဘူးနော် ၊ ကြည့်ရတာ မြင်ရတာ ဒီအတိုင်း ဘဲ ညီးရောက်လေသမျှ အရပ်မှာ ပြောလေသမျှ စကား
တွေ ဟာ မပြောင်းလဲတဲ့ ထပ်ချည်းတလဲလဲ စကားတွေချည်းဘဲ ။ တဦးကို တဦးက လုံးဝယုံကြည် စိတ်ချဘို.ဆိုတာဟာ ဘယ်လိုပြောရမှန်း မသိတဲ့ လက်တွေ.မပါသော သဘောတရား သက်သက် တခုလို ဖြစ်နေ
ပြီဆိုရင် မှန်ပါ့မလား ။


ညီးဟာ စိုင်ကေါ်လို. ခြုံပေါ် ရောက်ရ သူဖြစ်လို. တက်လမ်းကို မသိတဲ့
အတွက် ၊ ဆင်းလမ်းကိုလဲ မသိနိင်ဘူး ၊ သူများအားကိုး ခါးကျိုးနလန် မထူ ဆိုတဲ့စကားကို ဒီနေရာမှာ ပြန်ပြောရရင် ညီးအတွက် အသင့်တော်
ဆုံးဖြစ်လိမ့်မယ် ။


သဘောတရား ဆရာကြီးတွေ ပြောဟောသမျှ သဘောတရားတွေကို လုံလုံခြုံခြူံစုပုံသာထားမယ်ဆိုရင် ဟိမ၀န္တာတောင် ထက် အပြန် ပေါင်းများစွာ မြင့်လိမ့်မယ် ထင်တယ် ၊ ဒီ သဘောတရားတွေအောက်မှာ လူတွေဟာ ပိပြားနေလိမ့်မယ်နစ်မြုတ်နေလိမ့်မယ် ၊ များလွန်းလို.နားထူပြီး ဂရုမစိုက် နိုင်ကြတော့တာလဲ ဖြစ်နိုင်တယ် ။ လုပ်ရမှာတွေ လုပ်နိုင်တာတွေ ထက် မလုပ်ရမှာတွေမလုပ်အပ် တာ တွေ ပြောထား
တာက များ တယ် ၊ ဒါ ကို လူတွေအနေနဲ. မလွတ်လပ်ဘူးဆိုပြီး လွတ်လမ်းရှာကြတယ် ထင်ပါရဲ. ။


လူ လူချင်း မပြောနဲ့ လူဟာ ဖန်ဆင်းရှင် ဂေါ(ဒ်) ကိုတောင် အကြိမ်ကြိမ် အာခံလို. နောက် ဆုံး ဂေါ့(ဒ) ကတောင် လက်လျှော.ထား ရတဲ့ သတ္တ၀ါ ၊ လူဟာ ဂေါ့(ဒ) ကိုတောင် အလွဲသုံးစား ပြုနေကြတာ၊


လူ ကိုဘယ်သဘောတရားရေး ဆရာရဲ့ သဘောတရား တရားကမှမထိမ်း
ကြောင်း နိုင်ဘူး ၊ သဘောတရားရေး စစ်ပွဲဆိုတာ မှရှိဘူးမထင်နဲ. ၊
ဒီနေရာမှာထောက်ပြခြင်တာ သူတို. ဂေါ့(ဒ) ကိုတောင် မထီလေ စားနဲ. စော်ကား မော်ကားပြုကြသေးရင် ဂေါ့(ဒ) မဟုတ်တဲ့သဘောတရား
ဆရာတွေရဲ. သဘောတရားတွေကို ကြိုးစားလိုက်နာနေတဲ့ တခြားသူတွေ
ကို သူတို.ဘယ်လိုဆက်ဆံကြ လိမ့် မယ် ဆိုတာ စဉ်းစားသာ ကြည့်ကြပေ
တော့ ၊


ဒို.မြန်မာတတွေဟာ ဂေါတမ ရဲ့လမ်းညွှန်ချက်တွေကို လိုက်နာပြီး မေတ္တာ ဘာဝနာ ပွားများတော့ သူတို. အကျိုးဘဲလား ကိုယ့်အကျိုးဘဲ
လား ဘယ်သူ.အကျိုးလဲ မသိဘူး ဒို.ဟာ လူဟြေ့ လူညံ့တွေ ဖြစ်ကုန်
တယ် ၊ ဒီလိုပြောတာကိုတောင် နောင်ပွင့်မဲ့ ဘုရားလောင်းတချို.က မကြိုက်ဘူး ဆိုတာတွေ.ရတယ် ။


လူတွေက များသလောက် စကားတွေ စိတ်ဓါတ်တွေကလဲ များ ၊ ဆူဆူ
ညံညံနဲ.နားကွဲ မတတ်ဘဲ ၊ ဘာတွေပြောနေကြမှန်းမသိ ?(မပြောတတ်တော့ ဆဲ သလို မထိုင်တတ်တော ဖြဲသလို )ဆိုတာက ဒါပေါ့နော် ၊ တချို.လူကြီးတွေကလဲ ( နုတ်ချို ရှိုတပါး ) လို.ပြောသလို ၊ တချို.ကလဲ ( တိုးတိုြးေ့ပာလဲ ဒီစကားဘဲ ကျယ်ကျယ်ပြောလဲ ဒီစကား ဘဲ ) တဲ့ ။.


ဒါကဘာကို ပြသလဲ ဆိုတော့ လူအမျိုးမျိုးဟာ စိတ်အမျိုးမျိုးရှိကြတာမှာ ရျှဒေါင့် အမျိုးမျိုးကနေ အမြင်အမျိုးမျိုးနဲ.ပြောနေကြ ဆိုနေကြတာဘဲ ဆိုတာကို ပြနေတာဘဲ ၊ ဒါကိုလက်ခံတာ မခံတာကတော့ တပိုင်းပေါ့ ၊ သေသေချာချာ နားထောင်ပြီး လက်ခံသင့်ရင် ခံ လက်မခံသင့်ရင် လက်မခံနဲ. ၊ ကိုယ်နဲ့မတိုက်ဆိုင်တာကို ဒေါပွပြီး အိမ်အောက်ကခွေးကို ထ မကန်နဲ့ အကန်မတော် ရင် ကိုယ့်ခြေထောက် ကျိုးသွားတာဘဲ အဖတ်တင် နေလိမ့်မယ် ၊ ခွေး က ကြောက်အားလန်.အားနဲ.ထပြီး မကိုက် လိုက်တာကို ဘဲ ခွေးရော လူပါ ကံကောင်းတယ်လို. မှတ် ။


တိုင်းချစ် ပြည်ချစ်သားတွေ ဟာ ဒီလူထဲက လူတွေဘဲ ၊ တိုင်းပြု ပြည်ပြု အရေးမှာ စိတ်ဝင်စားသူတွေက ကောင်းမယ်ထင်တာ စိတ်ကူးရရာကို ပြောကြမှာဘဲ ထောက်ပြကြမှာဘဲ ၊ သူတို.က စေတနာ့ ၀န်ထမ်းတွေ ကြေးစား လုပ်စားနေတဲ့ ကြေးစား တနပ်စားနိုင်ငံရေး သမားတွေ မဟုတ်ကြပါဘူး ။ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွား ကျောင်းတယ် ဆိုတာ သူတို.ပေါ့ ၊ နိုင်ငံ့အရေးကို တကယ် စိတ် ၀င်စားသူတွေဘဲ ။ သူတို. ထောက်ပြတာတွေဟာ အောက်ခြေမှာ ဖြစ်နေတဲ့ အဖြစ်မှန်တွေနဲ ပိုပြီး နီးစပ်တယ်အောက်ခြေလွတ်နေတဲ့နိုင်ငံရေးလုပ်စားနေသူတွေ
အတွက်ရော နိုင်ငံနဲ့ နိုင်ငံသားတိုအတွက်ရော အကောင်း အမြင်နဲ့
ကြည့်ရင် သူတို့ဟာ စေတနာ့ဝန်ထမ်း ကူညီနေကြတာ ၊ အစိုးရကို ဒီနည်းနဲ.ကူညီတာ ဟာ သူတို.ကိုယ် သူတို. ကူညီတာဘဲ ။


(လူအမျိုးမျိုးဟာ စိတ်အမျိုးမျိုးရှိကြတာ မှာ ရျှဒေါင့် အမျိုးမျိုးကနေ အမြင်အမျိုးမျိုး) စိတ်သဘောချင်း မတိုက်ဆိုင်မှူတွေရှိကြ မှာ မလွဲဘူး ၊ ဒါနဲ.ဘဲ ထ ရိုက် ထသတ် စရာမလိုပါဘူး ၊ အမေ ကယ်ပါ အဖေကယ်ပါ ဆိုလိုက်ရင် ထရိုက်ထသတ်ဘို. နည်း အမျိုးမျိုးနဲ. ကူညီသူတွေ ပေါ်လာ
ကောင်းပေါ်လာမယ် ၊ အကျိုးဆက် ကို ကြည့်ရင် ၂ ဦး ၂ ဖက် အကျိုးမဲ့ ဖြစ်ရမှာတွေ ကိုယ့် လွတ်လပ်မှူ ကိုယ့်အခွင့်အရေးတောင် ဆုံးရှူံးရမှာ တွေရမှာကတော့ သေချာ ပေါက် ပဲ ၊


လူတိုင်းဟာ ကိုယ်ပြောသမျှ ကိုယ်လုပ်သမျှ အဟုတ်ချည်းအကောင်း
ချည်းဘဲလို. ထင်ကြတယ် ၊ ကိုယ့်ကိုကိုယ် အထင် ကြီးလွန်းနေတာလား ၊ ငါတည်းဟူသော မန်မာန ထောင်လွှားနေတာလား ၊ ရိုးရိုးစကား နဲ.ပြောရရင် ရူးနေကြသလား ၊ ဦးနှောက် ချောင်နေကြသလား ဘဲ ။ ဘုရားဟောတဲ့ ဥမ္မတကေါ ဆိုတာထက်တော့ ပိုမို လွန်ကဲ နေ လိမ့်မယ်
ထင်တယ် ။


ဒီအမျိုးမျိုးသောစိတ်တွေကို အရင် ပဌမ သန်.စင်ရ အုံးမယ်ြ့ပုပြင်ရအုံး မယ် ၊ညှိယူ ရအုံးမယ် ၊ ကြားရဖန်များရင် နားယဉ်လာမယ် ၊ ကြာရင် လူလဲ ယဉ်လာမယ် ၊ လူတိုင်း ဟာ တခုခုကိုမျှော်လင့်ချက်ထားပြီး လုပ်ြကတာ ၊ ကောင်းနိုးရာရာ ၊ ဟိုလိုမရရင် ဒီလိုလုပ် ၊ ဒီလိုမရရင် ဟိုလိုလုပ်ဘဲ လူတိုင်းဟာ ခေါင်းဆောင်ဖြစ်နိုင်တယ်ဆိုပေမဲ့ လူတိုင်းဟာ ခေါင်းဆောင် မဖြစ်သည့်တိုင် ၊ လူတိုင်းဟာ ခေါင်းဆောင်ထက်တော မညံ့ဘူး ဆိုတာ သိရမယ် ။ လူတိုင်းဟာ ခေါင်းမရှောင်သင့် ဘူး၊ နိုင်ငံ့အရေးဟာ ဒို.အရေးဘဲ ။ နောက်ကလိုက်လို.နောက်လိုက် ဆိုရပေမဲ့ လဲ တပြည်.တဘန်း တယောက်တော့ မဟုတ်ဘူး ။ ယောင်ဝါးဝါး ဝေလေလေ လဲမဟုတ်ဘူး ၊ နောက်ကျောကို ဒါးနဲ. ထိုးမယ် မဟုတ်ပေမဲ့ ခေါင်းဆောင်ရဲ.လုပ်ရပ်တွေကို စောင်ကြည့် ထိမ်းသိမ်းပေးနေကြ သူများဆိုရင် ပိုပြီး မှန်ကန်လိမ့်မယ် ။ တယောက်ဆင်းတယောက်တက် တဗိုလ်ကျ တဗိုလ်တက်ဘို. စောင့်ဆိုင်း ယာထား ထားသူ ဆို တာ ရှိသင့်တာဘဲ ။


ကိုယ့်လူရှိရင် သူ.လူလဲရှိမယ် ၊ ဦးသိန်းစိန်ရော မစ္စစ် အဲရစ်(စ) (လုံမလေး )ရော သူတို.လူဆိုတာ မရှိပါဘူးလို.ကျိန်တွယ် မပြောရဲပါဘူး ၊ ပြောရင်လဲ မယုံဘူး ၊ စိတ်တူ သဘောတူတွေ ယုံကြညိစိတ်ချရတဲ့သူ သေဘော် သေဘက် ဆိုတာတွေ မရှိရတော့ဘူးလား ၊


ဘုရားတောင်အမှီမရှိဘဲ မပွင့်ဘူးတဲ့၊ ပဉ္စ၀ဂီ ၅ ပါး ၊ အပရာဇိတ ပလ္လင် နဲ. မဟာဘောဓိပင် အဲဒီနောက် ရဟန်းတွေ ထဲမှာ ရှင်သာရိပုတ္တရာ ၊ ရှင်မဟာမော၈်ဂလန် ဆိုတာ ဂေါတမရဲ. ဖေးဖရိတ်တွေ ဆိုရင် မှားမလား ။ ရှင်သာရိပုတ္တရာ သာမရှိရင် ဘုရားတရားတွေတောင် ဒို.နာကြရယ် မဟုတ်ဘူး လို.ဆိုနိုင်မယ် ။


စဉ်းစား စိတ်ကူးရင် စိတ်ကူးယဉ်စရာတွေလဲ ပေါ်လာတယ် ။ ဒီနေ.အဖြစ်တွေဟာ မတော်တဆ ဖြစ်ရတာပါ ဆိုတာထက်စိတ်ကူးယဉ်မှူတွေ အကောင်အထည်ဖေါ်ရာက ဖြစ်လာရတာပါ လို.ဆိုရင် မှားမလား ၊ အရေး ၃ ပါး အပါအ၀င် အားလုံးဘဲ၊ အစိုးရကို ထောက်ခံသူအတိုက်အခံ
ကို ထောက်ခံသူဆိုတာ ရှိစမြဲ ၊ လူတွေဟာ စိတ်အပြောင်းအလဲ ရှိတတ်တယ် ။(မှားမှား မှန်မှန် ဒို.နိုင်ငံ ခိုးခိုး ဆိုးဆိုး ဒို.လူမျိုး)လို. ပြောကြတာ ၊ အစိုးရတွေ အတိုက်အခံတွေရယ်လို. မပြောဘူး ၊ မဆိုဘူး ။


စိတ် အပြောင်းအလဲ ဖြစ်တာကြောင့် (ဆိတ်လစေ.) လို.ခေါ်ရင် မှန်မယ်
မဟုတ် ၊ စိတ်အပြောင်းအလဲဟာ ပြုပြင် ပြောင်းလဲမှူရ.ဲ မူလ အစ ပဌမ လို.ပြောနိုင်တယ် ။ အစိုးရရယ် အတိုက်အခံရယ် မဟုတ် ၊ လက်ညှိုး
ကောင်း လက်ညှိုး ၊ လက်မ မကောင်း လက်မ ဆိုတာ မြန်မာစကား မဟုတ်ဘူးလား ၊ ရိုးတွင်း ချဉ်ဆီနာ ဆွဲနေပြီ ခွဲစိပ်မှုနဲ.မရ ၊ လူနာ ခံနိုင်ပါ့ မလား ။ ဖြတ်တောက် ခုတ်ထစ် ပစ်တာ ပိုပြီး ကောင်းလိမ့်မယ် ။


စကား အတင်မခံ စကားလုံးအကျအနတွေကောက် ဆီလိုအပေါက်ရှာ ၊ လက်တွေ.လုပ်ရမှာတွေကို မလုပ် လေ အလကား ရတိုင်း လေကန် နေတာ ၊ လေ ခွန်သာကောက် မယ်ဆိုရင် ဘဏ္ဍာတော် အတော်ဝင်မယ် ။ ဒို.ရာဇ၀င်မှာ အမတ်ကြီး ဦးပေါ်ဦး က လေခွန်ဝန် ကြီး ရာထူး တောင်း
ခဲ့ဘူး သတဲ့ ၊ စကား အကျအနကောက်ပြီး စိတ်ကောက်နေရင် အပြန်
အလှန် စကားနာ ထိုးနေရင်လဲ ပြီးတော့မှာ မဟုတ်တော့ဘူး ၊ အချိန်
ကုန်ရုံ ရှိတယ် ။


ပြောရမှာ ခက်နေတာက ကောင်းတာဖြစ်စေ ဆိုးတာဖြစ်စေ ၊ လူတဦးရဲ. ဦးဆောင်မှုကိုကျန်သူတွေက ချွင်းချက်မရှိ လက်ခံရင် သူပြောတာ သူညွှန်တာတွေကို ချွင်းချက်မရှိ စိတ်တူသဘောတူတွေ စုပေါင်းပြီး ညီညီညာညာဝိုင်းလုပ်ကြမှ အောင်မြင်မယ် လို့မြင်တယ် ။ ညီညွတ်မှူကို ခေါင်းဆောင်တိုင်း ပြောဟောတယ် ။ သူ.ဖက်ကညီညွတ်ဘို.ကိုသူပြော
နေတာ သူများညီညွတ် မှာကိုတော့ မလိုလားဘူး ၊ ကြောက်တယ် ဆိုရင် ပိုမှန်မယ် ။


ကြည့်သောသူမြင်၏ /ရှာသောသူ တွေ.၏ ၊ဝေးဝေးမကြည့်ကြ နဲ့ ဝေးဝေးမရှာကြနဲ. ဒို.မြန်ပြည်မှာဘဲ ကြည့်ကြတော့ ။ ခေါင်းဆောင်မှန်ရင် သေရဲရမယ် ၊ ကိုယ်ဝန်ဆောင်သယ်လို တနေ့ကို ၃ ကြိမ် သင်္ဂျိုင်းကို
မျက်စောင်း ထိုးနေရတတ်တယ် တဲ့ ၊ သူများနိုင်ငံမှာဆိုရင် ကိုယ်ရံတော် ဆိုတာတွေ အထပ်ထပ် နဲ.။


အသိတရား အကြောက်တရား တွေဟာ ဘယ်သူဘယ်လိုဘဲ ဋီကာချဲ.ချဲ. နိဗာန် နဲ့ ငရဲ ဆိုတဲ့ စကား ၂ လုံးနဲ့ဘဲ လုံလောက် ပြည့်စုံတယ် ။ အသိတရား မရှိရင် အကြောက်တရား နဲ. ရံပေးရမယ် ။ မြန်မာစကားမှာ ( သိကြားသာသနာ ရောက်ချိန် နီးလုပြီ ဆိုလိုက်တော့ ၊ ဘယ်လောက် လိုသေးသလဲ လို.မေးနေတယ် ၊ ဒါဟာ နားမလည်ဘူးဆိုတာ ထင်ရှားနေ
တာဘဲ ။


( မြန်မာ နိုင်ငံ ဟာ အဖက်ဖက်မှ ယိုယွင်းနေပါတယ် ) ဆိုတော့ ခေါင်က မိုဃ်းမလုံ လို.တဲ့ ဘယ်ခေါင်ကို ပြောတာလဲ ။ ကြမ်းတွေ ထရံတွေ ကရော ၊ ကိုယ်ဖက်ကတော့ လုံပါတယ်လို.ဆိုခြင် သပေါ့လေ ၊ ကိုယ်က လွဲရင် ကျန်လူအားလုံး ဆိုးတယ် ဟုတ်လား ။ အ--------င်း အကောင်း တယောက် ရှိသေးတယ် ဆိုတော့ မျှော်လင့်ချက်ရှိသေးတယ် ၊ ရတနာ ၃ ပါးကိုကျေးဇူး တင်ရမယ် ။


ပျော်ပျော်ပါးပါးပေါ့ ။