Article submitted by: minkyaw thuyein on 18-Nov-2012  
နဲနဲ လေး ကျန်နေလို.ပါ စိတ် မရှိပါနဲ.နော် ơ
မောင်ရင် ရေ. (ဒို.လူကလေးများ ဆိုသမျှ အပါအ၀င်)

(၁) လူရိုးဆိုတာ သုသန်မှာဘဲရှိတယ်တဲ့ ၊ အဲဒီမှာဘဲတွေ.နိုင်တယ်လို.ကြားဘူးတယ် ၊ ရိုးသားရင် ဒိုးပြား ရမယ် ဆိုတာလဲ ကြားဘူးတယ် ၊ ဒိုးပြား ဆိုတာမသိရင် ဦးဂျော်လီဆွေ ပြောဘူးတဲ့ (ဒေါ်လှ အပြား ကြီး) ပေါ့ ။ တချို.ကလဲ ဒေါ်လာပြား လို.ပြောကြတယ် ။ ဒေါ်လာ အားလုံး ထဲမှာ အမေရိကန်ဒေါ်လာဟာ ထိပ်ဆုံးက ၊ ခြုံပြီး ပြောရရင် မောင်ရင် ဘာဘဲပြောပြော မြန်ပြည် မှာ အလုပ်ကြိုးစားသူတွေ ကြိုးစားကြလို.ဘဲ (ဒေါ်လာ ပြား)တွေ ရနေကြပြီလေ ၊ ဘယ်သူ ဘယ်ဝါ ဘယ်လောက် ရတယ်ဆိုတာကတော့ မသိဘူး ၊ ယူတဲ့လူ လဲ ယူလိမ့်မယ် ၊ အဂတိ လိုက်
စားတယ် ဆိုတာ အမျိုးမျိုးရှိတာမို. (ဒေါ်လှ အပြား) ယူတာ မယူတာ ပေါ်မှာ မူ မတည်ပါဘူး ။


ဝတ်စုံတူ ၀တ်သူတွေရဲ. ဘယ်ဘက်ရင်ပါတ်ပေါ်မှာ ကြည့်လိုက်ရင် အလုပ်ကြိုးစား စွမ်းစွမ်းတမန် တာဝန် ၀တ္တရား ဆောင်ရွက်မှုတွေကို အသိအမှတ်ပြု မှတ်တမ်းတင် ဂုဏ်ပြုထားတွေ တွေ.ရမယ် ၊ ပြည်သူတွေ
ကြားမှာလဲ နိုင်ငံတော်က ဂုဏ်ပြုထားတဲ့ ဂုဏ်ရည် ဆိုတာတွေ သာသနာ
ပြု ရဟန်းပုဂိုလ် လူပုဂိုလ်တွေဆိုရင်လဲ ဘွဲ.အမျိုးမျိုးတွေနဲ ဂုဏ်ပြုထား
တာဘဲ ၊ လိုသေးတာ ရှိရင် ဘာလိုသေးတယ် ဆိုတာမောင်ရင်ထောက်
ပြသင့်တယ် ၊၊


ဂုဏ်ကြီးရှင်တိုင်းဟာ ထိုက်ထိုက် တန်တန် ဂုဏ်ပြုခံရတာ ဖြစ်ခြင်မှ ဖြစ်
လိမ့်မယ် ဆိုတာ မောင်ရင် အသိဆုံးဘဲ ၊ ဒီကမ္ဘာကြီးကို ဂေါ့(ဒ) ကဖန်တီး
တာလို. ဂေါ့(ဒ) ယုံသူတွေ က ပြောကြတယ် ။


ဒို.နိုင်ငံမှာ တရားဥပဒေ မရှိသလို လူကြားကောင်းအောင်(ဟို တယောက်) ကအသံကောင်း
ဟစ်တာ ကြားရတာ ရင်မကြိုးရင်တောင် ရင်အောင့်တာ အမှန်ဘဲ ၊ မှတ်မိမှာပေါ. အာဏာဟူသမျှ ဖီဆန်ကြတဲ့ မတရားတဲ့ အမိန့်တွေကို နာခံဘို.မလိုဘူးတဲ့ မကြာသေးခင် တချိန် က သူ တယောက်ပဲလူတွေကို
မြှောက်ပေးခဲ့သေးတယ် မဟုတ်လား၊ စကားငွေ.လဲ မသေသေးဘူး ၊ စကားဆိုတာ ဘယ်တော့မှလဲ မဆွေးပါဘူး ၊၊


တရားဥပဒေဟာ တာဝန်ရှိသူတွေ အတွက် လုပ်ပိုင်ခွင့် အာဏာတွေဘဲ ၊ လုပ်ပိုင်ခွင့် အတွင်းက လုပ်သွားရင်းချွတ်ချော်တာတွေရှိနိုင်တယ် ၊ ဥပဒေ စိုးမိုးရေး အကောင်အထည် ဖေါ်ဘို.လို တယ် ဆိုတာဟာ လုပ်မှား
ကိုင်မှား ချွတ်ချော်မှူတွေမရှိအောင် နဲနိင်သမျှ နဲအောင် ချမှတ်ထားတဲ့
ကျင့်ထုံး တွေ နဲ. အညီ ဆောင်ရွက်ဘို.ဘဲဖြစ်တယ် ၊


မောင်ရင်ပြောတဲ့ ကိစ္စက အဂတိ လိုက်စားတာတွေနဲ.ပါတ်သက်လိမ့်မယ်
ချက်ချင်းဆောင်ရွက်ရမဲ့ကိစ္စ တကယ် လုပ်ခြင်ရင် အခု ထလုပ်လိုရတယ် ။ နဲအောင်လုပ်လို.ရမယ် ပပျောက်အောင်လုပ်ဘို. ခက်တယ် ၊ လုပ်ရဲဘို.ဘဲ လိုတယ် ၊ မောင်ရင် ပြောသလို (ညောင်မြစ်တူးကြရင် ပုတ်သင်ဥ ပေါ်မှာကြောက်ကြ) တဲ့အပြင် လူတွေကလဲ ကိုယ်မှန်ရင် ရုံးတော်တက် မျက်နှာချင်းဆိုင် မျက်နှာကြည့်ပြီး သက်သေခံချက်တွေရဲရဲ တင်းတင်း
ပေးရမှာ ၀န်လေး ကြောက်ရွံ.နေကြ လိုလဲဖြစ်တယ် ၊


သတင်းစာထဲကဖြစ်စေ အမည်မဖေါ်တဲ့ ပစ်စာ တွေဟာ အလကားဘဲ ၊ နစ်နာရသူတွေ သက်သေတွေရဲ.လုံခြုံရေးကို အစိုးရရှေ.နေရုံးက အာမခံ
ချက်ပေးနိုင်ရင် ဒီအပိုင်း ကို တိုက်ဖျက်လို.မဖြစ်နိုင်စရာအကြောင်းဘာမ
မရှိဘူး ။


လိုအပ်တာက လက်ရှိ စ သုံးလုံး (စစစ ခေါ်ဘီ အက်(စ) အိုင် ) အဖွဲ.ကို ဖျက်သိမ်းပြီး အဂတိလိုက်စားမှူ နှိမ်နင်းတိုက်ဖျက်ရေး သီးသန်.အဖွဲ.သစ်တခု ဖွဲ.ရမယ် ၊ နိုင်ငံတော် သမတရဲ. တိုက်ရိုက်အုပ်ချုပ်မှူ အောက် မှာ ထားရမယ် ။

ပုတ်သင် သတ္တ၀ါ ကောင်ဟာ ပါတ်ဝန်းကျင်အခြေအနေကိုလိုက်ပြီး အရောင်ပြောင်းတတ်တဲ့သဘာဝ ရှိတယ်တဲ့ ၊ (တောက်တဲ့) တော့ မသိဘူး ၊ ငယ်ငယ်က မူကြိုတန်းမှာ ခလေးတွေကို စာချတဲ့ဆရာမ က (မဆိုစကောင်း ဆိုစကောင်း တောက်တဲ့ ခေါင်းပေါင်း ပေါင်း) ဆိုပြီး စာချပေးသံ အမှတ်မထင် ကြားလိုက်ရဘူးတယ် ။ အထက်တန်း သင်စာ
တခုမှတော့ ၀ိဒေဟရစ်မင်းကြီး ဆိုတာက တိုင်ပေါ်မှာခေါင်းတညှိမ့်ညှိမ့် လုပ်နေတဲ့ ပုတ်သင်တကောင်ရဲ.သဘာဝကို သိခြင်လို့ မေးတော့ အနား
ကပညာရှိ အမတ်ကြီး ဆိုတာက (ဘုန်းသဘာရှင်ဖြစ်တဲ့ အရှင်မင်းမြတ်ရဲ.
ခြေတော်ကို ပုတ်သင်က ဦးတိုက်နေတာပါ ဘုရား) လို့ တင်ဆို လိုက်
တယ် ဆိုရင်ဘဲ ဘုရင်လဲ သဘောတွေ. မနောခွေ. သွားပြီး ပုတ်သင်ကို ရွှေတပဲ သား ဆုတော်သနား လိုက်သတဲ့ ၊ အမတ်ကြီး ပွဲစားခ ရ မရတော့
ပြောမထားဘူး ၊သက်တော်ရှည် ဖြစ်လိမ့်မယ်လိုတော့ခန့်မှန်းရတယ်။


ဒီပုံကို မောင်ရင်လဲ ကြားဘူးပြီးသားပါ ၊ ယူခြင်တဲ့အဓိပါယ်သာ ယူတော့ ။ ဒို.ကတော့ ဘုရင် ၀ိဒေဟရစ်ရော အမတ်ကြီးရော တဦးနဲ.တဦး သင့်တော် ကြပါပေတယ် ပါရမီ ဖြည့်ဖက် လိုက်လဲလိုက်ကြ ပါတယ်လို.ဘဲ ပြောလိုက်ခြင်တယ် ။


(၂) မောင်ရင် ပြောတာ ဟုတ်ပါတယ် ၊ ရှင်းပါတယ် ၊ ရဟန်းတွေဟာ သားတော်တော် မတော်တော် သူတို.ကိုယ် သူတို သားအတော် ခံ ထိုက်ရဲ.လား ၊ စစ်မှန်ရဲ.လား စမ်းစစ်ဘို. လိုလိမ့်မယ် ၊ ဒါမှ မဟုတ် သူတပါးစစ်ဆေးတာ ခံဝန်. ရမယ် ၊ စေတီတွေ မှာ ထိမ်းသိမ်း သန်.့ရှင်းရေးနဲ ဝေယာဝစ္စ အဖွဲ.ရှိ သလို ၊ သာသနာ သန်.ရှင်းရေး စည်းကမ်း ထိမ်းသိမ်းရေး အဖွဲ.တော့ ရှိသင့်တယ် ၊ တချိန်က ဒို.မြန်ပြည်မှာ ပြည်ထဲရေးနဲ.သာသနာရေး ၀န်ကြီးဌာနကသက်ဆိုင် ရာ သာသနာပိုင် ပုဂိုလ်တွေ သာသနာဝန်ထမ်းတွေနဲ့ တိုင်ပင်ပြီး သာသနာ သန်.စင်ရေးကို လုပ်ကြတယ် ။


ဂေါတမ ဟာ ခရစ်မပေါ်မီ ဘီစီ ၆၂၃ မှာ ဖွားသန်.စင်ပြီး ဘီစီ ၅၄၃ မှာ ပရိနိဗာန်ပြုတယ်လို. မှတ်တမ်းတွေအရ သိရတယ် ၊ ဂေါတမ အဟော
အရဘဲ သူ.အရင်က ဘုရားတွေဟာ ဂင်္ဂါဝါဠု သဲစုအမျှ ရှိခဲ့ တယ်လို.လဲ သိရတယ် ၊ ဂေါတမ မဖွားခင် နှစ်ပေါင်း များစွာ ထဲက ဂေါ(ဒ) နဲ.တခြား ဘုရားတွေကို စည်းကပ် ကိုးကွယ်နေသူတွေ ရှိနေ ခဲ့ တယ် ဆိုတာလဲ တခြားစာပေတွေမှာ ဖတ်ရ မှတ်ရ ဘူးတယ် ။ ဂေါ(ဒ) နဲ.ဂေါတမ ဟာ အသံထွက်ချင်း တူသယောင်ပေမဲ့ တဦးထဲ တယောက်ထဲဘဲ ဖြစ်တယ်ဆို
ပြီးပြောသံတွေတော့ မကြားဘူး ဘူး ။ ဂေါတမဟောကြား ချက်အတိုင်း
ဆိုရင် အဖန် ၅၄၇ သော သူ.ဘ၀တွေမှာ သူ ဟာ ဘုရားဖြစ်ဖူးတယ် လို.လဲ သူမဟောဘူးပါဘူး ။


(၃) အိုဘားမား သူ.အလုပ် သူလုပ်ဆိုတော့ သူ.အလုပ်က ဘာအလုပ်လဲ ၊ အာချောင်တဲ့ အလုပ် ၊ သူ.အလုပ် သူလုပ်ရင်း ကိုယ့်ကိုပါ တက်လုပ်သွား
မှာ သတိထားရမယ် ဆိုတာကိုပြောနေတာ ၊ အိုဘာမား လုပ်တာခံခြင်တဲ့ သူရှိသလို မခံခြင်တဲ့ သူလဲရှိတယ် ၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးဌာ ခံရပါ
တယ်လို. ခုတုန်း လုပ်ကြမလား ၊ ပြောကြမလို.လား ၊


တိုင်းပြည်နဲလူမျိုးအတွက် အနစ်နာခံ နေသူပါ လို.ပြောသူကပြောနေပြန်
တော့ စကားတတ်လိုက်ကြတာနော် ၊ ပြောဘဲ ပြောတတ်ပလေ ၊ကြားရ
တာ နားခါးလိုက်တာ မောင်ရင် ရယ် ၊ ၊ ၅၅ သန်းသော လူတွေဟာ ခွေး သာသာဘဲ ရှိတော့ တယ် ။ ခွေးတွေဖြစ် ကုန်တာ သိကြရဲ့.လား ။ အဲဒီ မြန်မာတွေ ကိုယ်ဟာကိုယ်ရော ဘာဖြစ်နေပြီဆိုတာရော သိကြရဲ. လား ၊


သူ.လူ ကိုယ့်ဘက်သားလား ၊ ကိုယ့်လူ သူ.ဘက်သားလား ရှင်းရှင်းလုပ်
စမ်းပါ ၊ တချို. လူတွေက အရှိကိုအရှိအတိုင်း အမြင်ကိုအမြင်အတိုင်း သိအောင် အကြောင်းအကျိုးနဲ.ထပ်တလဲလဲပြောပြတာကို အင်လဲမလုပ် အယ်လဲမလုပ် ၊ (ဆိုင်းလင့် မဂျော်ရတီ ) ဆိုပြီး ယိမ်းနွဲ.ပါး လုပ်နေကြ
တယ် ။ လူမုန်းတော့မခံ အခွင့်အရေးရမယ် ဆိုရင်တော့ မငြင်းဘူး ရရင်ယူမှာဘဲ ၊ ကိုယ်နဲ.တန်တယ် မတန်တယ်မသိဘူး၊ (မတန်လို့ ပြန်ပို.ရတယ် ရှိဘူးပေါင်) တဲ့၊


မောင်ရင် ပြောတာ တခုက ( သူ.လူ ကိုယ့်ဘက်သား)တဲ့ ပြောရရင် ကိုယ့်လူက သူ.ဘက်သားဖြစ်နေတာကို ဘဲမြင် နေရတယ် ။ အမြင်ချင်းမတူလို. ရှင်းပြရင် သိရတာပေါ ။့


မထွေးလေး စပါးကြီးမြွေ နဲ.ညားတော့လဲ မြွေနိုင်မင်း မောင်ပေါက်ကြိုင်း တယောက် ပေါ်လာလိမ့် မယ်၊ ဘယ်သူ သိနိုင်မလဲ ( နဂါးနိုင် မင်း မဟုတ်တောင် နဂါးပြန်မင်း) ဖြစ်ခြင်ဖြစ်နေမယ် ။


သွားဖန်များခရီးရောက် ၊ မေးဖန်များ စကားရ ၊ မအိပ် မနေ အသက်ရှည်
ဆိုတဲ့ အတိုင်းဘဲ ၊ အိပ်ရေးကတော့ တကယ်ပျက် မဲ့ကိန်း ။ ဒါတွေကို မမှုနိုင် ဘူး လူမျိုးနဲ. တိုင်းပြည် အတွက်က အရေးကြီးတယ် မဟုတ်လား ။ အသက်ရှင်နေသရွေ. တခုခုတော့ လုပ် နိုင် လိမ်အုံးမယ် ။

အမေရိကန်တွေ ယောင်းမ တချောင်းကိုင် တကမ္ဘာလုံး လှည့်ပြီး မွှေ နေတာ မသိသူကတော့ရှားပါတယ်၊ မသိဘူး ဆိုရင်မသိခြင်လို.ဖြစ်လိမ့်
မယ် မသိခြင်ယောင်ဆောင်နေတာလဲ ဖြစ်နိုင်တယ် ။


၁၉၄၂ ခုမှာ မြန်ပြည်ရောက် ဂျပန် တွေကို ချန်ကေရှိတ်၊ အင်္ဂလိပ်တခြားမဟာမိတ်တွေနဲ.ပါပေါင်းတိုက်ခဲ့ရလို.မြန်မာ့အရေးမှာ သူတို့လဲ ပြောဆိုပိုင်ခွင့် ရှိတယ် လို့ ယူဆကောင်းယူဆလိမ့်မယ်။ အနဲဆုံးတော့ မြန်ပြည်မှာသူတို. ပစ္စည်းတွေ( ခိုးရာပါ) တွေကျန်ခဲ့ပါတယ်
ရှာပေးပါ ၊ ရှာပါရစေ ဆိုပြီး မြန်မာတွေကို ဗီယက်နမ် လို မြေလှန်ပြီး အမြီးရော ခေါင်းပါ နှုတ်ကြလိမ့်အုံး မယ် ၊ သတိထား ဘိြုေ့ပာနေတာ၊ မြန်မာတပြည်လူံးကိုသူတို. ပိုင်တာပါလို.မပြောရင် ကံ ကောင်းတယ် လို.ဘဲ မှတ် ။


(၄)(ရခိုင်ဖြစ်ရပ်ရခိုင်ညံ့လို့ ဆိုတာ အတော်ဘဲဝါးလုံးချီးသုတ်ရမ်းတာဘဲ)။ ((ဗမာ) မ မွတ်နဲ့ယူပြီးတဆွေတမျိုးလုံးမွတ်ဖြစ် ကုန်တာတွေ ရှိတယ် ဆိုတာ အတိုင်းအတာနဲ.လက်ခံပါတယ်၊ မြန်မာနဲ.အင်္ဂလိပ် ပဌမစစ် မဖြစ်ခင်ကတည်းက နယ်စပ်တလျှောက် တောင်ပေါ် တောင်အောက်က ဘင်္ဂါလီတွေ ခြေရှုတ်နေခဲ့ကြတာ အင်္ဂလိပ် လက်အောက် ဒို. ဘာမှ မလုပ်နိင်ဘဲ ဘူးလေးရာ ဖရုံဆင့် ဆိုသလို ၁၉၇၁ ခုနှစ်က ဘင်္ဂါလီနိုင်ငံ လွတ်မြောက်ရေးစစ်မှာ စစ်ပြေး ဒုက္ခသယ်တွေ ဟာ ကမ္ဘာ့ အဖွဲအစည်း ကြီးတွေရဲ. အကူအညီနဲ့ မြန်မာနိုင်ငံမှာ သောင်တင်နေကြတဲ့ ဘင်္ဂါလီ
တွေဘဲ သူတို.နိုင်ငံ သူတိုရှိပြီးသား ပြန်ကြပါလား ။

သူတိုဟာ မြန်မာ့ဌာနေ တိုင်းရင်းသား တွေမဟုတ် မြန်မာကိုလွှမ်းမိုးဘို. အင်္ဂလိပ် လူကုန်ကူးလုပ်ငန်းက သွင်းယူလာတဲ့ ကုန်ပစ္စည်းတွေဘဲ ၊ ပြောရအုံး မယ်ဆိုရင် တော့၊ ၁၉၃၅ ခုနှစ် မြန်မာ နိုင်ငံ အက်ဥပဒေ ဆိုတာသာ မရှိခဲ့ ၊ဒို.ခေါင်းဆောင်တွေ ဒို.ကို မကယ်ခဲ့ရင် ဒို.မြန်မာတွေဟာ ဘင်္ဂါလီ ကုလားတွေ မွတ်(စ)တွေ အဲဒီထဲကဖြစ်ကုန်တော့မှာမွတ်(စ) ဖြစ်
မဖြစ်တော့ မသိဘူး ၊ တိုင်းရင်းသား တချို.ကတော့ ခရစ်ယန်ဖြစ်
သွားတာအမှန်ဘဲ ။


တိုက်ဆိုင်လိုပြောရရင် (ရှေ့မြင်ကြီး ဦးနု) က မြန်မာ နိင်ငံ ကို ဗုဒ္ဒဘာသာနိင်ငံ အဖြစ် ကျေငြာခဲ့တာကို နောက် ခရစ်ယန်တစုက ရမယ်ရှာခဲ့တယ် မဟုတ်လား ၊ ဦးနု ဟာ လုပ်သင့်လို.လုပ်တဲ့ လုပ်ကောင်းတဲ့ လုပ်ရပ်တခုကို လုပ်ခဲ့တာဘဲ ဆိုတာ အခုမှ ပိုပြီး ပုံပေါ်တယ် ။ ဒါကို ကျန်သူတွေက ဆက်ပြီး ထိမ်းသိမ်း ကြဘို.တာဝန်ရှိတယ် ဆိုတာကလဲ မျက်မြင်ကိုယ်တွေ.တွေ ။


တကယ်လုပ် တကယ်ဖြစ်ပါတယ် ဆိုတဲ့စကားကို အလေးပေးရရင် ၊ မြန်မာနိုင်ငံ ဟာ အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံဖြစ်တယ် ဆိုတာနဲ.အဓိပါယ်ကို ကမ္ဘာက လေးစားလိုက်နာ ရလိမ့်မယ် ။


(၅) ဒီနေရာမှာ သာသနာ ဆိုတဲ့ စကား ပါလာတယ် ၊ သာသနာရောင် ထွန်းလင်းပြောင်ရအောင် ရဟန်းတွေဟာ သူ.၀ိနည်း သူ.စည်းကမ်းတွေ
နဲ.ရှိရမယ် ဒါပေမဲ. ချောင်ပိတ်ပြီး ကျောင်းထဲမှာ တရားမှတ် ဘာဝနာပွား နေရုံနဲ့မပြီး သေးဘူး ၊ သာသနာတော် ပြန်ပွားဘို. သာသနာ မရှိသေးတဲ. အရပ်ဒေသတွေဆီ ဒေသစာရီ ကြွချီ သာသနာပြူ ကြရမယ် ၊ မြန်မာပြည်
တွင်းမှာ သာသနာပြုရမဲ့ နေရာတွေ အမျုားကြီးဘဲ ရှိသေးတယ် ဆိုတာ မမေ့အပ်ဘူး ၊ သာသနြာ့ပုစရာ အမေရိကန် အင်္ဂလန် နဲ့ ဥရောပမှာ မှ မဟုတ်ပါဘူး ။


ဆွမ်းကွမ်းများ ပစ္စည်း ၄ ပါးပြည်စုံတဲ့ နေရာမှာဘဲ သတင်းသုံး ၊ တကာ တကာမ ချွေးနဲစာနဲ. နိဗာန်ရည် လှူထားတဲ့ ကျောင်းကို လေလံတင် ၊ သာသနာပြုခရီး အတွက်ပါ ဆိုလို.
ဝယ်ခွင့်ြ့ပုတဲ့ မော်တော်ကား ၊ လိုင်စင် ရောင်းစားနေလို.တော့ မဟုတ်သေးဘူး ထင်တယ် ။


ကိုယ် ၀ိနည်းသိက္ခာ တွေနဲ့ ညီရင် ၊ ဘယ်နေရာမှာဘဲ ဖြစ်ဖြစ် ဘယ်နေရာကိုဘဲရောက်ရောက်ပစ္စည်း၎ ပါး ဒါယကာ မရှားပါဘူး ၊ ပေါ်လာတာဘဲ ဘုန်းကြီး လုပ်ရင် ထမင်း( ဆွမ်း) ပြည့်စုံရုံတင်မက နေချင်းညချင်း မီလီယန်နာ ဖြစ်နိုင် ပါတယ် ။


ဝိနည်း သိက္ခာ မညီတဲ့ ဘုန်းကြီးတွေ အတုအယောက်တွေကို သင်္ဃန်းချွတ် ကျောတရာ ရင်တရာ ကြိမ်ဒါဏ်ပေးခတ် ပြီး တောအရပ်ကို နှင် မလား ၊ အပြော မဟုတ် တဲ့ လက်တွေ.အလုပ်တွေ ကိုလုပ်ရမှာ မလွယ်ဘူး ၊ လုပ်ရဲမှဖြစ်မယ် ။ ဒို.အားလုံး အာလူးပေးနေ လို.ချည်း မဖြစ်ဘူး မောင်ရေ. သင်္ကန်းဝတ်ရတာလွယ်သလောက် လူထွက်ရတာလဲ မခက် ဘူး ၊ အိုးပြည့်ရင် လူထွက်တကာမန.ဲတာဝတိန်သာကိုရောက်ပြီး ကြည်နေကြတာတွေလဲ တပုံကြီးဘဲ ၊ ခေတ်နဲအညီ ခေတ်မှ ခေတ်စားလာနေတဲ့ ဖက်ရှင် တခုလေ ဘာလုပ် နှိုင်ကြလို.လဲ ။


သူ လူထွက်သွားလို. သာဓု ခေါ်ပြီးပထနာ ပြုရမလား သာသနာ့ဘောင်ထဲမှာ သင်္ကန်းဝတ်တွေ ဘယ်လောက် ထိုး ဖေါက်နေပြီလဲ ၊ ဇကာ စစ်ရမယ် ၊ သင်္ဃန်းဝတ်ပြီး သင်္ဃန်းတောင်အားမဏာ လိမ်ညာစားသူဟာ လူဝတ်နဲ.ဆိုရင် ဘယ်လိုနေပါ့မလဲ စဉ်းစားသာ ကြည့်တော့ ၊ သိက္ခာတို. ၀ိနည်း ဆိုတာ တို.ကို လိုရင် လိုသလို ၊ မလိုရင် မလိုသလို ပြောနေကြတာ ၊ လောကီထုပ္ပ လူတို.ဇါတ်ဟာ လူတို.နဲသာဆိုင် တယ် ၊ ဘုန်းကြီး ရဟန်းတို. မဆိုင်ဘူး တဲ့ ၊ ဘယ်သူက ဘုန်းကြီး ဘယ်သူက ရဟန်းဆိုတာ စာမှာရှိတာတော ရှိတယ် ။


(၆) ဘယ်သူ စ ပြောတယ်တော့ မသိဘူး ၊ ဒီစကားဟာ မှန်တယ် ၊ အိုဗါဆိုက် အန်ဒါဆိုက် မဟုတ်ဘဲ ရိုက်ဆိုက် ဖြစ် နေရင် အကောင်းဆုံးဘဲ ၊ အစိုးရကိုဘဲ ဖြစ်စေ ၊ တဦးတယောက်
ကိုဘဲ ဖြစ်စေကို ကောင်းသည် ဆိုးသည်ဆိုတာ သူနေရာနဲသူ ဘာကြောင့် ဆိုးသလဲ ကောင်းအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတဲ့ အပြုသဘော အကြံဥာဏ် နည်းပေးလမ်းပြ မှူုတွေလုပ်သင့် တာ အမှန်ဘဲ ၊ ကြားနေတဲ့ လူဟာ ၂ ဦး ၂ ဖက် မျှတမယ် ထင်တဲ့ စကား
ကိုပြောရမယ် ၊ ကိုယ်.အကြိုက်မဟုတ်ရင် သူ.အကြိုက် ၊ သူအကြိုက် မဟုတ်ပြန်ရင် ကိုယ့် အကြိုက်ဘဲ ၊


ကြားမှာ နေရတာဟာ ခက်တယ် ဒါကြောင့်လဲ ( မင်း ငါ့လူမဟုတ်ရင် သူ.လူဘဲ ) တချို.ကပြောကြတယ် သူတို.လဲ မှန်တာဘဲ သူနေရာနဲသူ အားလုံး မှန်နေကြတော့ ဘာပြောစရာလိုသေးသလဲ ။ ဘယ်သူက ဘယ်&