Article submitted by: minkyaw thuyein on 16-Nov-2012  
မြန်မာ တွေ နွံ နစ်နေသလား ။
ဒို.ကလေးများ ဆိုသလေး ၊


(ကျွေးတိုင်းလဲ မစားနဲ. ပေးတိုင်းလဲ မယူနဲ. ဒေါသ ရှေထားမှားတတ်
သည်) လို. လူကြီးများက သတိပေးတယ် ၊ (လူကြီးစကား နားထောင်ငြား သံပြား ကျောက်ဆောင် ကျိုးသော်ပြောင်း၏ ) လို.လဲ ဆိုတယ် ။



ဒီစကားတွေ ရော တခြားစကားတွေရဲ. ဆိုလိုရင်း အနက် အဓိပ္ပါယ်
တွေကို ဒို.လူကလေးများ ဘယ်လောက် နားလည်ကြသလဲ ဘယ်လောက်
နားထောင်လိုက်နာ ကြသလဲ ၊ အားလုံးကိုတော့ ၀ါးလုံး နဲသိမ်း မရမ်းလို
ပါဘူး ၊ လူကြီးတွေကိုလဲ အပြစ် မတင် နိုင်ဘူး ၊ ဆိုရိုးစကားတွေ ဟာ ပိဋိကတ်တော် ဘုရားဟော ဒေသနာတွေလို သံဃာရဏာ တင်လို. ရတာတွေ မဟုတ်ဘူး ၊ ဘုရား ဂေါတမ ကတောင် ကါလ ဒေသ အလိုက် ပြူပြင်ပြောင်းလဲမှူတွေ ပြုနိုင်တယ်လို. ခွန့်ပြုခဲ့တယ် လို.လဲ တချို.က
ပြောကြ တယ် ။


အရေးကြီးတာက အထူးသတိထားဘို.က အကြောင်းနဲ.အကျိုး အပြင် အနုမြူ ဗုံးလို ဆင့်ပွားပေါက်ကွဲ နိုင်တာတွေ မထင်မှတ် တဲ. အကျိုးဆက် ဒါမှမဟုတ် ဆိုးကြိုးသက်ရောက်လာနှိုင်မှုတွေကို ထည့်သွင်းစဉ်းစား ခဲ့ကြရင် (ဖြစ်ချိန်တန်လို.ဖြစ် ပျက်ချိန်တန်လို..ပျက်) ဆိုတဲ့ တာဝန်မဲ့ စကားတွေ ပြောဘို. ၊ ပြားရည်နဲ.၀မ်းချဘို. ပွေးခါး နဲ.၀မ်းနှုတ် ဘို.လိုမယ် မထင်ဘူး ။


အကောင်း အဆိုးတွေ ကြိုတင် သိမြင်ဘို. ဆိုတာဟာ လူတိုင်း လူတိုင်း
မှာ ဒိဗ္ပစက္ခု အလင်းမရသည့်တိုင် ၊ စာပေဖတ်တတ်လို. စာတတ်
ပေတတ် တယောက်လို.ပြောနိုင်ပေမဲ့ ပညာတတ်လို.ပြောဘို.ရာတော့ ခက်တယ် ၊ ပညာဆိုတာအမျိုးမျိုး ရှိတယိဆို ပြန်တော့လဲ ၊ ဘာပညာ
တွေ တတ်တာလဲ သိခြင်လိုက်တာ ၊ မြန်မာစကားမှာ (ပညာသယ် )လို.ဆိုလိုက်ရင် အဓိပ္ပါယ် တ မျိုးပြောင်း သွာတယ် ၊

ဒီခေတ်မှာ လူတွေဟာ လူတွေ ဖန်တည်းထားတဲ့ ဟူးမင်းနွိုက် ဆိုတဲ့ စက်ရုပ်တပိုင်း လူတပိုင်းတွေ ၊ အဝေးက ခလုတ်ထိမ်းန.ဲ ရိုဘုတ် တွေ ရှိနေပြီ ဖြစ်လို. ဒို.မြန်မာ နိုင်ငံမှာ ဟူးမင်းနွိုက် ရိုဘုတ် ဘယ်နှကောင် ရှိနေပြီလဲဆိုတာလို ပြောလဲမယုံ ကြုံလို.လဲ မသိကြတော့ မခက်ဘူးလား ( အကောင် ) လိ. ခေါ်ရတာကတော့ သူတို.ဟာ လူ မှ မဟုတ်တာဘဲ ။


တချို.လူတွေဟာ ပါရမီရင့်လို. တခါတလေမှာ ကြိုတင် သိမြင်တတ်ကြ
တယ် ၊ ( မကောင်းမြစ်ရာ ၊ ကောင်းရာ ညွှန်လတ်) ဆိုတာလို တာဝန် တရပ် အနေနဲ. ရဲရဲ ရင့်ရင့် ထမ်းဆောင်ကြတယ် ထမ်းဆောင်ဘို.ကြိုးစားကြတယ် ၊သတိပေးဘိုသင့်လျှင် သတိပေးတယ် ၊ လူ.အကြိုက်
လိုက် လူ.အလိုက်ဆောင် အဂတိလိုက်စားမှုကို ပြောင်ပြောင်ကြီး ကျူးလွန်ဖုံးကွယ်တဲ့ ရောယိမ်း ဘသားယိမ်း ဒီမိုကရေစီ ဆိုတဲ့ စံနစ် ကို အတင်း အဓမ္မ နည်းအမျိုးမျိုးသုံး နောက်ဆုံးမှာ လက်နက်သုံး သွတ်သွင်း ကြတယ် ၊၊ မှားတာ မှန်တာ ဆိုတာ ဒီမိုကရေစီ မှာ မရှိပါဘူး ဆိုတော့လဲ လက်မခံ ကြဘူး ။ မသိနားမလယ်သူတွေကိုပါ ဒီမိုကရေစီ မှိုင်းတိုက် အသုံးချ ကိုယ်ကျိုးရှာသွားကြတယ် ၊ အဲဒီ စာတတ် ပေတတ် ပညာရှိ
ဆိုတာ တွေကို နဲနဲလေးမှ မလေးစားဘူး အထင်မကြီးဘူး ၊ အတိအလင်း ဆန်.ကျင်တယ် ။


ဘယ်စံနစ် ကို မဆို အတင်း အဓမ္မ နည်းအမျိုးမျိုးသုံး နောက်ဆုံးမှာ လက်နက်သုံး သွတ်သွင်းခဲ့ရင် အသိတရားနဲ လက်ခံတာ မဟုတ် ၊ အကြောက်တရားကြောင့်သာ ဖြစ်တဲ့အတွက်အောက်ခြေ ဘယ်တော့မှမခိုင် အမြဲယိမ်းယိုင်နေလိမ့် မယ် ၊ ဒီ ထဲမှာ ဒို.တတွေဟာ ဂျပ်ပူး ဂျပ်ပိတ် မိပြီး နိုင်ငံရေး ၊ စီးပွားရေး လူမှုရေး လုမျိုးရေး ဘာသာရေး ဒုက္ခတွေနဲ. လူးလိမ့် နေကြရမှာဘဲ ဖြစ်တယ် ၊


မြန်မာနိုင်ငံမှာ ဟူးမင်းနွိုက် ရိုဘုတ် ဘယ် သူဆိုတာ နဂိုကထဲက ခန်.မှန်းမိပေမဲ့ ၊ သိပေမဲ. ကိုယ်သိတာဟာ ကိုယ်သိတာဘဲ ၊ မြန်မာ ရာဇ၀င်မှာ (ထီးလို မင်းလို ) မင်းဆိုတာ ရှိဘူးတယ် ၊ ဒီမိုကရေစီ ဘဲဖြစ်ဖြစ် ဆိုရှယ်လစ်ဘဲ ဖြစ်ဖြစ် ကွန်မြူနစ်ဘဲ ဖြစ်ဖြစ် သူ.ဟယနဲ.သူတော့ အဆိုးချည်းဘဲလဲ မဟုတ် ကောင်းကွက်တွေလဲ ရှိနေတဲ့အတွက် ဒီကောင်းကွက်တွေ ပိုပြီးအားကောင်း အောင်၊ ဆိုးကွက်တွေ အားပြော့ နဲပါးရအောင် လုပ်ကြဘို.က ဒို.တာဝန်ဖြစ်တယ် ၊


ဒီမိုကရေစီ ဆိုတာ ပေါ်ပြူလစ်(စ) စံနစ် သက်သက်သာ မဟုတ်ဘူး ဆိုတာကို လူတိုင်း သိရှိ နားလည် လက်ခံအောင် လုပ်ပေးဘို.ဖြစ်တယ် ဆိုတဲ့ အသိစိတ်နဲ့ ရသမျှ အချိန်လေး အလကားဟသ မဖြစ်ရအောင် သုံးနေတာ ၊ သိသူဖေါ်စား မသိသူကျော်သွား ဘဲပေါ. ။ ကိုယ့်ကို ကိုယ်သာ ပြုပြင်လို.ရတယ် တဲ့ ။


မြန်မာ နိုင်ငံသားတွေနဲ. ဒီမိုကရေစီဟာ အစေးမကပ်ဘူးဆိုတာကို လက်တွေ.သိရှိတွေ.ကြုံခဲ့ရတာကိုမှ မမှတ်ကြဘူး ၊ ဒို.နိုင်ငံ မှာ စာတတ် ပေတတ် ဆိုတာမပြောနဲ့ ကိုယ်နံမည်ကို ကြက်ခြေခတ် နေသူတွေ ရှိနေတုန်းဘဲ ဆိုတာ ၀မ်းနဲဖွယ်ရာတွေ.ရတယ်၊ ဒါကဘဲ ဒို.တတွေ အသိပညာ နဲပါးနေမှူကိုပြနေတယ်၊ အလိမ္မာ စာမှာရှိ ဆိုတဲ့ စကားဟာ တကယ်မှန်နေပါလားဆိုတာတွေ.ရ တယ်၊ ခေတ် နောက်ကျနေမှုဟာ ဒို.တတွေ စာဖတ် နဲ လို.ဘဲလား ၊ ဒို. မလိမ္မာကြလို.လား ၊ ဆရာ မိဘ ကစပြီး အုပ်ချုပ်သူ အစိုးရ တာဝန်လား ၊ လူတွေကိုက စိတ်မ၀င်စားလို.ဘဲလား ။


အနောက်ဖက်က မြန်မာနိုင်ငံကို အသေရရ အရှင်ရရ လိုခြင်ပါတယ် ဆိုတော့ ( မဟုတ်တန်း တရားတွေ ) ပြောနေ တာလို. ဆိုကြတယ် ၊ လိုခြင်စရာတွေ အများကြီးဘဲ ။ သိပြီးသားမို.ပြောဘို.လိုမယ် မထင်ဘူးဆိုပေမဲ. ၊ တကယ် သိကြရဲ.လား ၊ ၀န်တိုတာ သက်သက်တော့လဲ မဟုတ်ပါဘူး ။ ကိုယ့်ပစ္စည်းတော့ ကိုယ် မြတ်နိုးကြတာဘဲ၊ ကိုယ့်အကျိုးစီးပွား ကိုယ်ကာကွယ် တယ်ဆိုတာ ရှိတယ် ။ ဒို.မှာလဲ ကာကွယ်ရမှာတွေ ရှိတယ် ဆိုတာ မမေ့အပ်ဘူး ၊ နှစ်ပေါင်း ၁၂၅ နှစ် အုပ်ချုပ်သွား တယ် ၊ ဒို.အတွက် ဘာများ မယ်မယ်ရရ ကျန်ခဲ့သလဲ ။ ၁၉၄၂ မှ ၁၉၄၅ ခု ကြား ဖြစ်ခဲ့တဲ စစ် ချခဲ့တဲ့ဗုံးတွေ ကြောင့် ၊ ဂျပန်တွေကြောင့် လို.ဘဲ ပြောပြီး ကိုယ်လွတ် ရုန်းလိုက်ကြပါ စို့ ၊


ရိုင်းတယ်လို. တော့ မထင်ပါနဲ့ ရီချင်ရင် ရီလိုက်တော့ (အကိုရယ် နင်ချစ်တာကလဲ ၀င်သွားပြီ ဟဲ့ ၊ ဒီလောက်ရောက်မှတော့ မထူးပါဘူး ၊ အဆုံးထိ အကုန်သာ တခါထဲ သွင်းလိုက်ပါတော့) ဆိုတာ ဟာ ညင်းတာလား ၊ ငြီးသလိုနဲ.ဘိတ်ခေါ်တာလား ဆိုတာကတော့ ကာယကံရှင် မိအေး ဘဲ သိမယ် ။) အခုတော့ ဘာပြောခြင်ကြသေးသလဲ (လူတင်ပါလို.နွား ကျားကိုက် ) ဆိုတာထင်ပါရဲ. ။


ဒီ ကျားက ဘယ်က ရောက်လာသလဲ ၊ လူ ဆိုတဲ့ နွားကျောင်းသား အိပ်ငိုက်နေလို. နွား ကို ကျားဝင်ဆွဲသွားတယ် ၊ တကောင်ထဲမှ ဟုတ်ရဲ.လား ၊ ( နွားကွဲတော့ ကျားဆွဲ ) လို.ဆိုတယ် ၊ နွားအုပ်ကွဲပြီး စားကျက်အပြင်ရောက်သွားတဲ့ နွား ကို ကျားဆွဲ သွားတာ များလား ၊ ဘယ်လိုဘဲဖြစ်ဖြစ် နွားကျောင်းသား အပြစ် ။


ခွတ် ကြက် ၂ ကောင် မော သွား လို.ဘဲ ဟင်းအိုးထဲ ရောက် သွားပြီ ။ ဟင်းမကျက်ခင် ရေ ဆူ နေသံ ကြားရတုန်းဘဲ ။ (ရင်ပုံ သားနဲ. အသဲအမြစ်က ဘုန်းကြီးတွေ နဲ. လူကြီးတွေ အတွက် ဖါယ်ပြီး ၊ ကျန်တဲ့ အရိုးအရင်း အရည်တွေကို လူငယ်တွေ သင့်သင့်မြတ်မြတ် မျှတစားကြ ၊ ပြီးရင် အိုးခွက် ပန်းကံတွေ ဆေးကြော ထားလိုက်ကြနော် ၊ အိမ်အောက်က ခွေးကိုလဲ ကျွေးဘို.လဲ မေ့ မနေကြနဲ့အုံး) တဲ့ ၊ ကဲ ဒါဘဲ ကြည့်ကြတော့ ၊



အိမ်အောက်က ခွေးနဲ့အတူ အရိုးအရင်း အရည်လေး စားရတာကတွေကို ကဘဲ အိုးခွက် ပန်းကံ ဆေးထိုက်နေပြီ ၊ ကျေးဇူးတွေ လဲတင်ရလိမ့်မယ် ။ ဘယ်ရွေ.ဘယ်မျှဘဲ ဖြစ်ဖြစ် ၊ (တလုတ်စားဘူး သူ.ကျေးဇူး ) လို. ဆိုထား
တယ် မဟုတ်လား ၊ ဒါက မြန်မာ့ ယဉ်ကျေးမှူ အနှစ်သာရလေ ၊

(ကိုယ်ဆီနဲ.ကိုယ်အကြော်ခံနေရတယ် ကိုယ့်အရိုးနဲ့ကိုယ် အထိုးခံနေရ
တယ်) ဆိုတာ ဘာ ပါလိမ့် ၊ ငရဲ ဆိုတာ ဒါများလား ။


မြန်မာ့ အသိုင်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံမှာ ဘုရားတွေက ပေါများလိုက်တာ ဆိုတာကို ဘယ်လိုနားလည် သဘောပေါက်ကြ မလဲ ၊ (ဘ၀ ဆိုသည်မှာ ရယူခြင်းမဟုတ် ပေးဆပ်နေရခြင်းဖြစ်သည်) ဆိုတာကလဲ ပါသေးတယ် ဘယ်လိုပြောရမှန်းတောင် မသိဘူး၊ (သိကြားမင်းကျွဲယောင်ဆောင်ပြတာ
တောင် ဂျို ကားတယ်) လို.ပြောသေးသတဲ့ ။ ဒါဟာ မြန်မာစကား ။


မြန်မာတွေဟာ ရောင့်ရဲ ခဲတယ် ၊ ကျေနပ်ခဲတယ် ။ အမြဲတန်း တခုခု
လိုအပ်နေတယ် ၊ လိုဘတ် မပြည့်နိုင်ဘူး ။ ဒါဟာ လောဘ လား ၊ ဘာဖြစ်တာလဲ ။


မြန်မာတွေဟာ သူတို.နွံ ထဲမှာ သူတို. နစ်နေကြတယ် ဆိုရင်မှန်မလား ၊ သဲနွံ ရွှံ.နွံ ဘယ်နွံ လဲ ၊ နောင်ခါလာ နောင်ခါဈေး ဆိုတာ ဒါဘဲပေါ့ ၊


မြန်မာတွေ ဘာတွေကိုပြုပြင်ပြောင်းလဲ ကြမှာလဲ ဆိုတဲ့မေးခွန်းဟာ စပ်ဆိုင်တဲ့မေးခွန်း ။ သူနေရာနဲ့သူ အဖြေ လိုအပ်နေတယ် ၊


နားလိုက်အုံးမယ် ၊ လာမယ် ကြာမယ် ဖြေးဖြေးပေါ့ ၊


လဘက်ကေါင်းစားချင်ရင် ပလောင် တောက် တက် နှေးရမယ်တဲ့ ၊ မရှိ
လို. လုပ်စားကြတာဘဲ ပျော်ပျော်ပါးပါးပေါ့ ။