Article submitted by: minkyaw thuyein on 14-Nov-2012  
ကောင်းသော/ ဆိုးသော အတိတ် နိမိတ် ?
ဒို.လူကလေးများ ဆိုသလေး ၊


(ဇမ္ဘူဒီပ နိမိတ္တ ) ဇမ္ဘူဒီပါ လက်ျာ တောင်ကျွန်း နိမိတ်ထွန်း၏ လို. ဆိုပြီဲ့ လူကြီးများ အဓိပ္ပါယ် ဖွဲ.ဆို ထားခဲ့တဲ့ စကား ဟာ ဘယ်လောက် မှန်ကန်
သလဲ ၊ ဒီစကား ဘယ်လိုပေါ်လာပြီး ဘယ်သူက အဓိပ္ပါယ်ဖွဲ.တယ် ဆိုတာ
ကို ဒို.မသိတာ အမှန်ပါ လို.ဘဲ ရိုးရိုးဝန်ခံ လိုတယ် ၊ သိသူရှိရင် ဒို.ကို မျှတပါ လို. မေတ္တာရပ်ခံ ပါတယ် ၊ ဗဟုသုတပေါ့ ။


(ဇမ္ဘူဒီပါ လက်ျာ တောင်ကျွန်း နိမိတ်ထွန်း) ဆိုတဲ့အတိုင်း အတိတ်ကြီး နိမိတ်ကြီးအဖြစ် မြန်မာတွေ ယူဆကြမှာတော့ သေချာတယ် ဘာဖြစ်လာ
နိုင်တယ်ဆိုတာ ဗေဒင်ကိန်းခန်းတွေအရ ကြိုတင်ဟောကိန်းထုတ်မဲ. ဗေဒင် နက္ခတ်လေ့လာ ကြသူတွေ ဆရာ့ဆရာ တွေကလဲ ရှိကြလိမ်.မယ် ၊ ကောင်းတာ မကောင်းတာတော့ မသိ ၊ ပြီးခဲ့တဲ့ သင်္ကြန်စာက ဘာဆို
သတဲ့ လဲ ၊


ဇမ္ဘူဒီပါ လက်ျာ တောင်ကျွန်း ဆိုတဲ့ထဲမှာ မြန်မာနိုင်ငံ ပါသလား ။ ကမ္ဘာဦးအစ ကို ပြန်သွားမလား ၊ ခရစ်ယန်ဘာသာ မှာ ကမ္ဘာမြေကြီး ရေ အတိ ဖုံလွှမ်းပြီးမှ မြေကြီးပြန်ပေါ်တယ် လို.ပြောထားသလို ၊သိပ္ပံပညာရှင်
တွေကလဲ ကမ္ဘာမြေ ကြီးဟာ တချိန်က ရေ အတိ ဖုံလွှမ်း နေခဲ.တယ် ဆိုတာကို ပြောတယ် ၊ ဆက်စပ်မှု ရှိမရှိတော့ မသိဘူး ၊ အခုထိလဲ ကမ္ဘာမြေကြီးဟာ မြေထု ထက် ရေထု ကပိုများနေတာကိုတော့ တွေရ
တယ် ၊


(ရေ ပါတ်လယ် ၀ိုင်းရံနေသော ကုန်းမြေကို ကျွန်း ဟုခေါ်သည်) လို.ပြောထားတာ ငယ်ငယ်က မှတ်သားရဘူးတယ် ၊ မြန်မာနိုင်ငံကို ကျွန်းလို.ပြောကြမလား ၊ ဒါတွေကို ဟုတ်တယ် မဟုတ်ဘူး ပြောဘို.ငြင်းခုံဘို. အသိမပြည့်စုံဘူး ၊ နောက်ထပ် လေ့လာ စရာတွေ ရှိမယ် ။ သိလို.လဲ ဘာမှ ပိုမထူးဘူး မသိလို.လဲ ဘာမှ ယုတ်လျှော့ မသွားဘူး ၊


မြန်မာ နိုင်ငံမှာ မြေငလျှင် လှုပ်တယ် ဆိုတော့လူကြီးပိုင်းရောက်သူတွေ
ွက အဆိုးလား အကောင်းလား ဆိုတဲ့ နိမိတ်ပဲ လို. အစွဲအလန်းနဲ. ပြောကြ
မှာ ကတော့သေချာပေါက်ဘဲ ၊ မင်းပြောင်း မင်းလဲဖြစ်မယ် ဆိုတဲ့ အဓိပ္ပါယ်ဖေါ်ချက်တွေ ကတော့ ရာခိုင်နှုန်းပြည့်ဘဲ ၊ အထင်ကရ လူတွေ သေမယ် ဆိုတာထိတောင် ပါဝင်နိုင်တယ် ၊ အနာဂါတ်မှာဘာတွေ ဖြစ်
လာမလဲဆိုတာတွေ ထင်မြင်ယူဆချက်တွေ အမျိုးမျိုးပြောကြမှာလဲ မရှားဘူး ၊ အဲဒါက တပိုင်း၊


အခု လောလောဆယ် အဆောက်အဦးတွေ တံတားတွေ မြေတွေပြိုပျက် လူတွေ သေကျေ ရတာ ဒုက္ခရောက်ရတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး ၊ ဒါကိုတော့ ပြောခြင်မှပြောကြလိမ့်မယ် ၊ မင်းပြောင်းမင်းလဲ အနာဂတ်မှာလဲ အပျက်အဆီး အဆူံးအရှုံး အသေ အပျောက် အတိုင်း
အတာမဲ့ မရှိဘူးလို. ဘယ်သူက ကံသေကံမ ပြောနိုင်သလဲ ၊၊


မြေငလျှင် လှူပ်မှာကို ကြိုတင်မသိ ကြိုတင်သတိပေးခြင်း မရှိဘူးဆိုပြီး တာဝန်ရှိ အစိုးရ ပိုင်းက လူတွေကို ပစ်တင်ကြ မှာကတောလဲ သေချာ
တယ်၊ ဒါဆိုရင်တော့လဲ အနာဂါတ်အတွက် ကြိုတင်သတိပေး အစီအစဉ်
တွေ ကရိယာတွေ တတ်ဆင် နိုင်တော့မယ် ဆိုပြီး အကောင်း အမြင်ရှု ရပြန်တယ် ၊ ကြိုတင် သတိပေးနိုင်ခဲ့ရင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်
တာပေါ့ ၊ ဒါကတော့ အတိုင်းအတာနဲ့ဘဲ ဖြစ်ပါလိမ့်မယ် ။


ဘုန်းသဘာရှင် တဦး ( ဘရက် အိုဘားမား) မကြာမီ မြန်မာနိုင်ငံကို ဆိုက်ရောက်ဘို.ရှိတယ် လို.ဆိုရင် မှားနိုင်မယ် မထင်ဘူး ၊ တယောက်
ဝင်ရင် တယောက် ထွက်တတ်တယ်ဆိုရင်ရော ၊ အ၀င်ကောင်း ရဲ.လား
ဆိုတာ စဉ်းစားခဲ့ကြ ရဲ့လား ၊ ခြေ ၂ ချောင်း အ၀င်ကောင်း မယ်တဲ့လား ၊ ဗေဒင် ကိန်းခန်းတွေက ဘာဟောသလဲ ၊(ဈေးသုံးလဲ မလွယ်နဲ.ရှေးထုံး
လဲ မပါယ်နဲ.) ဆိုတဲ့စကား ဟာ အဓိပ္ပါယ်ရှိတဲ့ စကား ၊


ပြောရမယ်ဆိုရင် အမေရိကန် ပြည်ထောင်စု သမတ ဂျင်မီ ကာတာ လက်ထက်က မြန်မာနိုင်ငံမှာ ဘိန်းဘုရင် ခွန်ဇါ ဟာ ဘုန်းကန် စွမ်းအား
ပြည်စုံ သူတယောက်ဖြစ်ပြီး သူ.နယ်ဆိုတာကို လွတ်လပ်ရေး ကြေငြာ
ခဲ့တယ် ၊ သူ. ကို လုံးဝ လိုသမျှ အားပေးထောက်ခံဘို.အရေးမှာ သူ.နယ်ထဲကနေ တရုတ်ပြည်သူ.သမတ နိုင်ငံကို ချိန်ရွယ် တဲ့ ဒုံးကျည် စခန်း တခု နဲ. အမေရိကန် ဒုံးကျည်တပ် သူ.နယ်မှာ ချထားရေးအစီအစဉ်ကို ခွန်ဇာက သဘောမတူခဲ့.တဲ့ အပြင် ခွန်ဇါ ဟာ သူ.နောက်ပါ သူတချို. လက်နက် အပြည်.အစုံနဲ့ အစိုးရဘက် ကူးသွားခဲ့တယ် ဆိုတာတွေ အားလုံး သိပြီးသားဘဲ ။


ပြီးခဲ့တဲ့ ၂၄/၂၅ နှစ်အတွင်း မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒါဏ်ခတ် ပိတ်ဆို.မှုတွေ လုပ်ထားတုန်းက မြန်မာနိုင်ငံကို တတ်နိုင်သမျှ ကူညီ ခဲ့ကြ သူတွေထဲမှာ တရုတ်နိုင်ငံက အများဆုံးဘဲ လို.ဆိုရင် မှားမယ်မထင်
ဘူး ၊ အမေရိကန်ခေါင်းဆောင်တဲ့ အနောက်အုတ်စုက မြန်မာကို
ကလေးဆန်ဆန် ဆက်ဆံပြီး ဘယ်သူနဲ့မခေါ်ရဘူး ဘယ်ဝါနဲ့မပေါင်းရ
ဘူး ဆိုပြီး ပညတ်ခဲ့ ရုံတင်မက (ငါ့ လူမဟုတ်ရင် သူ.လူ ၊ ငါ့ မိတ်ဆွေ မဟုတ်ရင် ငါ့ရန်သူ) လို.တောင် တစေ.တစောင်း ပြောခဲ့ တယ် ၊ တချို.ကိစ္စတွေမှာ အမည်နာမနဲ့တကွ ဒဲ့ဒိုးဘဲ သတိပေးခဲ့ ပြောခဲ.တာတွေ ရှိတယ် ။


ပြောနေတာက မြန်မာနိုင်ငံရဲ. လွတ်လပ်မှူ အချုပ်အခြာ အာဏာပိုင်မှူကို ဘယ်သူက ချိန်းချောက်ချုပ်ချယ်နေသလဲ၊ ဘယ်သူက တကယ်ကူညီနေတာလဲ နှောက်ယှကနေတာလဲချိန်းချောက် လယ်ပင်း
ညှစ် အကြပ်ကိုင် နေတာလဲဆိုတာ အစိုးရ ခေါင်းဆောင်တွေက နိုင်ငံ
သားတွေကို ပွင့်လင်း တိကျစွာ အသိပေးရမယ် ၊ နိုင်ငံသားအားလုံးဟာ ဘယ်သူဟာရန်သူ ဘယ်သူဟာ မိတ်ဆွေဆိုတာ သိထိုက်တယ် ၊ ဒါဟာ လူ.အခွင့်အရေး တပါးလို.မြင်တယ် ။ ဒီမိုကရေစီ ဆိုတာမှာ ပြည်သူလူထု
ဟာ ၄/၅ နှစ် တကြိမ် သို.မဟုတ် အခါအားလျှော်စွာ မဲ ပေးဘို.ဘဲလား ၊


အစိုးရဟာ ပြည်သူလူထုရဲ. အစိုးရ ဆိုတာ မမေ့သင့်ဘူး ၊ ပြည်သူ လူထုဟာ အစိုးရရဲ. နောက်ခံကျောရိုးဖြစိတယ် ၊ အကောင်း အဆိုး အကြောင်းအကျိုးကို ပြည်သူတရပ်လုံးကို အသိပေး ခြင်းမရှိဘဲ လက်သိပ်
ထိုးကြိတ်လုပ်တာတွေဟာ မဖြစ်သင့်တာတွေဘဲ အဂတိ တရား လိုက်စား
တယ် ဆိုတဲ့ထဲ ပါသွားတယ် ။


ပြည်သူ.လွှတ်တော်မှာ ကြိုတင်တင်ပြရမဲ့ တတိုင်း တပြည်လုံးနဲ.သက
်ဆိုင်တဲ့ ကိစ္စတွေကို ကိုယ့် ကိုယ်ရေးကိုယ်တာ ကိစ္စအလား ခံယူ ကျင့်သုံး
ပြုမူဆောင်ရွက် မှူတွေဟာ ၊ နိုင်ငံရေးအရ ပြောရရင် အာဏာရှင် တယောက် ၊ အာဏာရှင်တွေရဲ.လုပ်ရပ်နဲ.ဘာမှ မခြား ဘူး ။ အာဏာရှင်
ဆိုတာ မျက်နှာဖုံး အမျိုးမျိုး ခေါင်းအမျိုးမျိုးစောင်း ပုံစံမျိုးမျိုးနဲ. ရှိတယ် ဆိုတာကိုတော့ ဒို.ကြားဘူးတယ် ၊


ဒို.အမြင်မှာတော့ အင်အားကြီးလာနေတဲ့ တရုတ်ပြည်သူ.သမတ နိုင်ငံ အမေရိကန် ဦးဆောင်တဲ့ အနောက်အုတ်စုက ပြုံးပြုံးလေးနဲ့ ပါးပါး လှီး
ဘို. ကြိုးစားနေတယ် ၊ တရုတ်ကလဲ ယဉ်ကျေးမှု ရာဇ၀င်သစ်မှာရော ရာဇ၀င်ဟောင်းမှာရော လူမျိုးကြီး ပီသတဲ့ နိုင်ငံကြီးသားတွေ ၊ ဘယ်သူနဲ့
မဆို ဘယ်နေရာ ဘယ်အပိုင်းမှာမဆို ယှဉ်ရဲတယ် ယှဉ်နိုင်တယ် ၊


မြန်မာ နိုင်ငံနဲ.တခြားနိုင်ငံလေး တချို.ဟာ တရုတ်နိုင်ငံ ရဲ.မိတ်ဆွေ ရောင်းရင်း ဖေါက်သယ် ၊ ဒါကို အနောက်အုတ်စု က ဘယ်လိုမှ မရှူစိမ့်
ဘူး ၊ တရုတ်နိုင်ငံကို သတ်ခြင်ရင် လက်တွေ ခြေတွေလို ဖြစ်နေတဲ့ တရုတ်နိုင်ငံနဲ့ မိတ်ဆွေ ရောင်းရင်း၊ ဖေါက်သယ် ဖြစ်တဲ့ နိုင်ငံလေး
တွေကြား တိုက်ရိုက်ဆက်သွယ် ဆက်ဆံမှုတွေကို အရင်ဆုံး ဖြတ်
တောက် ပစ်ရမယ် ၊


နိဂုံးချုပ်ပြောရရင် အမေရိကန်ပြည်ထောင်စု လုံးစတား စတိတ် ဆိုတဲ့တက္ကစက် ပြည်နယ် လောက်မှတောင် မကြီးတဲ့ မြန်မာနိင်ငံကို အမေရိကန် ဦးဆောင်တဲ့ အနောက်အုတ်စုက သမ၀ါယမ စံနစ်နဲ.၀ယ်ယူလိုက်တာ ဈေးကောင်းရ မရ တော့ မသိဘူး၊ မြန်မာက တင်းလဲ ခံမနေနိုင်တော့ဘူး ၊ ကိုယ့် ၀မ်းနာ ကိုယ်သာသိ ၊ ရရာဈေးနဲ့ဘဲ ရောင်း
လိုက်ရတော့တယ် ၊


အနာဂါတ် ဘာတွေဖြစ်နိုင်သလဲ ၊ အကျိုးဆက်ဆိုတာ ကောင်းတာလဲ
ဖြစ်နိုင်သလို ၊ ဆိုးတာလဲဖြစ်နိုင်တယ် ။


ဘယ်သူမဆို ကိုယ့်အကျိုးစီးပွားကိုယ် ကာကွယ်ကြမှာဘဲ၊ ဘယ်လို နည်းနဲ့ ကာကွယ်မလဲ ဆိုတဲ့ မေးခွန်း မေးဘို. လိုသေး သလား ၊ ကမ္ဘာ
ပေါ်မှာ စစ်ဖြစ်နေတာတွေ ဟာ ကိုယ့်အကျိုးစီးပွား ကိုယ်ကာကွယ် နေ
ကြတာဘဲ ဆိုရင် ယုံတော့ ၊


ဒုတိယ ကမ္ဘာစစ် ဖြစ်တုန်းက မြန်မာနိုင်ငံဟာ မြေဇါပင်ဖြစ်ခဲ့တယ် ဆိုတာ မှတ်မိကြမှာပေါ့ ၊ နဂိုကမှ မိတဆိုး ဖတဆိုး မိဘမဲ့ မြန်မာတွေ ပထွေးကိုယ်စီနဲ.အချင်းချင်း သတ်နေခဲ့ကြတယ် အခုထိအေးတယ်လို.မရှိသေးဘူး မဟုတ်လား ၊ ကိုယ်ပစ္စည်းမဟုတ်တဲ့ သူများပစ္စည်းတွေနဲ. ရက်ရက်ရောရော ပေးကမ်းထောက်ပံ့ တဲ.သူကို ပစ္စည်းအတွက် မဟုတ် ရင်တောင် စေတနာနဲ့ လုပ်အားအတွက် သာဓုခေါ်ရမယ် တဲ့ လား ၊ ဒို.မြန်မာတွေ ယဉ်ကျေးသမျှကတော့ ကမ်းကုန် ဘဲ လို့ ဆိုရလိမ့်မယ် ။


တရုတ်နဲ.အနောက်အုတ်စုကြားမှာ မြန်မာနိုင်ငံနဲ.ပါတ်သက်ပြီး ဘယ်လို
နားလယ်မှူတွေ ကြိတ်ပြီးရှိနေသလဲ ၊ကြူဘားနဲ့ပါတ်သက်တဲ့အမေရိကန
်ပြည်ထောင်စုနဲ့ဆိုဗီယက်ပြည်ထောင်စု ၊ တူရကီ နိုင်ငံနဲ့ပါတ်သက်တဲ့ အနောက်အုတ်စုနဲ့ ဆိုဗီယက်ကြား နားလယ်မှုဆိုတာတွေ ရှိဘူးတယ်၊
၊အဲဒါတွေ သက်တန်း ရှိသေးသလား မရှိတောဘူးလားတော့ မသိဘူး ၊


တချိန်က ကြူဘားလိုနိုင်ငံဟာ ဆိုဗီယက် ကြောထောက် နောက်ခံနဲ့ အနောက်အုတ်စု ၊ အထူးသဖြင် အမေရိကန် ပြည်ထောင်စုကို အာခံမှာ စိုးရိမ်ခဲ့တယ် ၊ အခုထိ ကြူဘားမြေ ဂွမ်တာနာမို မှာ အမေရိကန်တွေ တပ်စွဲ ထားတုန်းဘဲ ၊


မြန်မာနိုင်ငံ မှာ တပ်စွဲ ဘို. အမေရိကန် စိတ်ကူး ရှိပြီးသား ၊ လက်တွေ.ကြိုးစားမှူုတွေလဲ ပြုဘူးတယ် ၊ ခွန်ဇါတို. နေ၀င်းတို. လက်ထက်တုန်း
ကတော့ မရခဲ့ဘူး ၊ အကြောင်းတွေကတော့ရှိပါလိမ့်မယ် ၊ အခု ခေတ်
သစ်မြန်မာနိုင်ငံမှာ လူအပြောင်းအလဲ မူအပြောင်းအလဲတွေအပြောင်း
အလဲ အမျိုးမျိုးတွေ တွေ.နေရတယ် ၊ နောက်ထပ် ဘာအပြောင်း အလဲ
တွေ ဖြစ်လာအုံးမလဲ မသိဘူး ။


မြန်မာနိုင်ငံကို တရုတ် (သို.) အနောက်အုတ်စုက ကျူးကျော်ရင် ဘယ်သူက မြန်မာနိုင်ငံကို ကာကွယ်မှာလဲ ဘယ်သူ. အကျိုးစီးပွားကို ဘယ်သူက ကာကွယ်မှာလဲ ။


ငလျှင်တွေ လှူပ်ရင် မျက်ခုံးတွေ လဲ လှူပ်တတ်တယ် ။ ဘာအဓိပ္ပါယ်
တွေလဲ ၊ လူကြီးတွေမှဘဲ သိမယ် ၊ ငလျှင်လှူပ်ရင် တော်လဲ လဲရလိမ့် ။


သိပ်လဲ ပူမနေပါနဲ့. မိုးပြိုရင် တယောက်ထဲ အတွက် မဟုတ် ၊ ကိုယ်ဘာမှ လုပ်နိုင်တာမှ မဟုတ်တာ ၊ ဘာဘဲဖြစ်ဖြစ် ပျော်ပျော် ပါးပါးပေါ့ ။