Article submitted by: minkyaw thuyein on 8-Nov-2012  
မြန်မာနိုင်ငံသားတို.ရဲ့ တာဝန်တွေ ။
ဒို.လူကလေးများဆိုသလေး ။



ဦးစွာ ပြောခြင် တာက ဒီနေ.ပြောမဲ့ စကားတွေကို ခြုံးချ လိုက်ရင် မြန်မာနိုင်ငံ ဖွံ.ဖြိုး တိုးတက် ခေတ်မီ ရေးဟာ မြန်မာနိုင်ငံမှာ ပေါကြွယ်ဝလှတဲ့ အလုပ် သမား လယ်သမား အပါအ၀င် သယံဇါတ အမျိုးမျိုး တို.ကို မဖြုန်းဘဲ သူ့နေရာနဲ့ သူသုံး ၊ နိုင်ငံရဲ. ၀င်ငွေဘဏ္ဍာတော် အင်အား တိုးတက် ရေး ။ အလုပ်သမား လယ်သမားတွေရဲ. ၀င်ငွေ အင်အား တိုးတက်ရေးတို.ဟာ နိုင်ငံသား တိုင်းရဲ. တာဝန် ဆိုတာကို ထပ်ပြီး ပြောခြင် လို.ဘဲ ။




(မြန်မာ့ အလုပ်သမားတွေ ညီညွတ်ကြစေ)တဲ့ ပြောရသူ တော့ မပြော
တတ်ဘူး ကြားရသူတော့ ကြက်သီးတောင် ထမိတယ် ၊ (ကမ္ဘာ.အလုပ်သမားတွေ ညီညွတ်ကြစေ) ဆိုတာ ကြားဘူးမှာပေါ့ ၊ အဲဒါ တချိန်က ရဲရဲတောက် ကြွေးကြော်သံ ၊ ဒီကြွေးကြော်သံ အကောင်း
အမြင်ပျောက်ပြီး ၊ အဆိုးမြင် ကွန်မြူနစ် ကြွေးကြော်သံ အဖြစ် သတ်မှတ်ခံရတယ် ၊ အလုပ်သမားတွေကို မတရားမပြုဘဲ နေရာပေး မျှတစွာ ဆက်ဆံရမှာ ကို ကြောက်ထိတ် ဆိုးရွံနေသူတွေက ၊ (အလုပ်သမား ဟေ့) လို.အသံကျယ်ကျယ်လေး ထွက်တဲ့ သူကို ဒီကောင် (ကွန်မြူနစ် ပဲ) လို. စွပ်စွဲပြီး အပစ်ရှာတော့တာဘဲ ။ ဆိုရှယ်လစ်တို.ကွန်မြူနစ်တို.ဆိုမဲ့ စကားလုံးတွေပါဝင်လာရင် တောင် (မကောင်းဆိုးဝါး နတ်ဆိုး စကား) အလားဘဲ ၊၊



ဒို.မြန်မာနိုင်ငံဟာ အခုဆိုရင် ဈေးကွက်အခြေခံ စီးပွားရေးဝါဒ နဲ.ဖြစ်တယ် ၊ လူတွေဟာ စား ၀တ် နေရေး ကြပ်တည်းနေသလား ချောင် လည်နေသလား ဆိုတာတွေကတော့ သက်ဆိုင်သူတွေ အသိဆုံးဘဲ ၊ ဒီလိုပြောရတာကလဲ ဘယ်လို စီးပွာရေး မူဝါဒဘဲ ချမှတ် မှတ် ၊ ဘာ မူဘဲ ဖြစ်ဖြစ် ချောင်လည်သူ ကြပ်တည်းသူဆိုတာတွေကတော့ ရှိစမြဲ ၊ ဆင်းရဲသူ ချမ်းသာသူ ဆိုတာ သူ.ဟာနဲ့သူ ရှိမြဲ ဓမ္မတာ ။ လူသား အားလုံးဆင်းရဲ ချမ်းသာမရှိ (တပြေးတည်းညီ) ဘို.ဆိုတာဟာ အဓိပ္ပါယ်မရှိတဲ့ စကား ၊ လောကနိဗ္ပာန် ဆိုတာဟာ လဲ မျှော်လင့်ချက်
တခု ဘယ်တော့မှ မရောက်နိုင်တဲ့ ပန်းတိုင် တခု ဆိုရင် မမှားဘူး ၊၊



မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့ကြားက ဘာမှတောင်
ဖြစ်မလာသေး အကောင်အထည်မပေါ်သေးဘူး ၊ အခု တလော အလုပ်
သမား ပြသနာ တွေ လယ်သမားပြသနာတွေအကြောင်း တဖျောက်
ဖျောက် ကြားနေရတယ် ။ ရိုးရိုးမှ ဟုတ်ရဲ.လား လို.မေးစရာဖြစ်နေတယ် ။အလုပ်သမား လယ်သမား အပါအ၀င် နိုင်ငံ တခုလုံးက လူတန်းစား အလွှာအားလုံးကို ၀အောင်ကြွေး ပျော်အောင်သိပ် လှအောင်ဆင် ဘို.ဆိုတာမှာ အစိုးရရော လူအားလုံးတာဝန် ဖြစ်တယ် ဆိုတာ ထပ်ပြောဘို. လိုမယ် မထင်ဘူး ။ မလိုအပ်တာတွေ မဖြစ်ရအောင် အစိုးရက နည်းမျိုးစုံ
နဲ.လိုအပ်သလို ထိမ်းသိမ်း ကာကွယ်ဘို.ဖြစ်တယ် ။



မြန်မာနိုင်ငံအလုပ်သမားတွေရဲ.တာဝန်နဲ.အကျိုးခံစားခွင့် ရပိုင်ခွင့်တွေ
ကို ကမ္ဘာ့ အလုပ်သမား အဖွဲ့ကြီးကပါ ပြောလာပြန်တော့ ဘယ်သူတွေ
ဟာ ဘာတွေလဲ ဘယ်သူက ဘာတွေပြောပြီး ဘာတွေ စွပ်စွဲလာ ကြအုံး
မယ် မသိဘူး ၊ ဈေးကွက် စီးပွားရေးစံနစ် နဲ့စက်ရုံအလုပ်ရုံ တွေက အလုပ်သမားတွေ ၊ လယ်ကွင်းတွေထဲက လယ်သမားတွေ အစွပ်စွဲ မခံခြင်ရင် အကျိုးခံစားခွင့်တွေ ရပိုင်ခွင့်တွေ အကြောင်း မပြောကြနဲ့. (ပေးတာကိုယူ ကြွေးတာကိုစား စကားမများ နဲ.) တဲ့လား ၊ အရင်းရှင်
ဓနရှင် အာဏာရှင် ကွန်မြူနစ် ဆိုရှယ်လစ် ဖက်စစ် ဆိုတာတွေက ဘာတွေလဲ ။



ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ သူတို.မှာ အလုပ်လက်မဲ့ ဦးရေ ဘယ်လောက်
ရှိပါတယ်ဆိုတာ အတိအကျ ပြောနိုင်လိမ့်မယ်မဟုတ်ဘူး ဆိုတာကို ရိုးသားစွာ ယုံကြည်တယ် ၊ ခန်.မှန်းချက်ဟာလဲ ခန်.မှန်းချက်သာဘဲဖြစ်
လိမ့်မယ် ။ အလုပ်ရှိတဲ့လူတိုင်း ၀င်ငွေရှိတဲ့ လူတိုင်းဟာ ၀င်ငွေ မှတ်တမ်း
တင်မထားသလို ၊ အလုပ်တကယ် မရှိသူတိုင်းဟာလဲ မှတ်တမ်းတင်
နေမယ်မထင်ဘူး ၊ မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ကြေးနဲ့ အခြားခြား
သော လူမှုဖူလုံရေး ခံစားခွင့်ဆိုတာ အတော်ရှားတယ် ၊ မရှိဘူးဆိုရင် ပိုပြီးမှန်လိမ့်မယ် ။ စာရင်း မှတ်ပုံတင်လဲ တင်တင်ဘဲ ဘာမှ ထူးခြားမယ် မဟုတ်ဘူး ။ အလုပ်ရှင် အလုပ်သမား ဆိုတာရှိနေသမျှ(၀ါနိစ္စ ပဋိပက္ခ) ဆိုတာဟာ ရှိနေမဲ့ ပြသနာဘဲ ဖြစ်တယ်၊ ဒီလူတန်းစား ၂ ရပ် သဟဇါတ ဖြစ်နေရင် တိုင်းပြည် စီးပွားရေး တိုးတက်မယ် ဖွံ.ဖြိုးဖွယ်ရာ အဓိက အကြောင်းတခု လဲ ဖြစ်တယ် ။ ရွှေမိုး ငွေမိုးတွေ အကြိမ်ကြိမ် ရွာသွန်း
မယ် လို.ဘဲပြောခြင်တယ် ။




ဝင်ငွေ အနဲ အများ ဘယ်လောက်လဲ ရှိရှိ ကုန်ကျစရိတ်တွေနဲ့ အတူ မှန်မှန်ကန်ကန် စာရင်းပြုပြီး နှစ်စဉ် အမြတ်တော်ခွန်ဌာနကို ဘဏ္ဍာ
တော်နှစ် ကုန်ချိန် မှာ မပျက်မကွက်အသိပေးအကြောင်းကြားတင်ပြ
ရမယ်လို. တည်ဆဲ ဥပဒေတွေက ဆိုကြတယ် ။ ဒီ ဥပဒေ တွေကဘဲ ရှိသမျှ တပြားမကျန် ပေးရမယ်လို့ မဆိုပါဘူး ၊ ၀န်ဆောင်ခွင့် ကင်းလွတ်
ခွင့် နဲ့ ခံစားခွင့် ဆိုတာတွေကို ခွဲခြားပေး ထားတာ လဲ ဖြစ်တယ် ။ မြန်မာတွေဟာ ဘယ်ဥပဒေ ကိုမှ မထေလေးစား မပြုအပ်ဘူး ၊ ဥပဒေ
တွေရဲ. အခြေခံတွေကို သိရမယ် ၊ အဲဒါမှ တာဝန်ရှိ သူတွေဟာ ဥပဒေ
အတွင်းကလုပ်နေတာလား ဥပဒေအပြင်ကလုပ်နေတာလားဆိုတာ ကိုယ် သိမယ် ။ ဒါမှလဲ မြန်မာ နိုင်ငံမှာ တရားဥပဒေ စိုးမိုးမှူကို အထောက်အကူ ပြုလိမ့်မယ် ။



အလုပ်ဆိုတာ ဘာလဲ ၊ ၀င်ငွေ ဆိုတာဘာလဲ) ဆိုတာတွေကတော့ ရှင်းစရာမလိုပါဘူး ဆိုပေမဲ့ အလုပ်ဟူသမျှဟာ သူများဆီ မှာ လုပ်ခစား လခစား လုပ်တာ ၊ န၀လီ လိုက်တာ သား ငါး ဖမ်း ဖါးရိုက် မုဆိုးလိုက် ၊ ရတဲ့အမဲကို ရောင်းစားတာတွေအားလုံးပါတယ် ၊ အသက်မွေးဝမ်း
ကျောင်းမှုတွေဘဲ ။ ၀မ်းကျောင်း အလုပ်မှရငွေ ၊ ဘေးပေါက် ရငွေတွေ
ဟာ ၀င်ငွေ ၊ တပြား တကျပ်ဘဲဖြစ်စေ ၀င်ငွေ ဘယ်ရွေ.ဘယ်မျှ ဆိုတာ
သာ အဓိက၊ အခွန်ဘဏ္ဍာပေးဆောင်ရန် မလိုဘူးလို ကင်းလွတ်ချက်
ပေးထားတဲ့ ၀င်ငွေကလွဲရင် ၀င်တွေ အားလုံးပေါ်မှာ ၀င်ငွေခွန် ပေး
ဆောင်ရမယ်ဖြစ်တယ် ။



အထူးသဖြင့် ဒို့မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ဘယ်ရွေ.ဘယ်မျှ
ရှိတယ်ဆိုတာ ဘယ်လိုမှ အတိအကျ ပြောနိင်လိမ့်မယ် မဟုတ် ဘူး ။ လူတိုင်းလိုလိုဟာ တခုမဟုတ်တခု လုပ်နေကြတာ ဖြစ်တယ် ၊ ဥပမာအနေနဲ့ပြောရရင် ရပ်ကွက်ထဲ ရေထမ်းရောင်း လမ်းဘေး မှာ အကြော် ကြော် ၊ မနက် မိုးလင်းရင် (ပဲပြုတ် နံပြား ကောက်ညှင်းပေါင်း) လို. အသံ သာသာလေးနဲ. တကျော်ကျော် အော်ရောင်း နေတာတွေလဲ ဥပဒေအရ ကိုယ်ပိုင်အလုပ်နဲ့ဝင်ငွေဘဲ ၊ အလုပ်ရှိနေသူတိုင်း ၀င်ငွေရှိ
သူတိုင်းဟာ သက်ဆိုင်ရာကို ရိုးသားစွာအသိ ပေးတင်ပြ အကြောင်း ကြား ကြရဲ့လား ၊ ဒို.တာဝန် ဒို.ကျေပြွန်ကြရင် ဒို.အခွင့်အရေးဆိုတာ
တွေကို ဒို့ဟာဒို. ဖန်တည်းနိုင်မယ် ခံစား နိုင်မယ် ။



ဒို. မြန်မာနိုင်ငံမှာ အခွန်အတုတ် ကောက်ယူမှူစံနစ် ဆိုတာ အသစ်
အဆန်းမဟုတ်ဘူး ၊ ဒို.ဟာဒို.ကိုရှိပြီးသား ၊ ဒါကို စံနစ် ပိုကျ အောင် ပြုပြင်ဘို. လုပ်ဘို.ဆိုတာဟာ အစိုးရရော ပြည်သူတရပ်လုံးပါ တာဝန်
ရှိတယ် ။ အခွန်စံနစ် တိုက်ဖျက်ပြစ်လို.မရဘူး ၊ အခွန်မဆောင်ဘဲ အခွန်ရှောင် နေသူတွေနဲ. (တရားဥပဒေ စိုးမိုးရေး) တွေ.ကြရင်တော့ ဂဠုံဆရာစံ တို.လို ဆရာစံတွေ နောက်ထပ် ဘယ်နှစ်ယောက် ပေါ်လာ
အုံးမလဲ ၊ ကြိုးပေး ခေါင်းဖြတ် ခံရအုံးမလဲဆိုတာ စဉ်းစားစရာဘဲ ၊ မြန်မာတွေ ဒါလောက်တော့ မရက်စက် ပါဘူး ၊ မရက်စက်နိုင်လို.များ အခုလို ဖြစ်နေသလားဘဲ ။ အခွန်အကောက် စံနစ်နဲ.မြန်မာတတွေဟာ တဇေါင်းစေးနဲ. မျက်ချေး ဆိုရင် ဟုတ်မှာဘဲ ၊ နိုင်ငံတကာမှာလဲ အခွန်အတုတ် ဟာ ပြသနာ ။ အကိုင်အတွယ် ငြင်သာဘို.လို တယ် ။



မြန်မာနိုင်ငံမှာ ဒီနေ.အလုပ်သမား လူတန်းစားဟာ ကျေးကျွန် စံနစ်ကာလနဲ.မခြား ဘ၀ရင်ဆိုင်နေရပါတယ်လို.တချို့က ဆိုတော့ ၊ ယုံတောင် မယုံနှိုင်ဘူး ။ အလုပ်ရှင်ဆိုသူတွေက ဘယ်သူတွေလဲ ။ ဆိုရှယ်လစ်ခေတ်က အလုပ်သမားတွေ ရှေ.တန်းရောက်ခဲ့ကြ တုန်းက သူတို.အခွင့်အရေးတွေ ရပိုင်ခွင့် ခံစားပိုင်ခွင့်တွေ ရေးဆွဲချမှတ်ခဲ့ကြတာ ဘယ်ရောက်ကုန်ပြီ လဲ ၊ စက်ရုံအလုပ်ရုံတွေကို အလုပ်သမားတွေက အုပ်ချုပ်လည်ပါတ်နေခဲ့ကြတာဆိုရင် မှန်သောစကားဘဲ ။ အလုပ်ရှင် အလုပ်သမား ညှိနှိုင်း ပူးပေါင်းဆောင် ရွက်ရေးကော်မတီ (ဂျေ စီ စီ) ဆိုတာမှာ အလုပ်ရှင်မန်နေဂျာ ဆိုတာဟာ ပြရုဂ် သက်သက် ၊ အလုပ်သမားခေါင်းဆောင်က ခိုင်း တာကို လုပ်ပေးရတဲ့ ဘာယီယခိုင်းတဲ့
မင်းစေလေး တယောက်၊ အလုပ်သမားထဲက အလုပ်သမားတယောက်
ထက် ဘာမှမပိုခဲ့ဘူး၊



စက်ရုံဟာ ပြည်သူပိုင် သိမ်းတုန်းက စာရင်းထဲမှာ ဂိုဒေါင် ထဲမှာ ရှိနေတဲ့ လက်ကျန် ကုန်ကြမ်းပစ္စည်းနဲ.တကွ လည်ပါတ်စရာငွေ ၊ အလုပ်သမား လခ တွေလဲကုန်ရော၊ နောက်ထပ် လည်ပါတ်စရာမရှိလို့ စက်ရုံလဲပိတ် လုပ်သမား တွေလဲ ငတ်တော့တာဘဲ ။ အလုပ်ရှင်တွေ ငတ် မငတ်တော့ မသိဘူး၊ ပြည်သူပိုင် မသိမ်းခင်က ၊ စက်ရုံ အလုပ်ရုံတွေ အားလုံးလိုလို
ဟာ တရုတ် နဲ.ကုလား တွေ ပိုင်ကြတာဖြစ်တယ် ။ ဆိုရှယ်လစ်ဆိုတဲ့ အရိတ်အယောင် သန်းကထဲက နိုင်ငံခြားက ရောက်မဲ့ဆဲဆဲ ကုန်တွေလဲ
ရောက်မလာ ၊ ဘဏ်ထဲမှာလဲ ငွေမရှိတော့ ၊ ၅၀ိ တန် ၁၀၀ိ တန်တွေကို တရားဝင်အဖြစ်က ရုတ်သိမ်း ၊ ပြန်ရပြန်တော့လဲ တန်ဘိုး ၆၀ ရာခိုင်နှုန်း
ဘဲ ရတော့တယ် ။ အကျိုးဆက်ကတော့ စီးပွားရေးသမားတွေ ကုန်သယ်
တွေ ငွေကြေးလည်ပါတ်ဘို.ခက်သွားတယ် ၊ ခေါင်းအုံးအောက် ဖျာအောက် မှို.ယာအောက်မှာမှ ငွေ စုတတ်တဲ့ မြန်မာတွေ အထိခိုက်ကြီး ထိခိုက်သွားကြရတယ် ။ ငွေမရှိရင် ဘာမှ လုပ်လို.မရကါဘူးဆိုတာ မြန်မာတွေ အသိဆုံး ။



ဆိုရှယ်လစ် ခေတ်လွန်မှာတော့ အလုပ်ရုံ စက်ရူံတွေ ပုဂလ္လိက လက်ထဲ ပြန်ရောက် လာတော့ အလုပ်သမားတွေရဲ. အခွင့်အရေး ရပိုင်ခွင့် ဆုံးရှုံး
နေရတာတွေ နစ်နာနေရမှူတွေကို ပြောလာကြပြန်တယ် ၊ ဒီထဲ မှာ အလုပ်သမားကို ၇ ရက်( ၅၆ နာရီ) ခိုင်းပြီး ၊ ၅ ရက်( နာရီ ၄၀) စာဘဲ လုပ်ခပေးတယ် တဲ့ ၊ အလုပ် နောက်ကျခြင်း သာရေး နာရေးတို.ကြောင့်ခွင့်ယူခြင်း နာမကျန်းလို. အလုပ် ပျက်ကွက်တာတွေ အတွက် လုပ်ခ ဖြတ်ခြင်း ၊ အလုပ်ဖြုတ်ခံရခြင်းတွေ ကြုံကြရတယ် လို.ဆိုတယ် ၊ အလုပ်ရှင် အလုပ်သမားတွေ ဟာ ကြွေးဟောင်းဆပ်ကြသလို ၊ တူ နဲ့ပေ လို တယောက်တလှဲ့စီ ထုလိုက် ခံလိုက် ဖြစ်ခဲ့ကြတာ ၊ ကိုယ့်အတတ် ကိုယ်ဆူး ဘာမှ မလုပ်နိုင် ခေါင်းမဖေါ်နိုင်အောင် ဖြစ်ရလို.အပြည်ပြည်
ဆိုင်ရာ အလုပ်သမား အဖွဲ.ကြီးတောင် ၀င်ပါ လာရတယ် ၊ မြန်မာနိုင်ငံ တခုထဲ တော့ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ဒို.အရေးဟာ ဒို.အရေးဘဲ ပေါ. ။



အခု ဈေးကွက်အခြေခံ စီးပွားရေး နိုင်ငံခြား ရင်းနှီးမြှုတ်နှံလာတော့ မှာမို. မြန်မာနိုင်ငံက အလုပ်သမား လူတန်းစားတွေ မနစ်နာ ရလေ
အောင် ဘာတွေများ ကြိုတင်ပြင်ဆင်ထားသလဲ ၊ မြန်မာအလုပ်သမား
တွေကို ကမ္ဘာ.အဆင့်အတန်းမီ နိုင်ငံတကါ အဆင့် နဲ.အညီ တန်းတူထား တော့မယ်တဲ့လား ၊သူ တို.နိုင်ငံတွေက အလုပ်သမားတွေကိုပစ်ထားပြီး ဒို.အလုပ်သမားတွေကို ဦးစားပေး မယ် ၊ ဒါမှမဟုတ် အနဲဆုံးတော့ တန်းတူ ထားမယ် ပေးမယ်တဲ့လား ၊ ဒီလိုဆိုရင်တော့လဲ (မောင်ရင် ရယ်) နဲနဲလေးများလျှော့ပါ အုံးကွယ် လို.ပြောရမလား ၊ (ကြိတ်လိုက်တော့ ကိုယ့်လူရေ) လို.ဘဲပြောရ မလား ၊ ဘယ်သူမဆို ကိုယ့်အကျိုးစီးပွား ကိုယ်ကာ ကွယ်ကြတာဟာ သဘာဝ ။ မကြားကြဘူးလား သူတို့ပြောပြောနေတာ (သူတို.အကျိုးစီးပွား သူတို့ကာကွယ်မယ်) တဲ့ ။



တခြား အပိုင်းဂဏ္ဍ တွေက ပြည်သူ.၀န်ထမ်း အမှုထမ်း အရာထမ်းတွေနဲ.ရော လစာ ညှိဘို.များ လိုအုံးမလား ။ နိုင်ငံတ၀ှမ်းမှာ လုပ်ခကြေးငွေ
တွေ ညှိဘို.လို မလား ၊ ငွေကြေး လဲလှယ်နှုန်း ငွေကြေးဖေါင်းပွမှူတွေ ကုန်ဈေးနှုန်းတွေ ထိမ်းထားဘို.များလိုမလား ၊ ဈေးကွက် ကို အထိမ်း
အကွတ်မရှိ လွတ်လွတ်လပ်လပ်ကြီးကို လွှတ်ထားမှာလား ။ အလုပ်သမား
ဝန်ထမ်းလစာတွေကို ထိမ်းရင် ကုန်ဈေးနှုန်း တွေကိုလဲထိမ်းပေးရလိမ့်
မယ်လို.မြင်တယ် ၊ ဘယ်သူ.ကိုမှ လယ်ပင်း မညှစ်မိဘို.ဟာ အရေးအကြီး ဆုံးဘဲ ။



လုပ်ငန်းရှင်တွေက သူတို.အလုပ်သမားတွေကို လုပ်ခ လစာကောင်းတွေ ပေးနေပြီး ၊ ပြည်သူ.၀န်ထမ်း အမှုထမ်း အရာထမ်းတွေရဲ့ လုပ်ခ လစာတွေက နိမ့်နေလို.လဲ မဖြစ်သေးဘူး ၊ စားသုံးသူရဲ့ သုံးစွဲနိုင်မှု
အင်အားကြောင့် ထုတ်လုပ်နိုင်မှု စွမ်းအားတိုးတက်ရတဲ့ အလျှောက် စားသုံးသူရဲ.လိုအပ်ချက်တွေကို ဖြည့်စည်း ပေးနိုင်ဘို.ကလဲလိုသေးတယ် ။ လုပ်စရာတွေက အများကြီး ၊ ပြောစရာ တွေက တပုံကြီးဘဲ ၊



နောက်ကြုံမှ ဆက်ပြီး ဆွေးနွေးအုံးမယ် ပျော်ပျော် ပါးပါး ပေါ့ ။