Article submitted by: minkyaw thuyein on 6-Nov-2012  
လောကနိဗ္ပာန်ဖြစ်ရေးသည် လူသာလျှင် ပဓါဏ ။
ဒို.လူကလေးများဆိုသလေး ၊

(လူ တကိုယ် အိမ်တလုံး ကားတစီး ၀င်ငွေ တလ ကျပ် ၈၀၀) တဲ့ ၊ ကြားဘူးကြသလား မသိ ၊ ( ပြည်တော်သာ ခေတ်) လို.လဲ လူတွေ သိ ကြတယ် ။ အခုအချိန် ခုခေတ်မှာ ဒါမျိုးလာပြောရင် လူတွေ ရယ် ကြလိမ့်မယ် ၊ ရာခေတ် ကုန်လို.သိန်းခေတ်ကို ရောက်နေပြီ ၊ ရယ်ခြင်သာ ရယ်ကြမယ် ဒို.ဘာပြောနေတယ်ဆိုတာ သူတို. ခေါင်းထဲမှာ အစအန ရေးရေးလေးတောင် မရှိ မသိကြလို.ဘဲ လို.ပြောခြင်တယ် ။


တနိုင်ငံလုံး ရှိသမျှ လူ အားလုံး တပြေးတည်း အညီ ဖြစ်ဘို.ဆိုတာ ဂေါတမလဲ မတတ်နိုင် ၊ ယေရှူလဲ မကြံတတ် မိုဟာမက် ဆိုတာ ဝေ လာမှ ဝေးရောဘဲ။ ဘယ်ခေတ် ဘယ်အခါမှ ဖြစ် နိုင်စရာ မရှိဘူး ။ စိတ်ကူးယဉ် အိပ်မက်ဆိုတာကတော့ ရှိစမြဲဘဲ၊ စိတ်ကူးယဉ်အိပ်မက်တွေ အကောင်အထည်ပေါ်တဲ့အခါ ၊ စင်္ကြာဝဠာတွင်းက လ တွေ ဂြိုလ်တွေ ဆီတောင် ရောက်တယ်တဲ့ ၊ လူတွေဘဲ ဖြစ်ကြတဲ့ ဘုရားအလောင်း တေမိမင်း ၊ နေမိမင်း တို့တောင် ရောက်ကြဘူးတယ်လို.ဆိုတယ် ၊ မယုံရင် ပုံပြင်လို့သာမှတ်ကြ ပေတော့ ။


မြန်မာနိုင်ငံမှာ (လူ တကိုယ် အိမ်တလုံး ကားတစီး ၀င်ငွေ တလ ကျပ် ၈၀၀ ) ဆိုတဲ့ အချိန်က မှတ်မိတာပြောရရင် ရယ်ခြင် ရင် ရင်ကွဲ မောင်သာ ရယ်လိုက်ကြပေတော့ ဂ၃ ကျပ်စား ၁၁၀ ကျပ်စား ၂၁၀ ကျပ်စားဆိုတာတွေဟာ ရှားပါးစားရိတ် အပါအ၀င် ဖြစ်တဲ့ လစာ တွေဘဲ ၊ အခုရနေတဲ့ လစာတွေနဲ့ ယှဉ်ကြည့်ကြပေါ့ ၊ လူ တကိုယ် အိမ်တလုံး ကားတစီးထိ မရောက်သေးပါဘူး ။


သာမန်လူတန်းစား အလုပ်သမားလူတန်းစား စာရေးစာချီ စသည်တို. ပေါ့လေ ။ ပြန်တမ်းဝင်ဆိုတဲ့ အဆင့်ကျမှ တလ ဂ၀၀ ကျပ်နဲ့အထက် ရပြီး ၊ ဇနီးသား မယားစီးဘို. အရစ်ကျ လစဉ်ပေး စံနစ်နဲ့ ကိုယ်ပိုင် မော်တော်ကား အသစ်စ်ကစ်က ဂျပ်ချွှတ် ကိဝယ်နိုင်တယ် ။ ဒါဒင် မက တာဝန်ထမ်းဆောင်ဘို့ အဆောင်အယောင် တခုအနေနဲ့ သင့်တော်ရာ ကားလေး တစီးလဲ ထုတ်ပေးထားသေးတယ် ။ မီး ရေ အပြည့်နဲ့ အိမ်လဲ ရတယ် ၊ ဒီလိုမှမဟုတ်ရင် အိမ်ဌါးနေရရင် အိမ်လခ အဖြစ် လစာရဲ့ ၁၀ ရာခိုင်နှုန်း ရကြတယ် ၊ ပြန်တမ်းဝင် မဟုတ်သူတွေ ၂၁၀ ကျပ်စားနဲ့
အောက် မီး ရေ အပြည့် အိမ်ခန်းရကြတာ များ တယ် ၊ အိမ် မီး ရေ လခ မပေးကြရဘူး ။


အစိုးရအမှူထမ်း ပြည်သူ.၀န်ထမ်း မဟုတ်တဲ့ လယ်သမားဆိုတဲ့ လူတန်း
စား ကလဲ ထွန်တုန်း ထွန်တန် ကျွှဲ နွား နဲ့ မြေသြဇာ ၀ယ် လို. အစိုးရှဆီက အမတော်ကေးဆိုတဲ. ငွေ ကို လက်ငင်းငွှေအဖြစ်နဲ. ရ ကြတယ် ၊ ပုဂလ္လိက အလုပ်သမားလူတန်းစား တွေက တော့ ပုဂလ္လိက လုပ်ငန်းရှင်
တွေရဲ.မေတ္တာစေတနာပေါ်မှာ မူတည်ပြီး နဲ. ကိုယ်ထူကိုယ်ထ လုပ်နိုင်မှ
စားရတဲ့ ဘ၀ ၊


မြန်မာနိုင်ငံမှာ သတ္တဗေဒ အခွန်တော်ဆိုတမြန်မာဘုရင်များလက်ထက် ကတည်းက ရှိခဲ့ဘူးပေမဲ့ ၊ ဒီအခွန်တော် ဟာ မြန်မာ လူမျိုးတို.ကြားမှာ ဆေးခါးကြီး တပါးဖြစ်ခဲ့တယ် ၊ သာယာဝတီသူပုန် လို.အမည်တတ်ခံရတဲ့ သူ.ကျွှန်မခံတဲ့ ဂဠုံတပ် ခေါ့င်းဆောင် ဆရာစံ ကို ဘုရင်ရူး ရုးနေတာလို.ဆိုတယ် သူနဲ.နောက်ပါတွေကို အင်္ဂလိပ်က ခေါင်းဖြတ် ကြိုးပေးသတ်ခဲ့
တယ် ။


ဆရာစံ မတိုင်ခင် အရင်က ရန်ကြီးအောင် ကုန်းဘေါင်ခ ရတနာသိင်္ခ မုဆိုးဘို နဲ. ရွှေဘို ဆိုပြီး ၅ မည်ရမြို.က ဦးအောင်ဇေယျ ဘုရင်အဖြစ် ကျေငြာပြီ မွန်တလိုင်း တို.ကို တန်ပြန် တိုက်တုန်းက ဦးအောင်ဇေယျ(အလောင်းဘုရား) ကို အင်္ဂလိပ် က ခဲယမ်း မီးကျောက်တွေ လက်ဆောင်
ပေးပြီး မိတ်ဖွဲ.ခဲ့တဲ့ အထောက် အထားတွေတော့ရှိတယ် ။


ဦးအောင်ဇေယျ မတိုင်ခင် အ၀ဘုရင်ကို ဟံသာဝတီမွန်ဘုရင်က မိသားစု
နောက်လိုက် တွေနဲ.တကွကို စစ်သုံ.ပန်းအဖြစ် ဖမ်းဆီးပြီးနောက် မှ အဆုံးစီရင်ခဲ့တယ် ။ ဒါတွေဟာ မဆန်းပါဘူး ၊ ဒို.ခေတ်မှာ ဘူလီးဗိးယား
မှ ချေဂွေဘရာ ၊ ရိုမေနီးယားက ချာချက်စကု မောင်နှံအာဖ၈န်နစ္စတန်
အရေး နဲ.နာဂျီဘူလာ၊ အိုစမာဘင်လာဒင်၊ အီရတ်က စာဒန်(မ) ဟူစိန် ၊ လစ်ဗျားက မိုဟာမါ ဂဒါဖီ တို.ဟာ ယဉ်ကျေးတိုးတက်နေတဲ့ ကါလမှာ ယဉ်ကျေးတိုးတက်နေပါတယ်ဆိုတဲ့ လူတွေရဲ့ လက်စားချေမှူနဲ့အသေဆိုး
သေပွဲဝင်ကြရတယ် ၊


ကြုံလိုသာ ပြောရအူံးမယ် ဆိုရင် ။ ကိုအောင်ဆန်းတယောက်ကတော့ ကံ မကောင်းရှာဘူး ။ ပါရမီ ဆိုတဲ့ ရှေးဘ၀ ကံဘဲလား မပြောတတ် အောင်ဘဲ ဆိုပါတော့ ။ မှတ်ချက်ပြုရရင် အင်္ဂလိပ်အပါအ၀င် အနောက်
ဖက် အုတ်စု ဆိုတာနဲ့ သဟဇါတ မဖြစ်ရင် ကိုယ်ကျိုးနဲလိမ့်မယ် သေ ဘို့သာပြင်ထားပေတော့ ဆိုတဲ့ သဘောဘဲလား မသိဘူး ။


ဆရာစံနဲ.ကိုအောင်ဆန်း တို.ကို ဥပမာ ပြုရရင် ဒီနေ. ဦးသိန်းစိန်နဲ.တစုကို ဘယ်သူတွေက ဘယ်လိုရာဇသံတွေ တိုးတိုးတိတ်တိတ် ပေးထားတယ် မသိဘူး လို. ပြောခြင်ရင်တောင် ပြောနိုင်သေးတယ် ၊


(လူ တကိုယ် အိမ်တလုံး ကားတစီး ၀င်ငွေ တလ ကျပ် ၈၀၀) ဆိုတဲ့ ခေတ် အပြီး ဆိုရှယ်လစ် ခေတ်ရောက်ပြန်တော့၊ အဆိုး နဲ့ အကောင်း
ဆိုတာ ရှိခဲ့ တာဘဲ ၊ အကောင်းရှိလို.သာဘဲ အဆိုးဆိုတာ ရှိရတယ် ။ ဘယ်သူတွေက ဘယ်လို သမိုင်းမှတ်တမ်းတင် ကြမယ်မသိဘူး ။ ရေမြင့်လေ ကြာ မြင့်လေ တဲ့။ ဆိုလိုတာက အလုပ်အကိုင် နေရပ် အတည်တကျ ရှိသူတွေ အတွက် အိုး အိမ် မြေ ယာ မော်တော်ကား စသည်တို.အရစ်ကျ လ ပေး စံနစ် ဆိုတာတွေဟာ အရင်းရှင် နိုင်ငံတွေ
မှာ သမရိုးကျ လိုဖြစ်နေပေမဲ့ မြန်မာနိုင်ငံမှာ ဒီအပိုင်းက ဘယ်လောက် တိုးတက်နေ တယ်ဆိုတာတော့ မသိဘူး ၊ မြန်မာတိုရဲ့ ၀ါဒကတော့ ( ရော့ ပတ္တမြား ရော့ နင်္ဂါး) တဲ့ ။ လက်ငင်းငွေချေစံနစ် ကြိုက်တယ် ၊ မြန်မာတွေ
ဟာ ကြွေးမြီရှိရင် ဘ၀ကူး မကောင်းဘူး ၊ ဘုန်းကြီးတောင် မ၀တ်နိုင် ဘူး
လို. ယုံကြည်ကြတယ် ။


ကြုံလို.ပြောရရင် နိုင်ငံရပ်ခြားမှာလဲ အကြွေးစံနစ် အရစ်ကျ လပေး စံနစ် ဆိုတာတွေသာမရှိ ခွင့်မပြုခဲ့ရင် လူတွေဟာ လမ်းပေါ်နေပြီး လမ်းပေါ်စား
လမ်းပေါ်မှာဘဲ သေကြရမှာမို. အလောင်းကောက်မဲ့ လူတောင် မရှိဖြစ်ရ
မယ် ဆိုရင် ၊ တော်ပါရှင် ကိုပွကြီးရယ် လို. ဆိုကြလိမ့်မယ်၊


ဒီလိုမဖြစ်ရလေအောင် အစိုးရ ဆိုတဲ့ ပြည်သူ. ကိုယ်စားလည်တွေဟာ ပြည်သူတွေကို သူတို.ရဲ ပစ္စုပ္ပန် အနာ၈ါတ် လိုအပ်ချက်တွေ ကို လိုသလို ကူညီ ထောက်ပံ့ ဆောင်ရွက်ပေးဘို. လိုအပ်တဲ့ ဘဏ္ဍာတော်အတွက် အခွန်ငွေ အမျိုးမျိုးကို ဥပဒေအရ မပေးမနေရ ကောက်ခံကြရတယ် ။ သု.ဆီနဲ.သူကျော်ရတယ် ၊ အခွန်တော်ငွေ မပေးဘဲ နည်းအမျိုးမျိုးနဲ.လိမ်ညာ
ရှောင်တိမ်းသူတွေ အကျိုးခံစားခွင့် လိမ်ညာလျှောက် စားသူတွေကိုလဲ ထိထိ ရောက်ရောက် ပြင်းထန်စွာ အရေးယူတယ် ။


မြန်မာပြည်နဲ့မြန်မာတွေ တိုးတက်ဘို. မြန်မာတွေပေါ်မှာဘဲ တည်တယ် ၊ ဘယ်လိုတိုးတက်ခြင်သလဲ ၊ ဘယ်လောက် တိုးတက် ခြင်သလဲ ဆိုတာ၊ ကိုယ့်ဝန် နဲ့ ကိုယ့်အား ဒါကိုတော့ တိုင်းတာရလိမ့်မယ် သိဘို.လိုတယ် ။ ဆိုလိုတာက ကိုယ်ဟာကိုယ် သိအပ် တယ် ၊ အားနဲ့ဝန်မျှတရလိမ့်မယ် ၊ မတန်တဆတွေ မဖြစ်ကောင်းဘူး ၊ (မတန်လို. ပြန်ပို.ရတယ် မရှိဘူုးပေါင်ကွယ်) ဆိုတဲ့စကားဟာ အစ ကတည်းကိုကမတန်တာ မလပ်ဘို. တန်ယုံလုပ်ရင် မတန်တာ မရှိဘူး လို. ဆိုလိုဟန်ရှိတယ် ။


ဒို.ဟာမြန်မာတွေ ဒို.မှာ ဒို့ရဲ. သမိုင်း ယဉ်ကျေးမှု အနုပညာ ထုံးတန်း
စဉ်လာ ဓလေ့တွေ ဒို.ဟာနဲ့ ဒို.ရှိတယ် ဆိုပြီး ပြောပြောနေတာ အလကား ပြောနေတာ မဟုတ်ဘူး ဆိုတာ သိစေခြင်တယ် ။(နွားမ ရွှဲ.ပိတ်) ဆိုတာ
ဟာ မြန်မာစကား ၊ ဒီနေ. မြန်မာနိုင်ငံမှာ အားလုံးဟာ နွားမ ရွှံ.ပိတ်ချည်း
ဘဲ ဆိုရင်မှားမလား ၊ ဥပမာပြရရင် ကုန်တင် ကားဟောင်းတွေခရီးသယ်
တင် ဂျိ(ပ်) ကား၊ ဒေါ့ ဂျိ(ပ်) ၊ ချက်ပလက် ဆိုတာတွေ စတဲ့ ကားတွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက ကျန်ခဲ့တဲ့ ကားဟောင်းတွေ ၊ စစ်ဖက်ရဲ.အပို အာမီ ဆာပလပ်(စ)တွေ၊ ထိမ်းသိမ်းပြုပြင်မှူ ကောင်းလိုသာ အခုထိ မရှိလွန်းလို.အဟောင်းကိုဘဲ မျက်စေ့မိတ်ပြီး အကောင်းအဖြစ် သုံးနေရ
တယ် ၊ တကယ်သာပြောရရင် သပုံဂျိုင့် နဲ့ သံရည်ကျိုစက်ရောက်သင့်နေ
တာ ကြာလှပြီ ၊ အခုကြည်.လေ မြှုတ်ထားခဲ့ တာဆိုတဲ့ စပစ်ဖါးယား တိုက် လေယာဉ်တွေ ကို လာပြီးဖေါ်ယူမလို.တဲ့ ၊ ၆၅ နှစ်လုံးလုံး ဘာတွေ
လုပ်နေကြသလဲ ၊


ခရီးသယ် အသက် အန္တရယ် ခရီးသွားလုံခြုံရေး လမ်းပန်းပျက်ဆီးမှာတွေ
မပူနိုင်ဘူး ၊နောင်ခါလာနောင်ခါဈေး ။ ဘတ်စကားတွေ လုံခြုံမှု မရှိပေမဲ့ အရေးမကြီးပါဘူး ၀တ်စုံတူ အမျိုးမျိုးဝတ်တွေက ကူညီကြဘို.အသင့် ကူညီမဲ့လူတွေ တောင်လိုပုံနေတယ် ၊ အဲဒါ အလွန် ချစ်စရာ ကောင်းတဲ့ မြန်မာ့ စိတ်ဓါတ် ၊ သူ့ဟာနဲ့သူ အဟုတ်ကြီးဘဲ ဘာမှပူစရာ မလိုပါဘူး ၊ ညီညွတ်မှူကိုပြနေတာ ဖြစ်နိုင်တယ်၊ စီးပွားရေး လုံးပန်းနေကြတာ၊ နဲနဲ နဲ့ ကြဲကြဲဝိုင်းနေကြရတာ စီးပွားရေးသောင်းကျန်း နေကြတာ မဟုတ်နိုင်
ပါဘူး ။၊ ကြိုက်သလိုသာ သင့်သလိုသာ ပြောကြပေတော့ ၊ မရှိလိုလုပ်စား
တာပါ ဆရာရယ် ကူညီပါ တဲ့ တယောက်ကပြောတော့ တယောက်ကလဲ သိတတ်မှုနဲ့ကူညီလိုက် တယ် ဘာပြောစရာလို သေးလဲ ၊


အကောင်းဘက်ကကြည့်ရင် အကောင်းဘဲပေါ့ ၊ အားလုံး ထမင်းစားဘို.လုပ်နေကြတာဘဲ ဘယ် သူသေသေ ငတေ မာရင် ပြီးရောပေါ့ ဟုတ်ဘူး
လား ။


ဘယ်သူတွေက ဘာတွေဘဲပြောပြော ဒို.မြန်မာနိုင်ငံကိုပြာပုံတွေကြား
ပြားပြားဝတ် အကျိုးအပဲ့ အပျက်အဆီး အပုံလိုက် အပုံလိုက် တွေကို တွေမြင်ကြုံတွေခဲ့ ကြရင် လွတ်လပ်ရေး ခေတ်လွန်မြန်မာနိုင်ငံဟာ ဘယ်
လောက် တိုးတက်ဖွံ.ဖြိုးနေတယ် ဆိုတာကိုတွေ.ရလိမ့်မယ် ။ ဒါတွေသိဘို့
ရာ မော်ကွန်းတိုက် အမျိုးသားပြတိုက်တွေကို သွားပြီးလေ့လာရမယ် ၊


မြန်မာနိုင်ငံ့ အရေးဟာ ဒို.မြန်မာ တွေအားလုံးရဲ့ အရေးမို. ဒို.အားလုံး ဒို.အရေးကို စိတ်ဝင်စားရမယ် ၊ ဒါမှလဲ ဘယ်သူတွေဟာ ဘာကြောင့်
ဘာတွေပြောပြီး ဘာတွေ လုပ် နေတယ်ဆိုတာ ဒို.သိလိမ့်မယ် ဖြစ်တယ် ။


မြန်မာနိုင်ငံ မတိုးတက် မဖွံ.ဖြိုးဘူးဆိုပြီးပြောရအောင် ဘယ်နိုင်ငံနဲ. နှိုင်းယှဉ်ပြီး ဘယ်သူကပြောနေကြတာလဲ ။ မြန်မာနိုင်ငံဟာ (ဖွံ.ဖြိုးမှု နဲပါးတဲ့ နိုင်ငံ) လို.ဘဲ ဆိုတယ် ၊ ပြောကြစတန်း ဆိုရင် ဒို.နိုင်ငံ ဖွံ.ဖြိုးမှု နဲပါးရတာဟာ အကြောင်းအကျိုးနဲ့ အားလုံးမှာ တာဝန် ရှိတယ် ဆိုရင်
ပိုပြီး မှန်လိမ့်မယ်။ တာဝန်ရှိသူတိုင်း တာဝန်ပျက်ကွက်ကြလို.ဖြစ်တယ် ။ တကြိမ်မက အကြိမ်ကြိမ် ပြောခဲ့ဘူး ပြီးပြီ အကျယ်ချဲ.ပြောနေစရာမလို
တော့ဘူး လေ ။ နားထူနေပါပြီ ဆိုရင်လဲ မတတ်နိုင်ဘူး ပြောရအုံးမှာဘဲ ၊ ကိုယ့်ဟာကိုယ် သိကြ ရမယ် ကိုယ့်အပိုင်းနဲ.ကိုယ် ပြုပြင်ရမယ် ၊ လိုအပ်
တာတွေကို သိအောင် လုပ်ကြရမယ် ၊ ပြုပြင်ပြောင်း လဲမှု တွေ ရက်ရက်
ရောရော ရဲရဲတင်းတင်း ပြုလုပ်ရမယ် ၊ အဲဒါတွေ မလုပ်နိုင်ရင် ဘာမှ
ထူးကဲပြောင်းလဲလာ လိမ့်မယ် မဟုတ်ဘူး ။ တိုးတက် ဖွံ.ဖြိုးနေတာတွေ ကို ပိုပြီးတိုးတက် ဖွံ.ဖြိုး ခေတ်နဲ အညီ ခေတ်မီအောင် လုပ်ကြရမယ် ။




ပြတ်ပြတ်ပြောရရင် မြန်မာနိုင်ငံကို လောကနိဗ္ပာန်တခုအဖြစ် ဖန်တည်းနိုင်ဘို. လိုအပ်တဲ့ သယံဇါတတွေ အလျှံပါယ် ရှိပါရက်နဲ. ငရဲ တဖုံဖြစ်နေသလို ပြောနေကြတာဟာ (လူသာလျှင် ပဓါဏ) ဆိုတာဘဲ ဖြစ်လိမ့်မယ် ။


ဒီမှာဒင် တော်လိုက်အုံးမယ်နော် ပျော်ပျော် ပါးပါး ပေါ့ ။