Article submitted by: minkyaw thuyein on 2-Nov-2012  
မြန်မာနိုင်ငံ နဲ့ ပြန်လည်ထူထောင်ရေး ။
ဒို.လူကလေးများဆိုသလေး ၊

ကြားဘူးကြမှာပေါ့ ( ဒို.တိုင်းပြည် ကောင်းစားဘို.ရာ ဒို.အားနဲ.ဒို.တာဝန်
ဖြစ်သည် ၊ စစ်ဘေး စစ်ဒါဏ်မှု ကြောင့် ပြာဖြစ်ခဲတဲ့ ဒို.ပြည်ကိုသာရည် ၊ ထူထောင်ဘို.ရာ တိုင်းရင်းဘွားစစ် ဒို.တာဝန်ဖြစ်သည် )


မြန်မာနိုင်ငံနဲ. မြန်မာတတွေအသက်ရှူပေါက်ချောင်အောင် ဘယ်သူတွေက ဘာဘဲ ၀ိုင်းလုပ် ၀ိုင်းကူညီညီမြန်မာတွေကိုယ်တိုင်က ကိုယ့်ကိုကိုယ် မကူညီရင် ဘာမှဖြစ်လာမှမဟုတ် ကူညီလိုသူကလဲ မကူညီခြင်တော့ဘဲ သူတို.အကျိုးစီးပွား ဘဲသူတို.ကြည်.ကြ တော့မယ် ။ ကိုယ့်ထမင်းကိုယ်စားပြီး- ကြီးဒေါ့်နွား - ကျောင်းပေးလိမ့်မယ် မဟုတ်ပေဘူး ။


ပညာရှိသူများရဲ. စကား တချို.နဲ.စ ရရင် ၊ ကြားဘူးတဲ့ ပုံပြင်တခုကို သတိရတဲ့အတိုင်း ပြန်ပြောရလိမ့်မယ် ၊ တခါက မိဘ ၂ ပါး ဆုံးပါးသွားတဲ့ လူငယ်တယောက်ဟာ ကုဋေ ၈၀ ဘိုးရှိ မိဘအမွေကျန် ကိုရှရိ ခဲ့သတဲ့ ။ အသိပညာဥာဏ် မရှိ နည်းပါးတဲ့ ထိုသူငယ်ရဲ့ အမွေဟာ မကြာခင်ကါလမှာဘဲ ကုန်ခန်း သွားယူံဒင်မက သူငယ် မှာ နေစရာမရှိ စားစရာ လမ်းပေါ်နေ ဖုန်းတောင်းယာဇကာ ဘ၀နဲ.အသက် ဆုံးပါးတဲ့အခါ စရိတ်စိုက်ပြီး အသုဘ ချပေးမဲ့ သူတောင် မရှိလို. အလောင်းကောင်ကို ဠင်းတ ကြွေးလိုက်ရတယ် လို.ဆိုတယ် ။


( ကံ ဥာဏ် ကို ယုံကြည်ပါ ကိုယ့်ကိုကိုယ် အားကိုးပါ လိုရာကို စိတ်ကူးခါ အောင်လမ်းကို တွေ.အောင်ရှာ ၊ မမီတဲ့ ပန်းဟာ လေါကမှာ မရှိသေး မောင်တွေးကြံယူခါ တံကျူ နဲ့ချူရင် အလွယ်တကူပါ - အတ္တဟိ အတ္ထနော နာထော မိမိကိုယ်ကို ကိုးကွယ်ရာ) (သူများအားကိုး ခါးကျိုးနလန်မထူ ၊ တကဲ့လူဆိုတာ အတ္တဟိ အတ္ထနော နာထော မိမိကိုယ်ကို ကိုးကွယ်ရာ ) တဲ့ ။ ဒါက လူကြီး ပြော ၊ နောက်တမျိုးက (ဗမာ တမျိုးလုံးရဲ့ တာဝန်တွေကို လုံ.လ ၀ိရိယ ဇွဲ နဲ့ နွှဲရင် ဧကံမလွဲ အမြဲအောင်မြင် မည် ) လို.ဆိုပြန်တယ် ။ အများကြီးရှိ ပါသေးတယ် လေ ၊ အများကြီးပါ ။


သိကြဘို.က နယ်ချဲ.ပဒေသရာဇ်စံနစ်ဖြစ်စေ ဖက်စစ်စံနစ်ဖြစ်စေကို ဆန်.ကျင်တယ်တဲ မကျင့်သုံးနျိုင်ရင် ကိုယ်ထူ ကိုယ်ထ စံနစ် ကျတော့လဲ ပြေပြေ ပြင်ပြင် ကျင့်သုံးနိုင်ခဲ့ခြင်း မှရှိဘူး ဆိုတာလက်တွေ.ဘဲ ၊ မြန်မာတွေ ဘာစံနစ်ကို ကျင့်သုံးကြသလဲလို.မေးရင် ဘာဖြေရမှန်း
တောင် မသိဘူး ၊


လူကြီးပြောတာတွေဟာ များသောအားဖြင့် ဗုဒ္ဒဟောတဲ့ တရားတွေ က ယူတာတွေ ၊ တရားဓမ္မတွေကို ရည်ညွှန်းတာတွေ ဆိုရင် မမှားဘူး ၊ ဗုဒ္ဒဟော တဲ့ ထဲမှာ အခါအားလျှော်စွာ တရားနာရမယ် ၊ အခါအား
လျှော်စွာ တရားဓမ္မကို ဆွေးနွေး နှီးနှောကြရမယ် လို.လဲ ဆိုတယ် ။


ခြုံလိုက်မယ်ဆိုရင် ကောင်းသော စကား နှုတ်မှာထား ပြောကြားကြ
ရမယ် ၊ ဆွေးနွေးကြရမယ်ဘဲပေါ့ ဒါတွေဟာ ကောင်းတဲ့အလုပ် တွေဘဲ ၊ ဗုဒ္ဒရဲ့ ပဌမ ဟော ဓမ္မစင်္ကြာမှ ဒီ အတိုင်း အတိအလင်း ဆိုထားတယ် ။ မှန်သော ကောင်းသော စကားနှုတ်မှာထားပြော ကြားကြရမယ်တဲ့ ။ တချို. ဗုဒ္ဒဘာသာ မဟုတ်သူတွေ အတွက်ကတော ပြည်သူ.နီတိ လို.ပြောရင် ဘာသာစွဲ မပါတော့ ဘူးပေါ့ ၊ ဗုဒ္ဒတရားဟာ ပြည်သူ.နီတိ - ကဲ ဘဲ့နဲ့လဲ ။ လူ မှန်ရင် ဘယ်လို ပြူမူ ပြောဆို နေထိုင်ရမယ် ပါတ်ဝင်းကျင်
နဲ အန်ဝင်ဂွင်ကျနေနိုင် ရမယ်ဆိုတဲ့ အညမည သဘောတရားတွေဘဲ မဆလဆိုရှယ်လစ် ဆိုတာတွေ မပေါ်ခင် မမွေးခင်က ရှိခဲ့တာတွေဘဲ
ဖြစ်တယ် ၊ မဆလ တွေ တည်ထွင်ဖန်တည်းတဲ့ စကားရပ်တွေ မဟုတ်
ဘူး ဆိုတာ သိစေလိုတယ် ။


နိုင်ငံခေါင်းဆောင်တွေဟာ ဘယ်လောက်ဘဲအတန်းပညာတွေတတ်
တတ် ပြည်သူလူထုကို ခေါင်းမဆောင်နိုင်ရင် ခေါင်းဆောင် ဆိုတာ မဖြစ်သင့် မဖြစ်ထိုက်ဘူး ၊ ဒီမိုကရေစီ ဆိုတာမှာ ခေါင်းဆောင်ခြင်သူ
တွေထဲ က ခေါင်းဆောင်ကို ပြည်သူလူထုက ရွေး တယ် ၊ အဲဒိ နောက် ခေါင်းဆောင်က ပြည်သူလူထုကို ခေါင်းဆောင်သလား ၊ ပြည်သူလူထုက ခေါင်းဆောင်ကို ခေါင်းဆောင်သလား ဆိုတာကတော့ မသိတော့ဘူး ။ အမျိုးမျိုးပြောနေကြတာဘဲ ။


နိုင်ငံတော်ကို ပြည်သူတရပ်လုံးက တည်ဆောက်တာ ။ ခေါင်းဆောင်
တယောက်ထဲက တည်ဆောက်တာမဟုတ်ဘူး၊ ခေါင်းဆောင် က ဘာတွေပြောဆို စီစဉ် ချမှတ်စေ ပြည်သူတရပ်လုံးက နားမထောင် လက်တွေ.အကောင်အထည်ပေါ်အောင် လိုက်နာဆောင်ရွက် ခြင်း မရှိရင် အချည်းနှီးဘဲ ဖြစ်လိမ့်မယ်ဆိုတာ ဒို.တတွေ လက်တွေ.ဘဲ ၊ ဒို. ချို.ယွင်းချက် ဒို.အပြစ်တွေ ခေါင်းဆောင်ပေါ် ပုံချ ဘေးလူတွေအပေါ် ပုံချ တာတွေကိုက တရားနည်းလမ်းကျ မျှတတယ်လို.မဆို နှိုင်ဘူး ၊


ခေါင်းဆောင် ဆိုတာ ခေါင်းဆောင်အဖြစ် တင်မြောက်ခံရရင် နိုင်ငံတော်နဲ.နိုင်ငံသားတို.အတွက် လုပ်သင့် လုပ်ထိုက်တာမှန်သမျှ ဖြစ်တဲ့နည်းနဲ.လုပ်ရလိပ့်မယ် ၊ ခေါင်းဆောင်ရဲ.လုပ် ကိုင်ဆောင်ရွက်မှု
တွေကို ပြညိသူတွေက နားလည်သဘောပေါက် လက်ခံ လိုက်နာ
ဆောင်ရွက် ဘို.လိုအပ်လိမ့်မယ် ၊ ခေါင်းဆောင်ဟာ သူ.ရဲတာဝန်
ဝတ္တရားတွေကို စွမ်းစွမ်းတမန်ဆောင်ရွက်ရာမှာ ကြိုးမဆွဲနှိုင်သူတွေက သူ.ကို အာဏာရှင်အဖြစ် ပါဝါရူး အဖြစ် မလိုသူတွေက ၊ ယိုးစွပ်ကြ လိမ့်မယ် ၊ ဒီအတိုင်းဘဲလဲ ဖြစ်ခဲ့ဘူးတယ် ။


လေါကမှာ အသိတရားနဲ.အကြောက်တရား ဆိုတာတွေရှိတယ် ၊ လူတိုင်း
မှာလဲ ရှိအပ်တယ် ၊ ဘာကိုသိရမလဲ ဘာကိုကြောက်ရမလဲ ဆိုတာတွေ
ကတော့ ကလေးဘ၀ ကျောင်းသွား စာသင်သား အရွယ်ဘ၀ကတည်းက မိဘနဲ.ဆရာသမားတွေက သင်လိုက်တာဘဲ ၊ ဘာသာရေး အဆုံးအမ
တွေထဲမှာလဲရှိတယ် ၊ ကိုယ်လိုသလိုသုံးကြဘို.ဘဲ ။ အသိပညာရှင်
တွေဟာ အသိတရား အကြောက်တရား ဆိုတာတွေ ပြောကြ ဟောကြ
တယ် ဒါတွေကို မမေ့ထိုက်ဘူး ၊


အသိပညာမဲ့သူ တွေကတော့ ပညာရှင်တွေကို စိန်မခေါ်သင့်ဘူးလို.ဆိုခြင်တယ်၊ အားမနာတန်း ပြောရမယ်ဆိုရင် (အသိတရား မရှိတဲ့သူဟာ အကြောက်တရားမရှိသူဘဲ) ဖြစ်တယ်လို.မြင်တယ် ။ တနည်းအားဖြင့် ပြောရရင်လဲ အကြောက်တရား မရှိရင် လူလောက ပါတ်န်းကျင်တခုလုံး ဟာ ယဉ်ကျေး တိုးတက်လာလိမ့်မယ် မဟုတ်ဘူး အရိုင်းအဆိုင်းတွေနဲ့ဘဲ ပြည့်နေလိမ့်မယ် လို.ဘဲ ဆိုရမှာပေါ့ ။


ကြောက်ထိပ်စိုးရွံ.မှု ကင်းဝေးရအောင် ဆိုတာ ကိုယ့်မှာ အသိစိတ် ၊ အသိတရားဘယ်လောက်ရှိတယ် ဆိုတာပေါ်မူတည်တယ်။ (လေါကမှာ ဘာကိုမှကြောက်စရာမရှိဘူး ၊ ဒို.ကဘာကိုမှ မကြောက်ဘူး ) ဆိုပြီး လုပ်ခြင်တာလျှောက်လုပ်ရင် ဖြစ်ခြင်တာတွေရော၊ မဖြစ်ခြင် တာတွေပါ ဖြစ်ကုန်လိမ့်မယ် ၊ ဖြစ်ခြင်တာတွေ အတွက်ကတော့အရေးမကြီးဘူးပေါ့ ။ မဖြစ်ခြင်တာတွေဖြစ်လာလို.ထိမ်းမ နိုင်သိမ်းမရ ဖွတ်မရ ဒါးမဆုံးရင် ကိုယ်ချည်းမဟုတ် ဘေးလူတွေပါ ထိခိုက်နစ်နာမယ် ဆုံးရှုံးရမယ်။


အသိပညာမဲ့သူတွေဟာ အသိပညာရှင်တွေကို စိန်မခေါ်သင့်ဘူးလို.ဆိုခြင်တယ်၊ အားမနာတန်း ပြောရမယ်ဆိုရင် (အသိတရား မရှိ တဲ့သူဟာ အကြောက်တရားမရှိသူ) ဘဲဖြစ်တယ်လို.မြင်တယ် ။ တနည်း
အားဖြင့် ပြောရရင်လဲ အကြောက်တရား မရှိရင် လူလောက ပါတ်ဝန်း
ကျင်တခုလုံး ဟာ ယဉ်ကျေး တိုးတက်လာလိမ့်မယ် မဟုတ်ဘူး အရိုင်း
အဆိုင်းတွေနဲ့ဘဲပြည့်နေလိမ့်မယ်လို.ဘဲ ဆိုရမှာပေါ့၊ အကြောက်တရား
ဟာလဲ မရှိမဖြစ်ပစ္စည်း သူ.နေရာနဲ့သူ အသုံးဝင်တာမို.ရှိနေတာဘဲ ဖြစ်တယ်။


ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုနဲ.မြန်မာစကား ၊ တန်ပြန်တတ်တယ် ဆိုတဲ့
စကားတွေဟာ သတိပေးစကားတွေ ။ မယုံမရှိ မဖြစ်သင့်ဘူး ၊၊


နောက်နှဘဲ ဆက်အူံးမယ် ၊ ဒီနေ.တော့ တော်လေါက်ပါပြီ နောက်တွေ.ကြအုံးမယ်လေ ပျော်ပျော်ပါးပါး ပေါ့ ။