Article submitted by: minkyaw thuyein on 27-Oct-2012  
မြန်မာ့ စီးပွားရေး ဘဏ်နဲ့ အာမခံ လုပ်ငန်&
ဒို.လူကလေးများ ဆိုသလေး ၊

ပြောပါရစေ ချစ်မိတ်ဆွေ ၊ ဖတ်ပါ ၊ မှတ်ပါ ၊ ကြော်ငြာပါ ၊ လိုတာကိုဆောင် မလိုတာကိုရှောင် ၊ အပေါင် မထားနဲ့ အပေါင် ဆုံး ဖြစ်သွားတတ်တယ် ။


မြန်မာ့ စီးပွားရေး အောင်မြင် စေဘို. ၊ မြန်မာနိုင်ငံက မြန်မာ့စီးပွားရေး နဲ့ မြန်မာတဒွေ အကြောင်း သိတာလေးတွေရော မသိတာ လေးတွေပါ စဉ်းစားကြဘို. တင်ပြပါရစေ၊ ကိုယ်သိထားတာ ရှိရင်လဲ သူများကို ဝေငှကြပါ ။


(ရာဇ၀င် ကြွေူးကို ဆပ်ကြရအောင် သူရသတ္တိရှိတဲ့ မြန်မာတွေရယ် ဘယ်လို တိုက်ရမယ် ၊ သွေးနဲ.တိုက်ရမယ် ချွေးနဲတိုက်ရမယ် တဲ့) ဆိုတဲ့ မြန်မာ့ အောင်သံတော် လို.ဘဲ ပြောပြောစစ်ကြွေးကြော် သံ လို.ဘဲ ဆိုခြင်ဆို ၊ ဒီ ကြွေးကြော်သံ အောင်သံတွေနဲ. ဒို. တိုက်ပွဲဝင်ခဲ့လို. လွတ်လပ်ရေး ရခဲ့တယ် ဆိုတာ သိစေခြင်တယ် ၊ မမေ့စေလိုဘူး ၊ မြန်မာနိုင်ငံဟာ လွတ်လပ်ပြီး အချုပ်အခြာ အာဏာပိုင် နိုင်ငံ ဆိုတာ သိထားကြစေလိုတယ် ။ စကားလုံး တလုံးခြင်းရ.ဲ လေးနက်တဲ့ အဓိပ္ပါယ် ကိုလဲ သိကြစေခြင်တယ် ။


ဒို.မြန်မာတွေ အခုလို ဆင်းရဲမှူ ကြူံတွေ.ရင်ဆိုင် နေရတာဟာ အနောက်တိုင်းသားတွေလို ပဒေသရာဇ်နယ်ချဲ့စံနစ် အမျိုးမျိုး ၊ ဖက်စစ် စံနစ် အမျိုးမျိုးတို.တွေကြောင့် ဒီစံနစ်တွေကို ဒို.တိတိကျကျ မကျင့်သုံးခဲ့လို. ၊ ယောင်ကန်းကန်း လုပ်ခဲ့ကြလို.ဘဲလိုဆိုရင် မှားလိမ့်မယ် မဟုတ်ဘူး ၊


တနည်းအားဖြင့်ြေ့ပာရမယ်ဆိုရင် ကံ ၅ ပါး ကို သူများထက် ပိုပြီး စောင့်ထိမ်းလွန်း အားကြီးလို့ဘဲ လို.လဲဆိုနိုင်တယ် ၊ ထပ်ရှင်း ရအုံးမယ်ဆိုရင် သူတပါး ဥစ္စာပစ္စည်း သူများ သားမယား တို.ကို လုစား ခိုးစား တိုက်စား အတင်းသိမ်းပိုက်တာတွေ မလုပ်ခဲ့လို့ဘဲ၊ ဒါလောက်ဆို နားလည်လောက်ပါရဲ.၊ ဒို.တတွေ သူများလက်အောက် ၁၂၅ နှစ် နေခဲ့ရတယ် လူမျိုးရော နိုင်ငံပါ ကွယ်ပျောက် လု နီးနီးဖြစ်ခဲ့ ရတယ်ဆိုတာလဲ မမေ့နဲ့ ၊


မြန်မာတွေကို အင်္ဂလိပ်က လွတ်လပ်ရေးပေးခဲ့တာချစ်သက်လက်ဆောင် မဟုတ်ဘူးဆိုတာရော သိကြရဲ.လား ၊ ဒီလိုပြောလို.ရန် လိုတယ် မထင်နဲ့ မသိသူတွေကို သိအောင်ပြော ပြတာဘဲ ၊ ပြန်ပေးတာ ဒို.ပစ္စည်း သူတို.ပစ္စည်းမဟုတ်ဘူး ၊ မပေးတာတွေ တပုံကြီး ဘဲ၊ ဘယ်က စ ပြောရမယ်
တောင် မသိဘူး ၊ ဆိုလိုတာက မြန်မာကို အင်္ဂလိပ်က အကြောင်းရှာ တိုက်ခိုက်သိမ်းယူခဲ့တယ် ပက်စက် တဲ့အကြံနဲ. ကမ္ဘာ့ မြေပုံပေါ်ကနေ
ဖါယ်ရှားခဲ့တယ် ။ ဗမာတွေကို ကုလား ဖြစ်အောင် လုပ်ခဲ့ တာတွေဟာ မေ့ပျောက်လို့ရကောင်း ရိုးလား ၊ ဗမာမှန်ရင် ဒါတွေကို မမေ့ဘူး ၊ မမေ့အပ်ဘူး ၊ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေ ၊ မသမာ လူမျိုး မိစ္ဆာအင်္ဂလိပ်များကို စိတ်နာပါတယ် လို့တောင်ဆိုခဲ့တယ် ၊ ဗမာ မဟုတ် သူတွေကတော့ နာကြ ကျင် ကြတာ မဟုတ်တဲ့အပြင် အင်္ဂလိပ်ကို သူတို.အမေ ပေးပြီး သူတို.ပထွေးတောင် တော်လိုက်ကြလေရဲ.၊ တချိုကြတောလဲ လင်မရမှာ စိုးလို. အင်္ဂလိပ် ဆို အသေရရ အရှင်ရရ အမိဖမ်း ခဲ့ကြတယ် ၊ ကြုံလို.ပြောတာပါ နော် ။


ဒီလိုပြောလိုက်လို.ဘယ်သူ.ကိုမှ စစ်ကြေငြာနေတာ မဟုတ်ပါဘူး ၊ အဖြစ်ကိုသာပြောပြတာ ၊ နိုင်ငံမှာတွေ.ကြုံနေရတဲ့ နိုင်ငံ့အရေး အခက်အခဲဟာ အခုချိန်ထိ အမေကျော် ဒွေးတော် လွမ်းနေကြ
သူတွေကြောင့်ဘဲ ၊ ဒို.အားလုံးဟာ မခက်အခဲအားလုံးကို ကျော်လွှား အောင်မြင်စေဘို. စစ်ပွဲတရပ် ဆင်နွှဲနေသည့်အလား လိုအပ်တဲ့
စိတ်ဓါတ်အပြည့်အ၀နဲ.တညီတညွတ်ထဲ ဆောင်ရွက်ကြသင့်တယ် လို.သာပြောခြင်တာ ပါ ။ မလိုသော်ရှိ လိုသော်ရှိ သတိမလစ်စေဘို.ဘဲပေါ့ ။ တဦးပေါ်တဦး ရာခိုင်နှုန်း အပြည့်အ၀ ယုံကြည်စိတ်ချ ဘို.ဆိုတာ
ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ၊ ခံရသူက ဗမာ နာရသူက ဗမာတွေဖြစ်တယ် ၊


စီးပွားရေး ဒါဏ်ခတ်မှူ ( အချို.) တွေ ရုတ်သိမ်းပြီ ၊ သမတကြီး ဦးသန်းစိန် ကို အမေရိကန်ပြည်ထောင်စုသို. ၀င်ခွင့်ဗီဇါ ပေးလိုက်ပြီ ၊ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို မေရိကန်
ပြည်ထောင်စုမှာ ရောင်းချခွင့်ပြုလိုက်ပြီ အစရှိတဲ့ သတင်းတွေကြားရ တော့အမေ့ကို ကျေးဇူးတင်ရမလား ၊ အဖေ့ကို ကျေးဇူးတင်ရလား ၊ ပထွေးတို. မိဒွေး တို.ကိုဘဲ ကျေးဇူးတင်ရမလား မသိဖြစ်ရ သလို ၀မ်းသာရမလား ၊ ၀မ်းနဲရမလားနဲ. ငို၍ ရယ်၍ မရသော မျက်နှာဖြစ်ရ
တယ်ဆိုရင် ပိုပြီး မှန်ပါလိမ့်မယ် ၊


မြန်မာနိုင်ငံက မြန်မာ့စီးပွားရေး ကို ဘယ်သူတွေက ဘယ်လို ရင်းနှီးမြုတ်နှံမှူတွေနဲ.လည်ပါတ်အောင် လောလောဆယ်လုပ်နေ ကြသလဲ၊ ကမ္ဘာ.နိုင်ငံအရပ်ရပ်ကို တင်ပို.ရောင်းချနိုင်ဘို. အဆင့်မီ ကုန်ပစ္စည်းတွေ ဘာတွေကို မြန်မာနိုင်ငံက ထုပ်လုပ် နေသလဲ ၊ စီးပွားရေး ဒါဏ်ခတ်တယ်ဆိုပေမဲ့ မြန်မာတွေ စုတ်ပြတ် ငတ်ပြတ် နေတာတော့ မဟုတ်ပါဘူး ၊ တနည်းအားဖြင့် အကောင်းအမြင် ပြောရရင် မြန်မာတွေ ထမင်းရေ ချောင်းစီး ၊ ဘုံးဘော ဒလဟော မလုပ်ကြတော့ ဘဲ ချွေတာရေးဘက် ပြောင်းခဲတယ့် ၊ ပြောရမယ် ဆိုရင် မြန်မာ နိုင်ငံမှာ သန်းကြွယ်သူဌေး ဆိုတာတွေ ပေါ်လာတယ် ၊ ဟိုတုန်းကတော့ရှိမရှိတော့ အသေအချာမပြောနိုင်ဘူး ။


ဒီလိုသူဌေး မျိုးတွေဟာ နိုင်ငံ ကြီးငယ် အားလုံးမှာ သူ.ဟာနဲ့သူ
ရှိနေကြတာဘဲ နိုင်ငံတခုရဲ. ဂုဏ် လို.ဆိုရိုး ရှိတယ် ၊ ပြောရမယ် ဆိုရင် နိုင်ငံ့ဂုဏ်အရပ်ရပ်ထဲ မှာ ဖါသယ် ဖါဂေါင်းတွေလဲ ပါတယ် ၊ ဒါကြောင့်ဘဲ ပြည့်တန်ဆာ ဆိုတဲ့ စကားရပ် ပေါ်လာတယ် သူတို.ဟာတိုင်းပြည် တခုရဲ. တန်ဆာပလာ တွေလို.တချိန်က လက်ခံခဲ့ကြတယ် ၊ တလင် တမယား စံနစ် မပေါ်ခင်က ၊ မိန်းမတွေ ကို လူစာရင်း မသွင်းခင်က အယူအဆတွေ ဖြစ်ပုံရတယ် ၊


ကွန်မြူနစ်တွေ ဆိုရှယ်လစ်တွေထဲမှာ မီလ္လယံနာ ဘီလ္လယံနာ ဆိုတာတွေ မရှိဘူးလို. ဘယ်ကွန်မြူနစ် ဘယ်ဆိုရှယ်လစ် ကမှ သစ္စာဆို ကျမ်းကျိန
်ုပြီး ပြောရဲမှာ လဲ မဟုတ်ဘူး ဆိုတာ ယုံတော့ ၊


မြန်မာနိုင်ငံကလဲ လာကြပါ ။ လာကြပါ ရင်းနှီးမြုတ်နှံ လှဲ.ကြပါလို. တကျော်ကျော် ဘိတ်ခေါ်နေခဲ့တာ အခုမှမဟုတ် ၂၄ နှစ်ကြီးများ တောင်ကြာခဲ့ပါပြီး ၊ အကြောင်းအမျိုးမျိုးတွေပြပြီး မြန်မာ့စီးပွားရေးကို အသေလုပ်ကြံ သတ်ဖြတ်ဘို. ကြိုးစားခဲ့ကြတယ် ။ ဒီကိစ္စမှာ အတွင်းလူ ပါခဲ့တယ် ဆိုတာ ဘယ်သူလဲလို.မေးနေစရာ လိုသေးသလား ၊ ထားပါတော့လေ ၊


မြန်မာနိုင်ငံနဲ.မြန်မာတွေ နာတာ ကတော့ အတော်နာတယ် ၊ မချိအောင်ဘဲ ၊ နာလွန်းလို. နာမှန်းတောင် မသိကြဘူးလို.ဆိုရင် ပိုမှန်လိမ့်မယ် ၊ ဒါပေမဲ့ ဒီအနာဟာ နာကျည်းမှူတရပ်အနေနဲ မြန်မာတွေရဲ.စိတ်ထဲမှာ ထာဝရ ကိန်းအောင်းနေလိမ့်မယ် ဖြစ်တယ် ၊


အရေးကြီးတာက အနာဂါတ်အရေး ၊ မြန်မာနိုင်ငံက မြန်မာ့စီးပွားရေးမှာ မြန်မာတွေ ဘယ်သူ ဘယ်လောက် ရင်းနှီးမြှုတ်နှံနိုင်ကြမှာ လဲ ၊ ပြည်တွင်း ပြည်ပ တဦးချင်းဖြစ်စေ ၊ ဖက်စပ်ဖြစ်စေ ၊ ကုမ္ပဏီတွေ ၊ သမ၀ါယမ စုပေါင်း လုပ်ငန်းတွေ စသဖြင့်ပေါ့လေ ၊ ရင်းနှီး မှူဆိုတာဟာ ငွေကြေးလိုအပ်တယ် မရှိမဖြစ်ဘူး ၊ ဒိထက် ပိုပြီး အလိုကြီးလိုအပ်တာ
ကတော အသိပညာ အတတ်ပညာ တွေဘဲ ၊ အဲဒီ ၂ ခုရှိရင် လိုအပ်တဲ့ ငွေကိုရရှိနိုင်တယ် ဆိုရင် ယုံတော့ ၊


ဘဏ်လုပ်ငန်း ၊ ငွေချေးလုပ်ငန်းတွေ ငွေကြေးအဖွဲ.အစည်းတွေက အသိပညာ အတတ်ပညာနဲ့ပြည့်စုံသူတွေရဲ အစီအစဉ်တွေ ကို လုပ်ငန်းတွေကို ဦးစားပေး မတည်ပေးလိမ့်မယ်လဲ ဖြစ်တယ် ၊ သူတို.စိုက်ထုတ် မတည်ပေးတဲ့ ငွေကို အတိုးနဲ့တကွ အချိန်ကန်.သပ် ချက်တွေနဲ.သေချာပေါက် ပြန်ရအောင် ကြိုးချည်ကြလိမ့်မယ်လဲ ဖြစ်တယ် ။


မြန်မာနိုင်ငံမှာအင်္ဂလိပ်ခေတ်က ရှိဘူးတဲ့ ချစ်တီးယား လို လိုင်စင်ရ
ငွေချေး သူတွေ နေ.ပြန်တိုးနဲ.ငွေချေူးငှါး သူတွေအကြောင်း တစေ့တကြောင်း ကြားဘူးကြ မှာပေါ့ ၊ အခုခေတ်မှာ လိုင်စင်ရရ မရရ ငွေတိုးချ နေသူ မြန်မာ ချစ်တီးယားဘယ်နှယောက်ရှိမယ်ဆိုတာ အစိုးရတောင် သိမယ်မထင်ဘူး ။ ရောင်းသူ ၀ယ်သူ ကျေနပ်ကြရင် ပြီးတာဘဲလို. ဆိုနိုင်ပေမဲ့။ စား ၀တ် နေရေး ကြပ်တည်းရတာဟာ အကြောင်းအမျိုးမျိုးနဲ့ဖြစ်နိုင်တာမျိုး ဆိုတာကိုတော့ အစိုးရ ဆိုတာတွေ သိပါလိမ့်မယ် ။


ကမ္ဘာ့ဘဏ် ၊ အပြည်ပြည် ဆိုင်ရာငွေကြေးအဖွဲ.နဲ. တခြားနိုင်ငံ ဘဏ်တွေ ငွေကြေးအဖွဲ. တွေလဲ အတူတူပါဘဲ ၊ အခုခေတ်မှာ အပေါင်ဆိုင် လို. လူသိများတဲ့ တရားဝင် ငွေချေးဌာန မပြောနဲ့၊ အစိုးရရဲ. အမတော်ကြေး အထောက်အပံ့ ဆိုတာတောင် အာမခံ အပေါင်ပစ္စည်း တင်ရတယ် ၊ ရွှေငွေ လက်ဝတ်ရတနာ ၊ ထွက်တဲ့ သီးနှံ ဆန်စပါးနဲ.ပြန်လည်ပေးစပ်ရတာတွေရှိတယ် ။ မလိုတမာ တွေ အယုတ်တမာ ပြောဆို ပုတ်ခတ် တိုက်ခိုက်နေကြတာက အစိုးရဟာ လယ်သမားတွေဆီ က သီးနှံစပါးတွေကို မတရားအတင်း သိမ်းယူနေသတဲ့ ။


လယ်သမားမှာ အာမခံ အပေါင်တင်ဘို. မရွှေ.ပြောင်း နိုင်သော ပစ္စည်းအဖြစ် သူ.လယ်ဘဲရှိတယ် ၊ ဒါတောင် သူပိုင်ခြင်မှပိုင်အုံးမှာ၊ ယဲ့ယဲ့သာရှိတဲ့ သူ.တဲစုတ်ကို အပေါင်ပစ္စည်းအဖြစ် လက်မခံနိုင်ဘူးလေ ၊ ဘယ်လောက်လုပ်ရ ကိုင်ရ ခက်တယ်ဆိုတာ စဉ်းစားသာ ကြည့် ကြပေတော့ ။ အိမ် မြေ ယာ ၀ယ်ဘို. နှစ်ရှည်နဲ့ ငွေချေးဌား လုပ်ငန်း ဘယ်လောက် တိုးတက်အောင်မြင်နေသလဲ ဆိုတာ တော့ မသိတာ
အမှန်ဘဲ ၊ အိမ်ယာ လုပ်ငန်းတွေ မြို.သစ်တွေနဲ.တိုးချဲ.နေတာတွေ
ကတော့ တင်းပြည့်ဘဲ အားရစရာ ။ ၂ ဦး ၂ ဖက် အကျိုးခံစားရမှူ ကတော့ ရှိမှာဘဲ ။


အင်္ဂလိပ်လက်ထက်က မြန်မာ့ လယ်တွေ မြေတွေ ချစ်တီးယား လက်ထဲရောက် ၊ မြန်မာတွေ လူမွဲဖြစ်ရဘူးတာ ကိုမှတ်မိကြသူတွေ ရှိမယ် ။ ယူတော့ တပြုံးပြုံး တောင်းတော့ မုန်း ဆိုတဲ့စကားအတိုင် ၁၉၄၈ ခု လွတ်တပ်ရေးရတဲ့အချိန်ကစပြီး တရွေ.ရွေ.တဖြေးဖြေး မြန်မာ့လက် ပြန်ရောက်လာတဲ့စီးပွားရေးဟာ ၁၉၆၂ ခု နောက်ပိုင်းမှာ တဟုန်ထိုးရောက်လာတယ် ဆိုရပေမဲ့ တကယ်တော့ မြန်မာ တိုင်းရင်း
သားတွေ လက်ထဲမဟုတ်ဘဲ မြန်မာနိုင်ငံသားတွေရဲ့ လက်ထဲကိုရောက်
သွားတော့တယ် ။


ခွေးဖြစ်မှတော့ ချီး ကြောက် နေလို.မဖြစ်ဘူး ၊ အရိုးများများ ချီးခါးခါး မြန်မာ့စီးပွာရေးကို မြန်မာ ဆိုတာတွေက မြန်မာတွေအား လုံးအတွက် လုပ်ကြရတော့ မယ်ဖြစ်တယ် ။ မြန်မာ ဆိုတာနဲ့ဘဲ ကျေနပ်ကြရတော့ မယ် ။ အရင်းအနှီး မြုတ်နှံ ဘို.လိုအပ်တဲ့ မတည်ငွေ ၊ ငွေကြေး လည်ပါတ်နှိုင်အောင် နိုင်ငံတော်ဘဏ် အပါအ၀င် ဘဏ်နဲ့ ငွေချေးဌား လုပ်ငန်းအမျိုးမျိုး ကိုရော ငွေချေး ယူသူ ကိုပါ မနစ်နာကြရအောင် ကာကွယ်ပေးမဲ့ ဥပဒေတွေကို နိုင်ငံတော်က တိကျစွာပြဌာန်း ပေးရ
မှာဖြစ်တယ် ၊


ကြွေးတင် ဘုရင်ဆပ်လိမ့် ဆိုတဲ့ ဆိုရိုးစကားဟာ ရေ မြေ တောတောင် မြေတွင်း မြေပေါ် သယဇါတ ရွှေတွင်း ငွေတွင်း ပယင်း ဒုတ္ထာ တွေကို ဘုရင် ဆိုတဲ့ နိုင်ငံတော် က ပိုင်မှသာ ဖြစ်နိုင် စရာရှိတယ် ၊ နိုင်ငံသားတွေက နိုင်ငံတော်ကို အခွန်ဘဏ္ဍာ မှန်မှန် ဆက်မှ ဖြစ်မယ် ၊ ဆက်ပြောရရင်တော့ အထက်ကပြောခဲ့သလိုဘဲ သူတပါးတွေလို နယ်ချဲ.ပဒေသရာဇ် ဖက်စစ်စံနစ် ၀ါဒ ကို အနုနည်း အကြမ်းနည်း နဲ.သွတ်သွင်းနိုင်မှသာဖြစ်လိမ့်မယ် ၊


ရေ မြေ တော တောင် တွေ ကို ဘယ်သူပိုင်သလဲလို. မေးရင် ကလေးဆန် လိမ့်မယ် ၊ ကလေးအမေးကို လူကြီးတွေ ဖြေနိုင်မယ် လဲ မဟုတ် ၊ ပေးတဲ့အဖြေကိုလဲ လူတိုင်းက တညီတညွတ်ထဲ လက်ခံနိုင်ပုံလဲ မရှိတဲ့ အခြေအနေမှာ ရောက်နေတယ်၊ ကြက်ခေါင်းဆိပ် မခံ မေးခွန်း ။ တခြားနိုင်ငံတွေမှာ ရေ မြေ တော တောင် တွေ ကို ဘယ်သူက ပိုင်ပိုင် နိုင်ငံတော် ကို သတ်မှတ်တဲ့ ရေ မြေ တော တောင် အခွန်ဆိုတာ မပေးမနေ ပေးရတယ် ။ မြန်မာ့စီးပွာရေး အကြောင်းဆက်ရရင် အခု.ဖွဲ.စည်းပုံ အခြေခံဥပဒေမှာ စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံပိုင် သိမ်းယူခြင်း မပြု ပါဘူး လို.ဆိုထားတယ် စဉ်းစားစရာဘဲ ။ပြောရမှာတွေ
ကလဲ တပုံကြီးဘဲရှိသေးတယ် ။ နောက်အပိုင်းတွေမှာကြုံသလို ပြောသွားမယ် ။


မြန်မာ လူမျိုးတို.ရဲ. အလေ့အကျင့် ထုံးစံဖြစ်နေတဲ့ ပိုက်ဆံ ကို ခေါင်းအုံးအောက် မှို.ယာအောက် မြေအိုးထဲထည့်ပြီး အိမ်အောက် ညောင်ပင် ကြီးအောက် မြှုတ်ပြီး စုထားတတ်တဲ့ အတွက်မြန်မာ့
စီးပွားရေး ပိုင်းမှာ ငွေကြေးလည်ပါတ်မှု မရှိအောင် ဖြစ်နေရလို. စီးပွားရေးဟာ အဖက်ဖက်က ကျဆင်းနေရပါတယ် ၊ ငွေစက္ကူဟောင်းရင် မကိုင်ခြင် ၊ မဟေယင်ူမောင်လဲမကိုင်နိုင် ၊ ဘယ်ဟာမှ ကိုယ့်အပစ်
မဟုတ် သူများလုပ် လို.သာ ဖြစ်ရတာရပါ လို. ကိုယ်လွတ်ရုံးနေတဲ့ မြန်မာတွေ အနာဂါတ့်မြန်မာနိုင်ငံမှာ အနောက်တိုင်း စံနစ်ဘဲ ခေါ်ခေါ် ကမ္ဘာ့စီးပွားရေးစံနစ်ပဲ ဆိုဆို နဲ. အန်ဝင်ဂွင်ကျ ဘို.ဆိုတာတော့ စိတ်လေးမိသေးတယ် ၊ အချိန်တန်ရင်သူ.ဟာနဲ. သူ ဖြစ်သွားလိမ်.မယ်ပေါ့ လေ ဟုတ်လား ။


လူတွေဟာ အခက်အခဲ အကြပ်အတည်းနဲ.တွေ.ကြုံ မရှူနိုင် မရှိုက်နိုင် မျက်ဖြူစိုက်မှဘဲ ပြောင်းလဲ ဘို.လိုပြီဆိုတာကို သိလာကြ တယ် ၊ အပြောင်းအလဲ လပ်လာကြတယ် တဲ့ ၊ မြန်မာတွေကတော့ ရိုးရိုးနဲ့
လွယ်တဲ့ကိစ္စကိုခက်အောင် ၊ ခက်တာကိုဘာမှမလုပ်နိုင် အောင် လုပ်ပစ်တတ်ကြတယ်လို. လူကြီးတွေ ပြောတာကို ကြားဘူးတယ် ။


သံသရာ တပါတ် ပြန်ကျော့ လာပြီလား ၊ သမိုင်းတပါတ် ပြန်လှဲ့လာပြီ
လား ။ ရာဇ၀င် ကြွေူး ဆပ်ကြရအုံးတော့မှာလား ။


ချေးငွေအရင်းရော အတိုးပါ ပြန်မဆပ်နိုင်လို. အာမခံ အပေါင်ခံ ပစ္စည်း
ကို ရုံးတင် တရားစွဲပြီး ငွေရှင်က သိမ်းဘို. ဆောင်ရွက်လာ ရင် ၂ ဦး ၂ ဖက် အကျိုးမဲ့ မဖြစ်ရအောင် မဟော်သဓ သတို.သား ၊ အမယာဒေ၀ီ တို.ကို ခေါ်ရလိမ့်မယ် ထင်တယ် ။


ဒီနေရာမှာ ပြည်ထောင်စုအာမခံ စံနစ်နဲ.လုပ်ငန်း ၊ တခြား အာမခံ လုပ်ငန်း အမျိုးမျိုး ဘယ်လောက် တွင်ကျယ်စွာ ဆောင်ရွက်နေ တယ် ဆိုတာ မျက်မြင်တွေ.ရတော့မယ် ၊


ဒီနေရာမှာ တခန်းရပ်လိုက် အုံးမယ်နော် ပျော်ပျော်ပါးပါး ပေါ ။့