Article submitted by: minkyaw thuyein on 25-Oct-2012  
သဟဇါတမှသည် ပဋိပက္ခ ချုပ်ငြိမ်းရေးဆီသို. (
မျိုးချစ်မိတ်ဆွေ အပေါင်းတို.ခင်ဗျာ ၊

အသိချင်းဖလှယ် အမြင်ချင်းဖလှယ်ကြရအောင် လား ၊ အနဲဆုံးတော့ ပဋိပက္ခ နဲပြီး လျှော့ပါး သွား တာပေါ. ၊


အသိချင်းဖလှယ် အမြင်ချင်းဖလှယ် ဆိုတာ ဒီမိုကရေစီ နဲ့ လူ.အခွင့်အရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်အပ်တဲ့ လုပ်ရပ်တွေ လုပ်ထိုက်တဲ့ အလုပ်တွေဖြစ်တယ်လို.မြင်ပါတယ် ၊ ဒီမိုကရေစီနဲ.လူ.အခွင့်အရေးကို လေးစားသူတွေရဲ.အကျင့်ကောင်း တရပ် ဖြစ်တယ်လို.ပြောရင် မှန်ပါ လိမ့်မယ် ။ ဒီမိုကရေစီ ရင့်ကျက်ဘို. အမြစ်တွယ်ဘို.ဆိုတာဟာ ဒီလိုအကျင့်ကောင်းတွေ လုပ်ရပ် ကောင်းတွေ လက်ခံကျင့်သုံးကြမှလဲ ဒီမိုကရေစီဟာ အဓိပ္ပါယ် ရှိမယ် ။


နိုင်ငံရေးလို.ဆိုတဲ့ နိုင်ငံ့အရေး ကို နည်းအမျိုးမျိုးဆောင် ရွက်ရာမှာ အသိချင်း အမြင်ချင်း ဖလှယ်ခြင်း တွေနဲ.သာ ဖြေရှင်းကြရန် ရှိပါတယ် ။ နိုင်ငံ့အရေးကို နိုင်ငံရေးအရ ဆောင်ရွက်သင့်တာအမှန်ဘဲ ၊


နိုင်ငံ့အရေးကို နိုင်ငံရေးအရ မဖြေရှင်းကြသူတွေ ဟာ ကျေကွဲဝမ်းနဲစရာ အဖြစ်အမျိုးမျိုးကြုံ ကြရတာ တကမ္ဘာလုံးမှာ ဖြစ်နေတာတွေကို မြန်မာတွေဟာ စာတွေ.ဒင်မဟုတ် လက်တွေ. တွေဘဲ ၊ ကိုယိကိုနှိုက်လဲ တွေ.ကြုံနေကြတာမို. အထူး အကျယ်ချဲ.ပြောဘို.လိုမယ် မထင်ဘူး ။


အသိချင်း အမြင်ချင်း ဖလှယ်ခြင်း မပြုတာဟာ အသိမရှိ အမြင်မရှိ သူတွေ ၊ ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်လူမျိုး အကြောင်း ရာဇ၀င် သမိုင်း ဖြစ်စဉ်တွေ ကို မသိနားမလည်သူတွေ ၊ ကမ္ဘာ့ရေးရာတွေကို သိရှိ နားလည် လိမ့်မယ် မဟုတ်တဲ့ လူပိန်း လူနုံ လူန လုအ တွေလို. ပြောရင် သိပ်ရိုင်း သွားနိုင်တယ် မမှန်တဲ့ မုသား စကားတော့ မဟုတ်ဘူးလို.ဘဲ
ဝမ်းနည်းစွာ ပြောလိုက်ကြ စို.ရဲ့၊


ပြောဘူးတဲ့အတိုင်း ဒို.ရာဇ၀င် ဒို.သမိုင်းကို ရာဇ၀င်ဆရာ သမိုင်းဆရာ အမျိုးမျိုးက ဘာသာအမျိုးမျိုးနဲ.ရေးခဲ့ကြတယ် ၊ ဘယ်သူ ရေးရေး ဘယ်ဘာသာ ဖြစ်ဖြစ် ဖတ်ဘူးတယ် မှတ်သားရဘူးတယ်ဆိုရင်ဘဲ အချင်းချင်းဖလှယ်ဘို. ဆွေးနွေးဘို. အချက်အလက် တွေ ရတာပေါ့ ။ ဖလှယ်တယ် ဆွေးနွေးတယ် ဆိုတာဟာလဲ ဖလှယ်ခြင်သူတွေ ဆွေးနွေးခြင်သူတွေ ကြားမှာ ဖြစ်မြောက်တတ် တာမျိုးပါ ၊


ပြီးခဲ့တဲ့အပိုင်းက ဖလှယ် ဆွေးနွေးပွဲတွေ မအောင်မြင်ဖြစ်ရတာတွေဟာ ဒါတွေကြောင့်များလား လို.စဉ်းစားစရာ ဖြစ်လာတယ် ၊ အခုရော အဖြေတွေ.ပြီလား ၊ ရှေ.အတွက် အကောင်း ဘာမျှော်လင့်ရမလဲ ၊ ဘယ်လိုအဆိုးအတွက် ဘာတွေပြင်ဆင်ထားရမလဲ ၊ ဘယ်သူတွေက ဘယ်သူတွေကို လည်ပင်းညှစ် အကြပ်ကိုင်ကြအုံးမလဲ ၊ ဘာဖြစ်ရင် ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်(ခ) ဆိုတာ စီစဉ်ထားပြီလား ၊ ဒါကတော့ ဘယ်သူမဆို ရှိထားအပ်တယ် ၊


ရန်ကိုရန်ချင်းမတုန်.နှင်းနဲ.လို.ဆိုရိုးရှိပေမဲ. ကိုယ့်ကို ရန်ပြုလာသူကို ပြုံးပြီး လက်ပိုက်ကြည့်နေလိမ့်မယ် မဟုတ် ။ ကိုယ့်ကိုကိုယ် ကာကွယ်ခုခံတဲ့ အနေနဲ. တခုခုတော့ ပြန်လုပ် မှာဘဲ ဆိုတာသေချာ
တယ် ၊ ဒါဆိုရင် စစ်ရေးပါလာ နိုင်တယ် ၊ တဖက်သူအပေါ် မူတည်
တာပေါ့ ၊ ဘယ်သူတွေက ဘယ်လိုရည်ရွယ်ချက် မျှော်လင့်ချက်တွေနဲ. ဘယ်လိုနည်းတွေနဲ.မြှောက်ပင့် အားပေးနေသလဲ သလဲဆိုတာကိုလဲ ထည့်သွင်း စဉ်းစားရမယ် ၊


ပြောရမယ်ဆိုရင် ကိုယ်.ရာဇ၀င် ကိုယ့်သမိုင်းကို အခြေခံကိုက ဘာမှမသိ ၊ မူးလို.မှရှူစရာ မရှိ သူများပြောတာတွေ ဟုတ်မဟုတ် မသိ မျက်စေ့ အတင်း မှိတ်ပြီး ယုံ ၊ လူတိုင်းကို ရန် လုပ်နေသူတွေ နဲ. ဆွေးနွေးကြရမှာ တော့ သိပ်ကောင်းတဲ့ အလားအလာ တခု တော့ မဟုတ်ဘူးဆိုတာတွေ အကြိမ်ကြိမ် တွေ.ခဲ့ ကြုံခဲ့ရဘူးတယ် ။


ဒီနည်းအတိုင်းဘဲ ဒို.မှတ်သားဘူးတဲ့ ဒီမိုကရေစီ နဲ့ လူ.အခွင့်အရေး ဆိုတာဟာ သူတို.ဘောင် သူတို. စည်းကမ်းကုလားနားနဲ.သူ ရှိကြပါတယ် ၊ ဒီမိုကရေစီနဲလူ.အခွင့်အရေး လိုလားသူ လှုံ.ဆော်သူတွေ ၊ တရားဥပဒေ စိုးမိုးစေ လိုသူတွေဟာ ဒါတွေကိုလိုက်နာ ဘို.လိုလိမ့်မယ် ဖြစ်ပါတယ်လို. အကြံပြု ပါရစေ ၊ ၊


အသိမရှိ အမြင်မရှိ သူတွေ၊ အသိအမြင် နဲပါးသူတွေဟာ အကြမ်းဖက်နည်းလမ်းအစုံ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲဘို.ဘဲ သံဓိဌာန် ချခဲ.ကြတယ် ၊ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ တဖက်က ဘယ်လိုတုန်.ပြန်လာလိမ့်မယ်ဆိုတာ တနည်းအားဖြင့် အကျိုးဆက် ကို ထည့်တွက်ခြင်မှ ထည့်တွက်ကြလိမ့်မယ် ၊


ဒါတွေ ငါတို.ကြားဘူးပါတယ် သိပါတယ်ကွာ ၊ လာပြီး ကျယ် မနေစမ်းပါနဲ. လို.ပြောသူကပြော ပါလိမ့်မယ် ။ အရေးကြီးတာ က ငါ တို.ဘယ်လောက်ဘဲ ကြားဘူး ပေမဲ့ ၊ ငါတို.ဘယ်လောက် လက်တွေ. လိုက်နာ ကျင့်သုံးနေသလဲ ဆိုတာ အဓိကဘဲ ၊ ဒီလို လိုက်နာခြင်း ဟာ မိမိအကျိုး တပါးသူအကျိုး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ အကျိုးရှိဘို.ဘဲဆိုတာ စဉ်းစားတတ်ရင် နားလည် သဘော ပေါက်ရင် မဖြစ်သင့်တာတွေ မဖြစ်ဘူး ပေါ့ လို့ဘဲ ပြောရလိမ့်မယ် ။


စည်းကမ်းအရဘဲ အရေးယူတော့ အမေကယ်ပါ အဖေကယ်ပါ ၊ ပထွေး ကယ်လှဲ.ပါလို. အသံကုန် ဟစ်ကြတယ် ။ ဒီလိုဟစ်တာဟာ ကိုယ့်ရဲ.ပျော့ညံ့ အားနဲချက်ကို ကိုယ့်ဟာကို ဖေါ်ပြတာတမျိုး ဘဲ ။ သူတပါး စွက်ဖက်ဘို.ခွင့်ပြုလိုက်တာနဲ့တူတယ် ကိုယ်ပြော့ကွက် ညံ့ဖျင်းချကို ပြလိုက် တာဘဲ ၊ အရှုံးပေးလိုက်တာဘဲ လို.ဆိုရလိမ့်မယ် ။ ကိုယ်လဲ သူများလက်အောက် ရောက်သွားဘို.ဘဲ ။


ဒါကြောင့်လဲ မြန်မာ နိုင်ငံမှာ အတိုက်အခံ ခေါင်းဆောင်ဆိုတာကို Rule of Law ဆိုတဲ့ သူ.စကားနဲ.သူ ဆောင်ရွက်နိုင်ဘို.ပြည်သူ. လွှတ်တော်က တာဝန်ပေးအပ်ခဲ့တယ် ၊ ဥပဒေ စည်းကမ်း ချိုးဖေါက်သူတွေ ၊ မလိုလားသူတွေဟာ သူလုပ်တဲ့ အလုပ်ကို ပဌမဆုံး အတိုက်အခံလုပ်
ကြမလား ၊ အခုတောင် ပါတီအတွင်း အကွဲအပြဲ ဆိုတဲ့ သတင်းတွေ
ထွက်နေတယ်၊ စိတ်ချင်း သဘောချင်း မတိုက်ဆိုင်လို. လို.ပြောရင် ၊ အကွှဲအပြဲ ဆိုတဲ့ စကားထက် ပိုပြီး နား ခံသာမှာဖြစ်တယ် လို.ဆိုပါရစေ ။
အင်တာနက် သတင်းတွေကို ချင့်ချိန်သင့်ကြတယ် ၊ ယုံသင့်မှယုံ ၊ အများကိုတော့ ပုံပြင်လို.မှတ်ပြီး မေ့မေ့ပျောက်ပျောက်ထားလိုက် ဘို.ဘဲကောင်းတယ် ။


လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းမှာ အင်တာနက် သတင်းတွေ ၊ မဟုတ်မမှန် လုပ်ကြံသတင်းတွေဟာ နိုင်ငံတွေကို အတော် ဒုက္ခပေးခဲ့တယ် ၊ ဒို.နိုင်ငံလဲ အလူးအလဲဘဲ ခံရတယ်လို.ပြောရပေမဲ့ ။ အခြားနိုင်ငံ တချို.လောက်တော့ မဆိုးပါဘူး ၊ ဒါဟာ ရတနာ ၂ ပါး နဲ့ သံဃာအချို.ရဲ. ကျေးဇူး ဘဲ ၊ ရတနာ ၃ ပါးလို.ပြောရင် သံဃာယောင် ဆောင်တဲ့ သင်္ဃန်းဝတ်တွေကို ဂုဏ်ပြုလိုက် သလို ဖြစ်သွား နျိင်တယ် ၊


ငါ့စကေါ စစ်ကြောင့် သရေခေတ္တရာပြည်ကြီး ပျက်ခဲ့ရဘူးတယ်ဆိုတာ မြန်မာရာဇ၀င်သမိုင်းမှာ မှတ်တမ်းတင်ထားတာတွေ.ရတယ် ၊ သေသေချာချာလေ့လာလိုက်ပြန်တော့ ၊ ၁၈၈၅ ခု အင်္ဂလိပ် မြန်မာ တတိယစစ်ပွဲဆိုတာလို ၊ သေနတ်တချက် မဖေါက်ရဘဲ မြန်မာတွေနဲ. မြန်မာပြည် သူများ လက်အောက် ရောက် ခဲ့ရတာ ဒို.တတွေ မမှတ်
်ကြသေးပုံဘဲ ၊ တဦးချင်းကတော့ လွတ်လပ်ရေး လူ.အခွင့်အရေး ဆိုတဲ့ အသံ တွေပေးနေကြတယ် ။ ဘယ်လိုလွတ်လပ်ရေးနဲ့ ဘာလူ.အခွင့်အရေး ဘယ်သူ.အခွင့်အရေး ကိုပြော နေတာလဲ ဆိုတဲ့ မေးခွန်းတွေကလဲ ထပ်နေပြီ ၊


မြန်မာတွေကို တတိယ အုပ်စု ၀င်နိုင်ငံစာရင်းမှာ သွင်းထားတာ ၊ မြန်မာတွေဟာ လူ စာရင်းမှာ ပါသလား ၊ မြန်မာတွေကို လူအဖြစ် အသိအမှတ်ပြု ပါသလားလို. ထပ်ပြီး မေးခြင်တယ် ၊ ရာဇ၀င် သမိုင်း
ကို ရှေရှေ ဝေးဝေး ပြန်လှန်ဘို.မလိုပါဘူး ပြီးခဲ့တဲ့ နှစ် ၁၀၀ ကါလ ကိုဘဲ သုံးသပ်ရင် ရပါတယ် ၊


အခု မြန်မာပြည်ကြီး ပျက်နေပြီလား ၊ ဘယ်လို ယူဆသလဲ ၊ သေသေ
ချာချာ လေ.လာစဉ်းစားပြီး ပြောကြစမ်းပါ ။ခေါင်းဆောင်တဦး ပြောသွား
ဘူးတဲ့ စကားတွေ ထဲက တချို.ကို ပြန်ထောက်ပြရရင် ၊ သူပြောတဲ့စကား
တွေဟာ သတိပေးတာ မဟုတ် နိမိတ်ဖတ်သလိုဘဲ ဖြစ်နေတယ်။


မြန်မာတွေ (ကွဲ ပြဲ ) နေကြတာ နှစ် ၂၀ တောင် မကတော့ဘူး ၊ မြန်မာ
နိုင်ငံမှာလူတွေ ဖါသယ် ဖါဂေါင်း ဖြစ်နေလို. နိုင်ငံလဲ (ဖါ နိင်ငံ ) ဖြစ်နေ ပါပြီ လို.ဆိုရင် မှားမလား ။


သမတကြီး ဦးသိန်းစိန် ကလဲ ဘာတွေ ရေရွတ် သရဇါယ်နေသလဲ မသိ ၊ ဥုံဖွ ဆရာကြီးလုပ်ဘို.စိတ်ကူးနေသလားဘဲ ၊ မြန်မာနိုင်ငံ ကို ဘာအဖြစ် မခံဘူး ညာအဖြစ်မခံဘူး နဲ. ဘယ်သူ လွှမ်းမိုးမှူကိုမှ မခံ ၊ အချုပ်အခြာ အာဏာကို ဂုဏ်သိက္ခာကို အထိပါးမခံပါဘူး တဲ့ ၊ ဒါဟာ သူ.စိတ်ထဲ
ရှိတာကို အမှန်အတိုင်းပြောတာ ဖြစ်ကောင်း ဖြစ်မယ် ၊ သူတယောက်
ထဲသဘောနဲ.လုပ်ခြင်တာလုပ် လို.မရဘူး သူ.နောက်ကပြည်သူတရပ်လုံး
ပါရမယ် ဆိုတာကို သူ သိပါလိမ့် မယ် ၊


တရုတ်ပြည် သူ.သမတ နိုင်ငံကြီး တည်ဆောက်စဉ်က မော်စီတုန်း ၊ ချူအင်လိုင်တို.နောက်မှာ ပြည်သူတရပ်လုံးနဲ.ပြည်သူ. တပ်မတော်
တရပ်လုံး ရပ်တည်ပေးခဲ့တာဖြစ်တယ် ။ ဗီယက်နန် ဆိုရင်လဲ ဟိုချီမင်း
က မျိုးချစ်ပြည်သူ တရပ်လုံးကို ဦးဆောင်ပြီး သူ.ကျွန်မခံ စိတ်နဲ.တိုင်းတပါးလက်အောက်က လွတ်မြောက်အောင် လုပ်ပေးခဲ့တဲ့ သာဓကတွေ အများကြီး ရှိခဲ့တာ ဒို.မြန်မာတွေ အတူယူ အားကျ ကြဘို.ဘဲ ၊


မြန်မာနိုင်ငံက ဟို တယောက်ကတော့ စ လာကတည်းကိုက စစ်တပိုကို ကလန်ကဆန် လုပ်တောတာဘဲ ၊ ဘယ်သူမြှောက် ပေးတယ် မသိဘူး ၊ ကြုက စတာလား ဥက စတာလားဘဲ ၊ ကိုယ် မလုပ်နိုင်တာတွေကို ဂတိမပေးပါနဲ.တဲ့ ၊ ပြည်သူ တရပ်လုံးက ထောက်ခံ အတည်ပြုထားတဲ့ ဖွဲ.စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်မယ် တဲ့ ၊ ဘာရယ်လို.တော့ အတိအကျ မပြော ဘူး ။ အများကထင်ကြေး ပေးနေတာကတော့ လွှတ်တော်တွေမှာ စစ်ဖက် ကိုယ်စားလယ်တွေက ၂၅ ရာခိုင်နှုန်း နေရာ ယူထားတဲ့ကိစ္စ ဘဲတဲ့ ၊


မေးရရင်တော့ ဘာဖြစ်လို.များ စစ်တပ်ကို ထိကပါး ရိကပါး ယိသဲ့သဲ့ ပွတ်ချင်တိုက်ချင် နေရတာလဲ ၊ ဒဲ့ဒိုးပြောရရင် ဘာဖြစ်လို. ဒီမိုကရေစီ ဘန်းပြပြီး စစ်တပ်ကို ဒူးတိုက် ပေါင်တိုက် ရန်စ ခြင်နေရတာလဲ ၊ ဘယ်သူတွေက မြှောက်ပေး နေလို.လဲ ၊ တော်လောက်ပါပြီ ။


အများသိကြဘို.က အဲဒီတယောက် ပျော်ပျော်ကြီး နေခဲ့ စားခဲ့ လုပ်ခဲ့ ကိုင်ခဲ့ အိပ်ခဲ့တဲ. ဗြိတိန်နိုင်ငံမှာ အထက်လွှတ်တော် ဆိုတာ က သက်တော်ရှည် အမတ်တွေဟာ ရွေးကောင်ပွဲနဲ့ တက်လာတာ မဟုတ် ။ အစဉ်အဆက် ဘိုးဘွားအရိုက်အရာ ဆက်ခံ ခံကြရတဲ့ ဆွဲခန်. တွေ တနည်းအားဖြင့် Noble ဆိုတာတွေဘဲ ၊ လွှတ်တော်က ပြဌာန်းတဲ့ ဥပဒေ တွေကို သူတို.က အတည်ပြု ၊ ဘုရင်မကြီး ကနောက်ဆုံးလက်မှတ်ထိုးပြီး မှသာ အတည်ဖြစ်တာလို. သိရတယ် ။ တခြား နိုင်ငံတွေမှာ ဆိုရင်လဲ အစိုးရ အဖွဲ.ထဲမှာကို ဆွဲခန်.တွေ ပါတယ် ၊ လေ့လာ ကြည့်ကြပါ အုံး ။


ထောက်ခံတာ ဆန်.ကျင်တာ ဘေးချိတ် ၊မြန်မာ့ဥပဒေတွေ ပုံစံတွေဟာ အင်္ဂလိပ် ဥပဒေ ပုံစံတွေနဲ. မကင်းဘူးလို.ပြောရင် ရတယ် ၊ ဒါတွေကို မသိ မလေ့လာဘူးသူတွေကတော့ ဘယ်သူဘာပြောပြောအဟုတ်ကြီး မှတ် ဘယ်သူတွေက ဘာတွေလာဖြီး နေသလဲဆိုတာ သိခြင်မှ သိကြမယ် ၊


ဒါကြောင့် ဗဟုသုတရှိသူတွေ အတွေ.အကြုံရှိသူတွေက ဒို.လူမျိုးတွေ မျက်စေ့ပွင့် နားပွင့်ကြရတောင် ၀ိုင်းပြီး ပညာပေးသင့်ကြ တယ် ၊ ဒါကြောင့်ဘဲ ဒို.တဒွေအားလုံး အသိ အမြင် အယူအဆတွေ ဖလှယ်
သင့်ကြတာဘဲ ။ ဒီလို ဖလှယ်တယ် ဆိုရင်ဘဲ ပဋိပက္ခ မှုလျှော့ပါးသွား နိုင်တယ် ။


တခန်းရပ်လိုက် အုံးမယ် လေ ပျော်ပျော်ပါးပါးပေါ့ ဟ့တ်ဘူးလား ။