Article submitted by: minkyaw thuyein on 23-Oct-2012  
မြန်မာတွေ တိုးတက် ဖွံ.ဖြိုး ခေတ်မီရေး(၁)
place holder


ဒို.လူကလေးများဆိုသလေး ၊
မြန်မာတွေ တိုးတက် ဖွံ.ဖြိုး ခေတ်မှီရေး အတွက် မြန်မာပြည်နဲ မြန်မာတွေ ဘာတွေဖြစ်နေလို. ဘာတွေပျက်နေတယ်ဆိုတာ မသိရင် ဘာတွေက စ လုပ်ရ မယ်ဆိုတာ မသိနိုင်ဘူး ၊ အပြုသဘော ကူညီတဲ့သဘောနဲ. ကိုယ်သိတာလေး မြင်တာလေး တင်ပြ ထောက်ပြတာပါ ၊ လူတတ်ကြီး လုပ်တာ မဟုတ်ပါ ။ မှားတာရှိ ၀န္တာမိပါ လို.ဘဲ ကြိုတင်တောင်းပန် လိုက်ပါတယ် ။
ဒို.မြန်မာတတွေ ဒို.နိုင်ငံ ကို တိုးတက်စေဘို.ဖွံ.ဖြိုးစေဘို.နဲ.ခေတ်မီစက်မှူနိုင်ငံဖြစ်စေဘို.အကောင်အထည်ဖေါ်ဘို. ဆိုတာဟာ ဒို.ကိုယ်တိုင် ခေတ်မီ တိုးတက်စေမဲ့ အတွေးအခေါ် ခေတ်မီ အသိပညာ အတတ်ပညာတွေ တတ်ရမယ် ဖန်တည်းနှိုင်စွမ်းအားတွေ အဖုံဖုံ လိုအပ်မယ် ၊ ပြောလိုတာက လူအား ငွေအားပစ္စည်းအားတွေနဲ.လက်တွေ.အကောင် အထည်ဖေါ်နိုင်ဘို.ဘဲ ၊ ဒီ ၃ ခု စလုံး ဟာ မရှိမဖြစ်တာမို. တခုခုမရှိ လိုအပ်နေရင် ဒို.နိုင်ငံ တိုးတက်ဘို. ဖွံ.ဖြိုးဘို. ခေတ်မီစက်မှူနိုင်ငံဖြစ်ဘို.ဆိုတာစိတ်ကူးယဉ်မဟုတ် တောင် အိပ်မက်ဆိုးတခုသာဖြစ်လိမ့်မယ်၊
သယံဇါတပစ္စည်းပေါကြွယ်ဝတယ်ဆိုတဲ့ ဒို.နိုင်ငံ ဒို.နိင်ငံသားတွေဟာ သူများနဲ.ယှဉ်ရင် ဆင်းရဲမွဲတေနေတဲ့ တတိယကမ္ဘာ့အုတ်စု ၀င်နိုင်ငံ (သို့) ဖွံဖြိုးမှူနည်းပါးတဲ့ နိုင်ငံရယ်လို. လူကြားကောင်းအောင် စာရင်းသွင်း ထားတယ် ။ မေးစရာက ဘာကြောင့် ဖွံ.ဖြိုးမှုနဲ ပါးရတာလဲ ၊ ဘယ်သူ.ကြောင့်လဲ ၊ ဒီလိုမေးရတာကလဲ အရာရာကို လူက လုပ်တာလို.ဆိုတယ် မဟုတ်လား ။ ဒို.အပစ်လား သူများ ကြောင့်ဘဲလား ၊ လေ့လာသူ အသီးသီးက အမျိုးမျိုးပြောကြမှာဘဲ ။ ကိုယ် ကိုယ်တိုင်ကရော ဘယ်လို မြင်သလဲ ၊ ဘက်မလိုက်ဘဲ ရဲရဲကြီး မြင်ကြည့်လိုက်စမ်းပါ ၊
ဆရာလုပ်တာ မဟုတ်ဘူးနော် ဒို.အမြင်ကိုပြောရရင်တော့ လိုအပ်တဲ့လူအား ( အသိ အတတ် ဖန်တည်းရှင်တွေ) ငွေအားကြေးအား ပစ္စည်းအားတွေ နိုင်ငံခြား ကရောက်လာ ၀င်လာပြီး ဒို.တတွေက အလုပ်သမားအဖြစ် သူတို.ခိုင်းတာဘဲ လုပ်နေရမယ် ၊ပေးတာယူ ကျွေးတာစား ဆိုရင် ဒို.ဘာဖြစ်သွားပြီလဲ ၊ ဒို.ပြည် ဒို.မြေ ဆိုတဲ့ စကားကို ဘယ်လိုအဓိပ္ပါယ်ကောက်ရမယ် မသိဘူး ၊ ဒီထဲကအဓိက အကျဆုံးကတော့ လူ ဘဲ ၊ တွေးခေါ် ကြံစည် လုပ်ကိုင်ရ မှာကလဲ လူ ၊ မြန်မာစကားမှာ လူကြံရင် ထရံတောင် တုတ်ခနောင်း ဖြစ်တယ်လို.ဆိုတယ် ၊ ကြားဘူးကြမှာပေါ့ ၊ ဒါကတော့လဲ အပျက်သဘော ဆန်လှတယ် ၊ မြန်မာ တွေဟာ ဘာမဆို အလွယ်တကူ ဖြစ်ကတတ်ဆန်း လုပ် တတ်တယ် ၊ နောက်ဖေးသွားပြီးချေးကုန်း စရာမရှိရင်ကိုယ့်အိမ် ၀ါးထရံ ကိုဖျက်ပြီး ချေးဒုတ်ကနောင်းလုပ် သုံးပစ်တယ် တဲ့ ၊ ဒါဟာ မြန်မာ့စကားဘဲ ၊ မြန်မာတန်ခိုး က္ကူတ္တိပါတ် တွေ ဒါတွေဘဲထင်ပါရဲ. ၊၊
အပြုဖက်ကပြောတာထားတာတွေလဲရှိပါတယ် ဘုရားတည် စေတီတည် ကျောင်းဆောက် မြောင်းဖေါက် တံတားခင်း ၊ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက် တောင်းကိုမဖေါက် တောင်ကိုဖေါက် စိန်ကျောက် အလား မိုးကြိုးသွား တဲ့ ၊ ဒို. မြန်မာတိုင်းဟာ စိတ်ဓါတ်ခိုင်မာ ပြီး ခက်ခဲတဲ့အလုပ်တွေကို မိုဃ်းကြိုးသွားလို ထိုးဖေါက်လုပ်ကိုင်နိုင်ကြ ရမယ် ၊ ဒို.နိုင်ငံမှာ ဖေါက်စရာတောင်တွေအများချည်းဘဲ၊ လှိုင်ခေါင်းတွေ တောင်ပေါ်လမ်း တောင်အောက်လမ်း၊ ဆောက်စရာ တံတားတွေ အဆောက်အဦးတွေ ဆယ်စရာ မြစ် ချောင်း အင်းအိုင် တွေတပုံချည်း ဘဲ ၊ အဟောင်းတွေပြင် အသစ် တွေဆောက် လုပ်မယ်ဆိုရင် လုပ်စရာတွေ လက်မလည်နိုင်အောင် ဘဲ။
လေါကမှာ သူတို.လဲလူ ငါတို.လဲလူ ၊ သူတို.လုပ်နိုင်ရင် ငါတို.လဲ လုပ်နိုင်ရမယ် ၊ မလုပ်နိုင်ရင် ဘာကြောင့်လဲ ဆိုတာ အဖြေ ရှာရ မယ် ၊ ဒို.နိုင်ငံဟာ သယံဇါတပစ္စည်း ပေါများကြွယ်ဝ ပါရက်က နိုင်ငံဟာ မဖွံဖြိုးဘဲ လူတွေဆင်းရဲနေကြရတာ ဘာကြောင့်လဲ ဆိုတဲ့ အဖြေမှန်ကို ရှာဘို.လိုတယ် ၊ မြန်မာမှူမှာ ပြဒါးသေတရွှေဝ သံသေတပြည်ဝဆိုတာ ဘာလဲ ၊ ထမင်းရေပူလာ လျှာလွှဲ မလုပ်ပါနဲ. သူများကိုချည်းလဲ လက်ညှိုး မထိုးပါနဲ.လေ ၊ ဘယ်သူမပြုမိမိမှူ ဆိုတာလေးလဲ စဉ်းစားပါအုံး နားလည်လက်ခံရမယ့်မြန်မာစကား၊ ရွှေပုံပေါ်မှာ ထိုင်ပြီး ကိုယ် ဘာလုပ်မိလို.လဲ ဘာမလုပ်မိလို.လဲ ဆိုတာက စဉ်းစားခန်းဝင်ရမယ် ၊ အားမဏာပ ပြောရရင် ကိုယ်ကိုတိုင် ဘယ်နေရာမှာ အဂတိ လိုက် နေသလဲသိဘို. တရားထိုင် တရားမှတ်ဘို. လိုလိမ့်မယ် ၊
ဒို.နိုင်ငံမှာ ဘာတွေ မတိုးတက်မဖွံဖြိုးတာလဲ ခေတ်မမီတဲ့အပိုင်းတွေက ဘယ်အပိုင်းတွေလဲ သိကြရဲ့လား ၊ ကွာဟမှူ ဆိုတာ တွေဟာ နိုင်ငံတကါမှာ လူ.ပါတ်ဝန်းကျင် အသိုင်းအ၀န်းတိုင်းမှာရှိတယ် ၊ သူ.မှာ ရှိလို.ငါ့မှာလဲရှိရမယ် ၊ ဒါမှ တရားတယ် မျှတတယ် တဲ့လား ၊ လိုအပ်တာနဲ.လိုခြင်တာ ခွဲခြားသိကြရင်ကောင်းမယ် ၊ ကိုယ်မလိုပါဘဲလျှက် သူများကိုမရ စေခြင်လို. ကိုယ်က ယူထားတဲ့အတွက် တကယ်လိုသူက မရ ဖြစ်ရတာကို တရားတယ်လို.ဆိုခြင် သလား၊ လေါဘ ဒေါသ မောဟ ကြောင့် ဖြစ်ကြတာ ကိုသိပါရက်နဲ. ဘာလို. မထိမ်းသိမ်းနိုင်ကြပါသလဲ အတောမသတ်နိုင်ကြပါသလဲ ၊
ဒို.နိုင်ငံကို အကြောင်းအမျိုးမျိုးနဲ.လိုခြင်ကြသူတွေ အများကြီးဘဲ လိုခြင်လို.လဲ ရန်သူအဖြစ်နဲ.စစ်တိုက်ပြီးယူခဲ့ပြီးပြီ ၊ ဒို.မြန်မာနိုင်ငံ ဟာ သယံဇါတပေါကြွယ်ဝဆိုတာသိလို.လဲ ဒို.နိုင်ငံကို အသေရရ အရှင်ရရဘဲ မယုံမရှိနဲ.အခုဆိုမိတ်ဆွေအဖြစ်နဲ.လုပ်ပိုင်ခွင့်တွေနဲ. လုပ် ခြင်နေကြတယ် ၊ ဒို.ဟာဒို.လုပ်ခြင်ရင်တောင် မလုပ်နိုင်အောင် သူတို.မပါရင် မပြီးရအောင် လုပ်ထားကြတာကို ဒို.မြန်မာ တွေ မမြင်နိုင်အောင် ကန်းနေကြတာ အံ့ပါရဲ.၊ သူတို.တော်လို.လား ဒို.ညံ့လို.ဘဲလား ဆိုတာမေးစရာ၊
ပြောစရှိတုန်း ဆက်ပြောရအုံးမယ် ရေမြေတောတောင် ထူထပ်တာမို.ဘဲ တံတားဆောက်စရာ တောင်ဖေါက်စရာတွေ ဒို.နိင်ငံမှာ အများကြီးဘဲလို အပ်နေတာဖြစ် တယ် ၊ တိုးတက် ဖွံဖြိုး ခေတ်မီရေး လုပ်ရာမှာ သဘာဝပါတ်ဝန်းကျင် မပျက်ဆီးရအောင် အထူး ထိမ်းသိမ်းဘို.လိုအပ်တယ် ဒို.နိုင်ငံဟာ စိုက်ပျိုးရေးပေါ် အခြေခံတာမို. ရာသီဥတု အခါမလပ်သင့်မြတ်နေဘို.ရာ ရေ မြေ လေ မီး အစုစုမဖေါက်ပြန်ရအောင်ထိမ်းသိမ်းပေးဘို. အလိုကြီးလို အပ်တယ် ၊ တောထွင် ခြံခုတ် မီးရှို ဖျက်ဆီး စည်းကမ်းမရှိ လုပ်ခြင် တိုင်းလုပ်လို.တော့ မဖြစ်ဘူး ၊
ဒို.နိုင်ငံမှာ တဲစုတ် တဲပုတ် အိမ်စုတ် အိမ်ပုတ် ရပ်ကွက် ဆိုတာမရှိဘူး ၊ ၂၀၀၈ ခု နာဂစ် မုန်တိုင်းတုန်းက ခဏတဖြုတ် တွေ.လိုက် ရတော့မှ သြော် သူတို.ပြောပြောနေတဲ့ ရှန်တီတောင်း ဆိုတာ ဒါဘာလားဆိုပြီး သိလိုက် မှတ်လိုက်ရဘူးတယ် ။ ဆင်းရဲ ချမ်းသာ ဆိုတာ ဗုဒ္ဒဘာသာဝင်တွေအဘို.ဓမ္မတာလို.ပြောတယ် ၊ ဒါပေတဲ့ လက်တွေ. မှာ ခံနိုင်ကြပုံ မရှိဘူး ။ ဆိုရှယ်လစ်တွေ ကွန်မြူနစ် တွေကလဲ အရင်းရှင်ဓနရှင်ဝါဒကို သူ.ဆီနဲ့သူကျော် သူ.အရိုးနဲ. သူ.ထိုး လုပ်ပြန်တော့ ပွဲဟာ အတော်ကြည့်ကောင်းတယ် ဒါပေမဲ့ ကိုယ်ဘဲအိပ်ရေးပျက်တာ အဖတ်တက်တယ် ၊ သူတို.တွေကတော့ အားလုံး အိုကေ နေကြလေရဲ. ၊
အခု လူဦးရေ သန်း ၆၀ ၊ မကြာခင် သန်း ၁၀၀ ဖြစ်တော့မယ်ဆိုတဲ့ ဒို.နိုင်ငံမှာ စိုက်ပျိုးမြေတွေကို အထူး ထိမ်းသိမ်းကြ ရမယ် ၊ လူနေအိမ်တွေ အိမ်သာတွေ လမ်းပန်းတွေတောင် စည်ကမ်းမဲ့ ဆောက်ကြလို.မဖြစ်ဘူး ၊ အကြောင်းအမျိုးမျိုး ကြောင့် ရာသီဥတု ဖေါက်ပြန်ရင် မိုဃ်းခေါင်ရေရှား အစာရေဆာ ခေါင်းပါးပြီး ဒုဗိကန္တရကပ်ကြီးစိုက် ငတ်မွတ်ကြရလိမ့် ၊ ခေတ်မီ စက်မှုတိုးတက်ဘို. လဲလိုပါတယ် ၊ လက်မှူလယ်ယာမှ စက်မှူလယ်ယာသို.ဆိုတာ လယ်ယာထွက်သီးနှံတွေ ပစ္စည်း တွေကို စက်အားနဲ.အချိန်မီ အလုံအလောက် အပိုအလျှံ ထုတ်လုပ်နိုင်ဘို.၊ တခြားအပိုင်း စက်မှူတိုးတက်ရေး ဆိုတာ က တခြား အပိုင်းကဏ္ဍအလိုက် ရှိသေးတယ် ၊ ကိုယ့်လောက် မဖွံ.ဖြိုး မတိုးတက်တဲ့ ကိုယ့်ထက် ချို.တဲ့ တဲ့နိုင်ငံတွေကို တတ်နိုင်သမျှ ကူညီရမဲ့ ပရဟိတ္တ လုပ်ငန်း တေကွ ရှိသေးတယ် ၊
ဘယ်လို ဆင်ခြေ ဆက်လက်တွေနဲ.ဘဲ စောဒကတက်တက် တိုးတက်ရှေ.ရောက်နေပြီးဖြစ်တဲ့ ခေတ်မီနိုင်ငံတွေကို ယှဉ် နိုင်ဘို. မြန်မာတွေအတော်ကြီးလုပ်ကြ ရလိမ့်မယ်ဖြစ်တယ်၊ ၂ ဆ ၃ ဆ ပိုလုပ်ရမယ်ဆိုရင် လုပ်နိုင်ကြပါ့မလား ၊ ကြိုက်သော်ရှိ မကြိုက် သော်ရှိ တိုးတက်မှူတိုင်းမှာ ယှဉ်ပြိုင်မှူ ဆိုတာ ပါစမြဲဘဲ ၊ ဒို.မြန်မာတွေ သူများနဲ.ယှဉ်ပြိုင် နိုင်ဘို.လိုတယ် ၊ ရှေ.ကရောက်နေနှင့် ပြီးတဲ့သူကို နောက်က သူက ကျော်တက်ဘို. ဆိုတာဟာ ကိုယ်လုံ ကိုယ်ခံစွမ်းအား သူများထက် အတော့်ကိုပိုကေါင်းဘို.လိုတယ် ၊ ဒါတောင် တရားမျှတစွာ ယှဉ်ပြိုင်မှူကိုပြောနေတာဘဲ ရှိသေးတယ် ၊ ကမ္ဘာလေါကမှာ လူတွေအားလုံး ဘာသာအယူဝါဒရှိသူတွေ အားလုံးဟာ သူ.ဘာသာ သူ ယုံကြည်မှူ ဆုံးမတဲ့အတိုင်း တရားမျှတနေကြတယ်လို. ထင်ရင်မှားလိမ့်မယ်၊ဘယ်လောက်အတိုင်း အတာလဲဆိုတာပြောဘို.ခက်တယ်၊ လူတိုင်းကတော့ သူတို.ကလွဲရင်ဘယ်သူမှ တရားမျှတမှု ရှိတယ် လို.မထင်ကြဘူး ၊
တချို.စီးပွားလုပ် ငန်းရှင်တွေဟာ ဖွတ်မရ ဒါးမ ဆုံး ဆိုသလို အိမ်ရောမြေပါ ရှိသမျှအားလုံးကုန်ပြီး လူမွဲ ကြေငြာခံရ တဲ့ အထိ ဖြစ်တတ်တယ် ၊ တချို.ကျပြန်တောလဲ ကောင်သေ ဠင်းတ ကျဧ။်တည်းလို.ဆိုရမယ် ၊ ကံ ထမ်းလာတာ မမြင်ရ လှံ ထမ်းလာတာ မြင်ရ ၊ ကံရှိသော်လဲ ဥဏ်မရှိလို.မွဲ ၊ ဥာဏ်ရှိသော်လဲ ကံ မရှိလို.မွဲ ဆိုဒါတွေဟာ စီးပွားရေး လုပ်ငန်းတွေယှဉ်ပြိုင် ရာမှာ ဖြစ်နိုင် တာတွေ မျှော်လင့်ရမှာတွေဘဲ ၊ မတရားတာတွေ တရားတာတွေဆိုတာ ဥပဒေအရ နှစ်ဦးသဘောတူလက်မှတ်ရေးထိုး ချုပ်ဆိုတဲ့ စာချုပ်မှာပါတဲ့ စကားရပ်တွေအပေါ် အငြင်းပွားရာက ထွက်လာတဲ့အဓိပ္ပါယ် ၊ ဖြစ်ရတဲ့ ပဋိပက္ခ မြန်မာနိုင်ငံမှာ သာဓက တွေ အများကြီး ရှိခဲ့ဘူးတယ် ၊
မတရားဘူး တရားတယ်ထင်ဘို.ရာကိုက အသိဥာဏ်ရှိရလိမ့်မယ် ။ စာချုပ် လက်မှတ်ထိုးစရာ ၂ ဦး ၂ ဖက် ရှေ.နေ ရှေ.ရပ်တွေ ပါဝင် ဆောင်ရွက်နေကြတာမို. တရားတာ မတရားတာထက် စာချုပ်ပါစည်း ဖေါက်ဖျက်တယ် မဖေါက်ဖျက်ဘူး ဆိုတဲ့အငြင်းပွား ချက်တွေ နဲ့ အမှူတွေ ရုံးတွေမှာ ပုံနေတယ် ၊ ငိုစား ရယ်စား ( ပုလိပ် ၊ ရှေ.နေ ၊ ရုံးမင်း ၊ ပြာတာ ၊ ပွဲစား) တို. ဆွမ်းကြီးလောင်းပွဲနဲ. ဘုရားပွဲပါ ကြုံနေကြတဲ.ရွာဆော်ကြီးခွေးတွေလိုဘဲ တချို.ကလဲ ခင်စား မောင်စားနဲ.နောက်ဆုံး ခွေးစားသွားတယ်လို.ပြောကြတယ်၊ ဒါမျိုးတွေ အနာဂါတ် မြန်မာနိုင်ငံ မှာ အများကြီး ကြုံတွေ.ကြရမယ် ၊ ဘယ်လိုမှ ရှောင်လို.မရမဲ့ အကျိုးဆက်တွေဘဲ ။ တရား ဥပဒေ စိုးမိုးရေးရဲ. တစိပ်တဒေသလဲ ဖြစ်လိမ့်မယ် ပေါ့ ၊
ခေတ်မီရေး တိုးတက်ဖွံ.ဖြိုးရေး စီးပွာရေးဆိုတာတွေဟာ လူတိုင်း လူတကါ ထလုပ်လို.ရတယ် မထင်ဘူး ။ နောက်ဖေး ဆိုင်တည် ဆိုတဲ့ မြန်မာစကားကိုက အိမ်ရှေ.ကွမ်းယာဆိုင်တည်တဲ့ကုလား ဆိတ်သတ်တဲ့ကုလား ၀က်သတ်တဲ့ တရုတ်ကို လက်မြှောက်ခဲ့ရ ဘူးတယ် ၊ ခေတ်မီတိုးတက်ရေး နိုင်ငံတကါစီးပွားရေးနဲ.သိပ်အပ်စပ် လိမ့်မယ် မထင်ဘူးလို.မပြောနဲ.လေ၊ စီးပွားရေးဆိုတာ ကြီးတာ ငယ်တာ မရှိဘူး တဲ့ ၊ ဒို.တတွေ နောက်ကျနေ တယ်ဆိုတာဘယ်နေရာမှာလဲ ၊ အသိပညာ အတတ်ပညာ ဖန်တည်းမှုတွေ ဆိုတာ ဘာတွေ လဲ ၊
ပြီးခဲ့တဲ့ အနှစ် ၁၀၀ အတွင်း ဒို.တတွေ ဥာဏ်အား ကိုယ်အားတွေနဲ.အသစ် ဖန်တည်းတည်ထွင်မှူတွေ ဘာတွေလဲလို. မေးရင် လွန်များသွားမလား ၊ ဒုတိယ ကမ္ဘာစစ်အတွင်းက ကုန်း ၂ ကုန်း အဖျက်ခံရတဲ့ အင်းဝ တံတားပြန်ပြင်ပြီးတော့ ကူးတို. သမ္မန်သမား တွေ အလုပ်မဲ့ ဖြစ်ရလို. ငိုကြတယ်ဆိုတော့ တိုးတက်မှူမှာလဲ အဘိုးဆားနား ရှိတယ်ဆိုတာ ကို ဒို.တဒွေ နားလည် သဘောပေါက် ရ လိမ့်မယ် ၊
ဒို.မြန်မာတွေ ဟာ တချိန်က ဧရာဝတီ မြစ်ြကီးတလျှောက် ပိန်းကေါလှေကြီးတွေ တခြားမြစ်ငယ် ချောင်းငယ်တွေမှာ လောင်းလှေ ကြီးငယ်တွေ ၊ လှည်းကြီး လှည်းငယ်တွေနဲ.ကုန်စည်ကူးသန်းရောင်းဝယ်ဖေါက်ကားကြတယ်တဲ့ နိုင်ငံတကာနဲ.ကူးသန်းရောင်းဝယ် မှုမှာတော့ တဖုဿနဲ.ဗလ္လိကတို.ဟာ အိနြ္ဒိယအထိရောက်ခဲ့တာထင်ရှားတယ် ဒါပေမဲ့ သူတို. မြန်မာ ဟုတ်မဟုတ် တော့ မသေချာ ဘူး ၊ စီးပွာရေးအညေခအနေတော့မသိဘူး ဆံတော် ၈ ဆူ ပင့်လာတာ ၂ ဆူ အခိုးခံလိုက်ရတယ် တဲ့ ။
ရှေ.ကသွားသူနောက် နောက်လူကအမှီလိုက်နိုင်ရင်တော့ အကေါင်းဆုံးဘဲပေါ့ ။ ရှေ.ကလဲ မစောင့် နောက်ကလဲအမှီ မလိုက်နိုင် ရင် မကောင်းဘူး ၊ ဒို.တတွေ အားလုံး အသင့်ဖြစ်ကြပြီလားလို. ကိုယ့်ဟာကိုယ် ဆန်းစစ်ဘို.လိုပြန်ပြီလို.ပြော ဘို.အချိန်မရှိတော့ ဘူး ၊ ဘ၀ဇါတ် ဆိုတာ ဇါတ်တိုက်ဘို.အချိန် ဇါတ်အစမ်း ကပြဘို.အချိန်မရှိဘူး တဲ့ ၊ လူတိုင်းဟာ လူချင်းတူပေမဲ့ ကံ ဥာဏ် ၀ိရိယ လုံ.လချင်း မတူကြဘူးလို. ပညာရှိလူကြီးတွေက ပြောကြတယ် ၊ ဒီနေရာမှာကွာဟမှုဟာ မဖြစ်မနေ ဖြစ်ကိုဖြစ် ရတော့မယ်၊ ကွာဟ မှုကိုသာ ညှိလို.ရရင် ၊ လူတန်းစား လူအလွှာ ဆိုတာဘယ်ရှိတော့မလဲ ၊ ဒါပေမဲ့ နိုင်ငံရေး သမားတွေကတော့ လူ.အကြိုက်လိုက် တွေ.ကရာတွေ ပြောနေကြလေရဲ. ၊
မြန်မာ တွေဟာ သား ငါး ဟင်းသီး ဟင်းရွက် သစ်သီးဝလံ တွေကို ဈေးနဲ.ဆိုင်နဲ.မဟုတ် ခေါင်းရွက် ဗျတ်ထိုး ရွာထဲ မြို.ထဲ လှဲ.လည် ပြီး တကျော်ကျော် အော် ရောင်းလေ့ အကျင့် ရှိကြတယ် ၊ သိရသလောက် ဒို.မင်း ဒို.ချင်း မရှိတော့တဲ့နောက် မြန်မာ့စီးပွားရေးဟာ မြန်မာတွေလက်ထဲ မဟုတ်တော့ဘဲ မြန်မာမဟုတ်သူတွေရဲ.လက်မှာရောက်ရှိပြီး လက်ဝါကြီးအုပ် ခံခဲ့ရတယ် ၊ ၁၉၆၂ ခု နောက်ပိုင်း မြန်မာစီးပွားရေးဟာ မြန်မာတို.လက်ထဲပြန်ရောက်တော့ သံဃာစင်မှောက်ကုန် ပါရော တဲ့ ။
ဘယ်သူတရားခံလဲ လူတိုင်းကတော့ မသင်္ကာရသူစာရင်းမှာ ပါတယ် ၊ အားလုံးဟာ တရားခံဖြစ်နိုင်သူတွေ ၊ ဖြစ်နိုင်တာတွေ ချည်း ဘဲ။ အပြင်လူတွေရဲ. စံနက်လဲ မကင်းဘူး ၊ ဆိုရှယ်လစ်လက်အောက်မှာ အားလုံး လိုလိုလက်ငင်း အကျိုးစီးပွား ဆုံးရှံး ကြရတာကိုး ဇက်ကျိုး ခေါင်းမထောင်နိုင်သူတွေကို ပြန်ပြီး ထူပေး ထောင်ပေးမဲ့သူတွေ မရှိ ဖြစ်ခဲ့ ရတယ်ဆိုတာကို ပြီးခဲ့တဲ့ ၂၄ နှစ် ကါလအဖြစ် နဲ. နှိုင်းယှဉ်ရင် သိသာနို