Article submitted by: minkyaw thuyein on 21-Oct-2012  
သိကြားစေ သက်သေညွှန်း
ဒို.လူကလေးများ ဆိုသလေး


သမိုင်း ရာဇ၀င် မှတ်တမ်းတင်ကြတဲ့ သမိုင်းဆရာဆိုတာတွေ ရာဇ၀င် ဆရာဆိုတာတွေကို အကြံလေးတခု ပေးခြင်တယ် ၊မပြော မပြီး မတီး မမြည် ဆိုတဲ့ စကား အရ ဘဲဆိုပါတော့၊ ။ ရေးစရာတွေ ပြောစရာတွေ ကတော့ များပါတယ် ၊ ကိုယ့်ရှူဒေါင့်နဲ.ကိုယ်ပေါ့ လေ ဟုတ်ဘူးလား၊

နိုင်ငံတခု တိုးတက်ဘို.ဆိုတာ နိုင်ငံသားတိုင်းရဲ.တာဝန် နိုင်ငံတိုးတက် ရေးအတွက် နိုင်ငံသား တယောက်တိုင်းဟာ တခုခုကိုတော့ လုပ်ရလိမ့်မယ် ဆိုတာ အကြွင်းမဲ့ယုံကြည်ထားတာလဲဖြစ်တယ် ၊ ဘာလုပ်ခြင်သလဲ ၊ ဘာလုပ်နိုင်သလဲ ၊ ဘာလုပ်တတ်သလဲဘာဘဲ ဖြစ်ဖြစ် တိုးတက်ဘို. လုပ်တဲ့ အလုပ်တိုင်းဟာ ဂုဏ် ရှိတဲ့အလုပ်ပဲ ဖြစ်တယ် ဂုဏ်ယူသင့်တယ် ။

ဒီထဲမှာ သမိုင်းဆရာတွေ ရာဇ၀င်ဆရာတွေရဲ.အခန်းဂဏ္ဍဟာ အရေးပါ လှတယ် ။ ဒို.နိင်ငံဟာ မြန်မာနိင်ငံ ၊ ဒို.ဟာ မြန်မာလူမျိုး ၊ ဒို.ဘာသာ ၊ ဒို.သာသနာ ၊ ဒို. မိရိုးဖလာ ၊ ဒို.ထုံးစံ ၊ ဒို.ယဉ်ကျေးမှူတွေ ၊ ဒို.ရာဇ၀င် နဲ. ဒို.သမိုင်းနဲ ဒို.ရှိကြတယ် ဆိုတာကိုလဲ အလျှင်း မမေ့သင့်ဘူး ၊ တိုင်းတပါးသား အုပ်ချုပ်မှူ လက်အောက်ရောက်ရအပြီး ဒို.မြန်မာ ရာဇ၀င် ပျောက်ပြီး ဒို.သမိုင်းကို လူမျိုးခြားတွေကအမျိုးမျိုး မှတ်တမ်းတင်ရေး ခဲ့ကြတာ ဟုတ်တာ မဟုတ်တာ ဘယ်သူမှ မစစ်ဆေး နိုင်ခဲ့ဘူး ။ ပြီးခဲ့တဲ့ ၂၄ နှစ်ဟာ ကိုယ်သလို ကိုယ်စွဲပြောခဲ့ကြတာတွေနဲ.ပြည့်နေခဲ့တယ် ၊

မပြောခြင်လို.ရေငုံ နှုတ်ပိတ်နေတယ် ကြိုက်လွန်းလို.တော့မဟုတ်ဘူး အပြောစောသွားပြန်ရင်လဲ မပြီးခင် ဗမာမမြင်စေနဲ.ဆိုတဲ့ စကားနဲပြန်ပက် ခံရနိုင်တယ်၊ ဒါပေမဲ့ တွေးရင်းတွေးရင်းသွေးဆူလာတယ် ရင်ဖွင့် လိုက်မှအေးမယ် သက်သာမယ် လို.ယူဆတယ်။

အကြောင်းကတော့ဒီလိုပါ ၊ တလေါကရန်ကုန်မှာ ရှေးဟောင်း အဆောက်အဦးတွေကို ထိမ်းသိမ်းပြုပြင် မယ်ဆိုတာမှာ ကိုလိုနီ ခေတ်က မျက်နှာဖြူတွေ ဆောက်သွားတဲ့ အဆောက်အဦးတွေကိုဦးစားပေး ပြောနေကြတာ ကြားရတဲ့ကိစ္စဘဲ ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းတို. အသတ် ခံရတဲ့ အတွင်းဝန်ရုံးဟောင်းဆိုတာဘဲ ၊ အောင်ဆန်းကို ဘန်းပြ ပြပြီး ပြောဆို လုပ်ကိုင် ပြုမူ နေကြတာတွေဟာ လွန်လွန်းနေကြပြီ ထင်တယ် ၊ ဗိုလ် အောင်ဆန်းဟာ အပေါကြီး လိုဖြစ်လာနေတယ် ၊

ကမ္ဘာ့ နိုင်ငံပေါင်းစုံ အဖွဲ.ကြီး ကုလ ဟာ နိင်ငံတကာမှာ ရှေးဟောင်း ပစ္စည်းအမွေအနှစ်တွေကို ထိမ်းသိမ်းရေး အစီအစဉ်တရပ် ချမှတ်ဆောင် ရွက်နေတာမှန်ပေမဲ့ ဆင်ခြေအမျိုးမျိုး အကြောင်းအမျိုးမျိုးနဲ.ရွှေပြောင်းလို.ရတဲ့ပစ္စည်းတွေကိုမူရင်း မူလပိုင်ရှင်တွေဆီပြန်ရောက် အောင် မလုပ် နိုင်ပေမဲ့ ၊ ကိုလိုနီ နယ်ချဲ့တွေ ဆောက်ခဲ့တဲ့ အဆောက် အဦးတွေကိုတော့ ကမ္ဘာတည်သရွေ.ဆောက်ထားတဲ့နေရာတွေ မှာဘဲ မပျောက်မပျက် ရှိနေရအောင်ဝိုင်းဝန်းထိမ်းသိမ်းစောင့် ရှောက် ပေးနေတာသိရတယ် ၊

မြန်မာနိုင်ငံမှာ ရှိတဲ့ အလားတူ အဆောက်အဦးတွေနဲ.ပါတ်သက်ပြီး ဘာလုပ်ပေးတယ်လို.တော့ မသိရဘူး ၊ ဘုရားတကါအဖြစ် ကတော့ ရွာသူကြီး နာမည်ဘဲ ထွက် လာတယ် ၊ အဲဒါမှ ဒို.ဗမာဟေ့ လို.ဆိုပြီး ၀မ်းသာ အားရ ထ အော်ရမလားဘဲ ၊ သူများ မျက်ခုံး ပေါ်စင်္ကြံန်လျှောက်နိုင်ပြီ ဆိုပြီးဘဲ ဂုဏ်ယူရမလား ။ ဒီမိုကရေစီ ခေတ်မှာ ပြည်လူထုရဲ့ ဆန္ဒ ကလဲအရေးကြီးသေးတာမို. ထည့်သွင်းစဉ်းစားရမယ် ၊ သူတို.ကို မေးရမြန်းရမယ် ဆန္ဒ တောင်းရမဲ့ ကိစ္စတွေကလဲ တပုံကြီးဘဲ ၊ မြန်မာတွေ ကိုယ့်မင်း ကိုယ့်ချင်းနဲ.နေခဲ့ကြတယ်ဆိုတာ ရာဇ၀င်ဆရာ ဆိုတာတွေ ပိုသိကြပါတယ် ၊ တိုတိုနဲ. လိုရင်းပြောရရင် အိန္ဒိယနိုင်ငံ ရတနာဂီရိ က သီပေါမင်း အုတ်ဂူကတော့ ကုလားပြည်မှာမို. မြန်မာ တွေနဲ.မဆိုင်ဘူးလို. ပြောခြင်သလား ၊ မြန်မာတွေ သိဘို.မလိုဘူး တဲ့လား၊

မြန်မာနိုင်ငံ အရပ်ရပ်မှာ မျက်နှာဖြူ ပထွေးတွေ ဖျက်ဆီးသွားတဲ့ အဆောက်အဦးတွေ နန်းတော်တွေခံတပ်တွေနဲ.တကွရွှေတိဂုံခြေ ရင်းက စေတီရံတွေ ပုထိုးတွေ ၊ သီပေါမင်း ရဲ. မိဖုရား တပါး ဖြစ်တဲ့ တောင် ညာစံဒေ၀ီ မဟေသီ ထိတ်ထိတ်ကျဲ ထိပ်စုဖုရားလတ် အုတ်ဂူတွေကိုပြုပြင်ရင် ၊ ဗမာတွေ မြန်မာတွေ မိျုးချစ်စိတ် ထက်သန်လာကြမှာ စိုးရိမ်လို.တဲ့ လား၊ ဒါတောင် သခင်ကိုယ်တော်မှိုင်း မပါသေးဘူး ၊ ကုလ အတွင်းရေးမှူးချုပ် ဟောင်း ဘိုးတော် ဦးသန်.ရဲ့ အုတ်ဂူကိုပါ ထည့် ပြောရရင် ကိုယ့်အမျိုးကိုယ်အမွှန်းတင်နေ တာဘဲလို. သူများတွေ ပြောလာမှာ သေချာတယ် ၊ သည်ပုံမြင်လို. ဒီခြုံထွင်တာ ဘဲဖြစ်မယ် လို.ဆိုကြမှာကလဲ မလွဲဘူး ၊၊

ကြုံတုန်းပြောရအုံးမယ် စုဖုရားလတ် ဆိုတာတောင် အခုခေတ်ပေါ် စုဖုရားလတ်ကို ဟိုစုဖုရားလတ်နဲ.မမှား သင့်ကြပါဘူး ၊ စုဖုရားလတ်ခြင်း သိပိုကပွာခြးတယ်ဆိုတာ သိကြမှာပေါ့ သမီးတော် စုဖုရားကြီးက ကုလားမဲနဲ.လိုက်ပြေးပြီး အခုစုဖုရားကြီး ကတော့ ကုလားဖြူနဲ. တင့်တောင့် တင့်တယ် လက်ချင်းဆက်ခဲ့ကြတာ တဲ့ ၊ အမေနဲ.မောင်ပါတဲ့ မင်္ဂလာပွဲ ဓါတ်ပုံတွေကတော့ ရှားတယ်လို.ဆို တွေ.တောင် မတွေ.ဘူး ဘူး လို. ဘဲပြောရမယ် ။

ပုဂံမြို.ဟောင်း တကောင်းနဲ.ပုပ္ပါး မန္တလေးနန်းတွင်း အင်းဝ အမရပူရ ရွှေဘိုနဲ.တကွ မြန်မာနိုင်ငံတ၀ှမ်း သမိုင်းဝင်တွေ၊ ရှမ်းပြည် အစရှိသည် တို.ဘက်က ဟော်နန်းတွေအာ;လုံးဟာ ပြုပြင်ထိမ်းသိမ်းပေးရမှာတွေ ချည်းဘဲ လို.မြင်တယ် ။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကိုထောက်ပြီး ။ အခု ဒို.ရဲ့ခေါင်းဆောင် တွေဟာဘယ်လူမျိုးစုဝင် လဲ ၊ ဘယ်ဘာသာဝင်လဲ လို.မေးစရာ မလိုတော့ဘူး ၊ ရိုင်းရာကျသွားလိမ့်မယ် ၊ နိုင်ငံရေးအရ မှန်ကန် လိမ့်မယ်လဲမဟုတ်ဘူး ၊အမှတ်ရလို.ပြောရ အုံးမယ် ဗိုလ်ချုပ်တို.နဲ.အတူ အသတ်ခံခဲ့ရတဲ့ မစ္စတာ (ဦး) ရာဇတ် ဆိုတာကတော့ မွတ်စလင်ဘာသာဝင်လို.မှတ်ရဘူးတယ် ၊ အမျိုးသားရင်ကြား စေ့ရေး တိုင်းရင်းသား သွေးစည်းညီညွတ်ရေး မထိခိုက်ရအောင်ဘဲ ပြီးတာ တွေလဲပြီးပါစေ ၊ မေ့လိုက် ကြပါစို. တဲ့လား ။ ဘာတွေကို ပြီးစေပြီး ဘာတွေကို မေ့လိုက်ကြရမှာလဲ မသိ လို.မေးပါရစေ ၊ တိုင်းရင်းသားတွေရဲ. သွေးတွေ စီးခဲ့တာလဲ မနည်းတော့ဘူး ၊ ၆၄ နှစ်ကျော်ကြာခဲ့ပါပြီ ၊

မိုက်မိုက် မဲမဲ မေးရရင် မျက်နှာဖြူတွေက ဒို.လူမျိုးနဲ.ဒို.နိုင်ငံကို လုပ်ခြင်တိုင်းလုပ်သွားတာတွေမေ့လို.မရအောင်သတိပေးတဲ့အနေနဲ.ကိုလိုနီ နယ်ချဲ. တွေ ဒို.ကိုဖိနှိပ်တဲ့အုပ်ချုပ်တဲ့ စီမံခန်.ခွဲရေး ဒီရုံးနဲ့ဒီ အဆောက်အဦးတွေကို မမြင်ခြင်လဲမြင်ရ မကြည့်ခြင်လဲကြည့်နေရ အုံးတော့ မယ်ပေါ့လေ ၊ မမြင်ခြင်ရင် ကိုယ်မျက်စေ့ ကိုယ်ဖေါက် ဒါမှမဟုတ် မျက်စေ့ မှိတ်ထား ရတော့ မယ် ၊ လူ.အခွင့်အရေး ဆုံးရှုံးရတယ် ဆိုတာ ဒါဘဲထင်ပါရဲ.နော် ။

နောင်ကို ကျွန်မဖြစ်ရတောင် ကြိုးပန်းကြလို. ဒီ အဆောက်မဦး မြေနီရောင်တွေ မြင်ရင် ဒို.သွေးတွေနဲ. သုတ်ထာ တာဘဲလို.မြင်ပြီး သင်္ခံဏ်းစာ ယူဘို.ဘဲလား ၊ ဒါကတော့ ကိုယ့်ပေါ်မှာဘဲ တည်တယ် ၊
အခုလဲ သူတို. အူယားဖါးယား ပြေးရလို.မယူနိုင်လို.ပစ်ထားခဲ့တဲ့ စစ်ယန္တယား စပစ်ဖါးယားတိုက်လေယဉ် ဆိုတာတွေကို တူးဖေါ်ယူကြအုံးမယ် တဲ့ ၊ ရေအဆုံး ကုန်းတ၀က် ဆိုတဲ့ စကားအရ မြန်မာက ဘာများရထိုက်သလဲ ၊ ဒါတွေကြောင့် ဒို.ကို ၆၄ နှစ် လုံးလုံး ဒုက္ခ ပေးခဲ့တာလား စဉ်းစားစရာ ။ ၁၉၄၂ ခုက အင်္ဂလိပ်တပ်တွေ အိန္ဒိယကို ဆုတ်တုန်းက တောင်ကြားလမ်းလိုက်ပြတဲ့ မြန်မာ ၁၃ ယောက်ကို အစ ဖျောက်ခဲ့ တယ်ဆိုတဲ့ သတင်း တွေရှိခဲ့ဘူးတယ် ။

ဒီလေယဉ်တွေကို သမိုင်းဝင်ပစ္စည်း အဖြစ် မြန်မာ့ပြတိုက်မှာ ဘာကြောင့် ပြမထားနိုင်သလဲ၊ ကြည့်ခြင်ရင် မြန်မာနိင်ငံကို လာခဲ့ကြ ၀င်ကြေး ပေးပြီး ကြည့်ကြရင် ရသားဘဲပေါ့ ၊ ဒါဆိုရင် မြန်မာတွေ စားသာသွားမှာ စိုးရိမ်လို. လား ။ လန်ဒန်က ဗြိတိသျှပြတိုက် ဆိုတာမှာ နိုင်ငံ တကါက ပစ္စည်းတွေ တပုံကြီးဆိုဘဲ ၊ သွားကြည့်ကြလေ ။ ဗြိတိသျှတွေ စားသာနေတာ နှစ်ပေါင် ရာလီပြီး ရှိနေပြီ ၊


ဒါနဲ.နေပါအုံး ၁၈၈၅ ခုက သီပေါကို ဖမ်းတုန်းက ကာနယ် စလေဒင် ကို စာရင်းနဲ.အပ်လိုက်တဲ့ ငမေါက် ပတ္တမြား လက်သုံးတော် ယိမ်းနွဲပါး ဒာပါအ၀င် သီပေါ မိသားစုပိုင်နဲ.နန်းတွင်း ရတနာတွေ ကတော့ ဘယ်သူ.လက်ထဲ ဘယ်လိုဆုံးဆုံးမြုတ်သွားပြီလဲ ဆိုတာ ရာဇ၀င် သမိုင်း ဆရာတို. စုံစမ်းထောက်လှမ်း ဖေါ်ထုတ်ပြီး ပြည်သူလူထု ကို အသိပေးရင် သိပ်ကေါင်းမှာဘဲ ၊ ရှေးဟောင်းပစ္စည်း အဆောက်အဦးတွေ ထိမ်းသိမ်းစောင့် ရှောက်ရေးဆိုတာဟာ ပိုပြီးအဓိပ္ပါယ်ရှိ လိမ့်မယ်လို.ပြော ရတော့မယ် ပေါ့ ။၊

ရာဇ၀င်ဆရာ သမိုင်းဆရာတွေ ဟာ တထွာ ပြရင်တလံ မြင်တတ်ကြ တဲ့အတွက် ဒီလောက်ပြောရင်ဘဲ လူံလောက်ပါပြီ ထင်ပါရဲ.။

ပျော်ပျော်ပါးပါးပေါ့ ။