Article submitted by: minkyaw thuyein on 12-Oct-2012  
တရားဥပဒေ စိုးမိုးမှု ရပ်ရွာ ငြိမ်းချမ်&#
ဒို.လူကလေးများ ဆိုသလေး ၊


ရပ်ရွာ အေးချမ်းရေးနဲ.တရားဥပဒေစိုးမိုးရေးဆိုတာတွေဟာ မကြားခြင်မှအဆုံး နားယှံနေပြီး နားပြည်ယိုနေပြီလို. တောင်ဆိုနိုင်တယ် ၊ အခုလဲလာပြန်ပြီ တရားဥပဒေစိုးမိုးရေးတဲ့ ၊ ဒါကိုကြည်.ရင် ဒို.နိုင်ငံမှာ အေးချမ်းမှူ မရှိဘူး ဥပဒေစိုးမိုးမှူ မရှိဘူးဆိုတာ ကိုပြောနေ ပြနေတာဘဲ ၊ ဒါမှမဟုတ် လူ.အကြိုက် လိုက်ပြောနေတာဘဲ ၊


ရပ်ရွာ မြို.နယ် နိုင်ငံတခု အေးချမ်းသာယာဘိုတဦးတယောက် တဖွဲ.တစည်းထဲမှာသာ ကွက်ပြီးတာဝန်ရှိတာမဟုတ် ဒို.တတွေအားလုံးမှာ တာဝန်ရှိတယ် ဆိုတာသိရမယ် ၊ ဒါဟာ မမေ့အပ်တဲ့ အသိစိတ်နဲ.တာဝန်
တရပ် ၊ ရပ်ရွာ အေးချမ်းရေးနဲ.တရားဥပဒေ စိုးမိုးရေးဆိုတာတွေဟာ ဒီအသိစိတ်နဲ.ဒို.တာဝန်ကို ဒို.ဘယ်လောက်ကျေပြွန်တယ် ဆိုတာပေါ်မှာ တည်တယ် ၊ လူ.အခွင့်အရေး အရပ်ရပ် အပြည့်အ၀ ခံစားဘို.ဆိုတာလဲ ဒီအသိစိတ် ဒီတာဝန်တွေကို ဒို.ဘယ်လောက် ကြေပြွန်ကြတယ် ဆိုတာပေါ်မှာဘဲ မူတည်ပါတယ် ဆိုရင် မအံ့သြပါနဲ. ၊


နိုင်ငံတခု ဖွံ.ဖြိုးတိုးတက်ရေးအတွက် ရပ်ရွာ ငြိမ်းချမ်းရေး နဲတရားဥပဒေ စိုးမိုးရေး ဟာ အဓိက ဖြစ်တယ် ဆိုတာ ကတော့ ဘယ်သူမှမငြင်းနိုင်ဘူး ။ ငြင်းဘို.လဲမကြိုးစားပါနဲ.ကိုယ့်တာဝန်ကိုယ် ယူရဲကြစမ်းပါ ၊ ပြည်သူ.လွှတ်တော်က ပြဌာန်းပေးတဲ့တရားဥပဒေတွေကို ပြည်သူတရပ်လုံးက နားလည် သဘောပေါက်ပြီး လေးစားလိုက်နာကြရမယ် ၊


ဥပဒေထိရောက်ဘို.သက်ရောက်ဘို.ဥပဒေ ထိမ်းသိမ်း သူတွေကလဲ ဥပဒေကို ထိမ်းသိမ်းအတည်ပြုရန်ပြဌာန်းထားတဲ့ ကျင့်ထုံး ဥပဒေ
တွေအတိုင်းလဲ အတိအကျလိုက်နာဆောင်ရွက် ထိမ်းသိမ်းအတည် ပြုပေးရမယ် ဖြစ်တယ် ၊ ဒါမှလဲတရားဥပဒေ စိုးမိုးရေး ဆိုတာနဲ.အညီဖြစ်လိမ့်မယ် ၊ မဟုတ်ရင် ဥပဒေဆိုတာ စာအုပ်ထဲမှာဘဲရှိပြီး နိုင်ငံဟာ ဥပဒေမဲ့ ၊ နိုင်ငံသားတွေဟာ ဥပဒေအရ အကျိုးစံစားခွင့် ဥပဒေအရပြစ်ဒါဏ်တွေကိုလဲ ခံစားထိုက်လိမ့် မဟုတ်ဘူး ၊ သပွတ်အူလည်ကြီးဘဲ ဖြစ်နေလိမ့်မယ် ၊


ရှိခဲ.ဘူးတဲ့ဥပဒေတွေ တည်ဆဲဥပဒေတွေနောက်ပြဌာန်းလာမဲ့ဥပဒေအား
လုံးကိုတရားဥပဒေလို.ဘဲခေါ်တယ် ၊ အများအတွက် တရားသဖြင့်ဖြစ်
အောင် ပြည်သူ.လွှတ်တောင်ကအတည်ပြုပြဌာန်းပေး ထားတာဖြစ်တယ် တဦးတယောက် တဖွဲ.ထဲ အတွက်မဟုတ် မတရားတဲ့ဥပဒေဆိုတာလဲ
မရှိဘူး ၊ စစ်အုပ်ချုပ်ရေးကါလ စစ်ဥပဒေတွေဟာ အရပ်ဖက်နဲ.မဆိုင်ဘူး
လို.ပြောလို.သာရမယ် မတရား တဲ့ ဥပဒေလို.တော မဆိုနှိုင်ဘူး ၊ ပြောရမယ်ဆိုရင် အရပ်သားတွေကို စစ်ဥပဒေ အရ အရေးယူနေတဲ့ နိုင်ငံကြီးတွေ အထင်အရှားရှိနေတာဘဲ သွားပြီး ကန်.ကွက်ကြလေ ၊


မတရားတဲ့ဥပဒေ ဆိုတာ ဘယ်ဟာကိုပြောတာလဲ ၊ မတရားတဲ့ ဥပဒေ
ဆိုတာကိုလွှတ်တော်က မပြဌာန်းဘူး ၊ ပြဌာန်း အတည်ပြုပြီး ဥပဒေတွေ
ကို ကျင့်သုံးရာမှာ လက်တွေ.ဆောင်ရွက်နည်းနာကျင့်ထုံးတွေနဲ. ချွတ်
ချော်နေရင် ဥပဒေဟာ မတရားတဲ့ဥပဒေအဖြစ်မြင်သွားနိုင်တယ်၊
အရေးပေါ်ကါလ အချိန်လု အရေးတကြီး ဆောင်ရွက်အခါမျိုးမှာချွတ်ချော်
ဒါမျိုးဖြစ်တတ်ပါတယ်၊ ဆင်ခြေပေးတာမဟုတ် ၊ မြန်မာနိုင်ငံတခုထဲ မဟုတ်ဘူး၊ အခြေအနေအချိန်နေရာ အလိုက်ဖြစ် တတ်တာမျိုးကိုပြော
တာ စေါဒက တက်နိုင်ယုံဘဲ နားလည်နိုင်ဘို.ဘဲ မှန်တာ မှားတာ လက်
ခံတာ မခံတာကတော့ တဂဏ္ဍဘဲ ၊


သိထားရမှာက တကျောင်း တဂါထာ တရွာတပုဒ်ဆန်း ဆိုတဲ့စကားအရ အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့နိုင်ငံ တွေဟာ သူ.ဥပဒေ သူ.စည်းကမ်းနဲ.သူရှိကြတာမို.တနိုင်ငံနဲ.တနိုင်ငံ တူခြင်မှလဲတူမယ် နည်းထုံး နည်းနာတွေ ကွဲလွဲ နိုင်တယ် ၊


ရပ်ရွာ ငြိမ်းချမ်းရေးနဲ.တရားဥပဒေ စိုးမိုးရေး ကို အဖက်ဖက်က သက်ဆိုင်သူအားလုံး တက်ညီလက်ညီဆောင်ရွက်နှိုင် မှသာ နိုင်ငံဖွံ.ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်လိမ့်မယ၊် ဒီနေ.မြန်မာ
နိုင်ငံမှာ လမ်းပေါ်ထွက် မျက်စေ့ တဝှေ.လေ.လာလိုက်ရင်ဘာတွေ
ဖြစ်နေုတယ် ဆိုတာ အထင်အရှား အမြင်သာ အသိသာကြီးဘဲ ဘာကို
မှဖုံးကွယ်လို. မရနိုင်အောင်ဖြစ်နေလို.ဘယ်သူကမှ ဘာမှထိထိ
ရောက်ရောက်အရေးမယူခဲ.ကြလို.ဘဲဆိုတာကိုသိသာတယ်၊


ဒို.နိုင်ငံဟာ လဘ်ပေးလဘ်ယူ ဒို.ရန်သူ ဆိုတာတွေနဲ.ပြည်.နေပြီး အဂတိလိုက်စားမှူတွေ အတောမသတ် လူသတ္တ၀ါ မှန်သမျှ အားလုံး စာရိတ္တပျက်ပြားနေကြတယ် ဆိုရင် မှားမလား ၊ တခြား ပုဂိုလ်တွေ
ဆိုရင်လဲ သူ.နည်းသူ.ဟန်နဲ.ပျက်ပြား ချို.ယွင်းသူ တွေ ရှိနေကြတယ်လို.ပြောရင်ရော မှန်မလား ၊၊


ဆင်သေကို ဆိတ်ရေနဲ.ဖုံးလို.မရတာကတော့ အမှန်ဘဲ ၊ တရားဥပဒေ စိုးမိုးရေး ဆိုပြီးတကြော်ကြော် ကြွေးကြော် နေကြတဲ့ တာဝန်ရှိသူတွေ နိုင်ငံသားအားလုံး သူသူငါငါ သိကြပါလိမ့်မယ် ၊ မယုံရင် ပုံပြင်လို.သာမှတ် လို.အပြော လွယ်လွယ်နဲ. လျှော်ပစ်လို.မရဘူး ၊


အခုပြောနေတာ စာတွေ.မဟုတ် လက်တွေ.တွေ ၊ လာမယ် ကြာမယ် ၊ မရှိလို. လုပ်စားတာ ဖြေးဖြေးပေါ့ ဆိုတာ တွေလဲ ရိုးနေပါပြီ ၊ ခြကောင်
တွေကို ထိထိရောက်ရောက်နိုင်နိုင်နင်းနင်းမနှိမ်နင်းနိုင်ရင် တအိမ်လုံး ခြစားပြီး ကိုယ်ကျိုးနဲကြရမယ်ဆိုတာ ပြောမယုံ ကြုံမှသိတဲ့အထိ စောင့်ရင် သိပ်နောက်ကျ သွားလိမ့်မယ် ၊ အခုတောင် ဘယ်လောက်
နောက်ကျနေပြီလဲ ၊


တချိန်က မြန်မာနိုင်ငံမှာ ရေတွင်းတူး အိမ်သာဆောက် လုပ်ခြင်သလို
လုပ်ခဲ့ကြတာ ဒီကနေ. ဆိုရင် လုပ်ခြင်တိုင်း လုပ်လို.မရတော့ဘူး ဥပဒေအရ သာလုပ် နိုင်တော့တယ် ၊ ပြောရမယ်ဆိုရင် ချေးပါ ဆီးပေါက်တာတောင် စည်းကမ်း ဥပဒေ အတွင်း ကဆိုရင် ဒါဟာကိုယ်နဲ.
တကွအများရဲ။ ကျန်းမာရေးအတွက်ဆိုတာကို နားလည် လက်ခံကြ
စေခြင်တယ်၊ လွန်တယ်လို.များ ဆိုမလား ၊


ခရီးသွား ယဉ်ရထားတွေ အားလုံး ဥပဒေ စည်းနဲ. ဘယ်လောက် ညီညွတ်
ကြသလဲ ဆိုတာရော ၊ သက်ဆိုင်ရာသူတွေ သိကြရဲ.လား ၊ နိုင်ငံတော်က ပေးတဲ့ ဖွတ်ချွတ်ကလေး စီးပြီး အားရကျေနပ် နေသလား ၊ပြည်သူအများ
နေ.စဉ်သုံး နေရတဲ့ ယဉ်ရထားပေါ်မှာ ခရီးသွားဘူးပါသလား ၊


ဟိုတွဲလောင်း ဒီတွဲလဲ ၊ ညဉ်.ရထားပေါ်မှာလဲ ညဘက်ကျရင်သူများထိုင်
ခုံ အောက်နဲ.လူသွားစင်္ကြံမှာ လွတ်လွတ် လပ်လပ်အိပ်ယာခင်းပြီး လူရော
ဘုန်းကြီးရော တကာမပါ ရောပြွန်း အိပ်ကြ ကျိန်းကြတာ လူ.အခွင့်အရေး
အရတဲ့လား ၊ မြင်ရသူဟာ အသက်ရှူ ရပ်သွားမတတ် ဖြစ်ရပေမဲ့ တရား
အမြင်သွင်းပြီး အသုဘကမ္မဌာန်းရှူ လိုက်ပြန်တော့ တဖွားဖွားနဲ.တရား
တွေ ပေါက်လာတယ် နိဗာန်ကို ရက်တိုတိုနဲ.ရောက်ခြင်တဲ့ စိတ်တွေ ပေါက်လို. သူတို.ကိုဘဲ ကျေးဇူးတင်ရအုံးတော့မယ် ဆိုပါတော့ ၊၊


လမ်းတွေပေါ်မှာ အဖြူရောင်ဝတ်စုံနဲ. ပြည်သူလူထုကို ကူညီနေကြတဲ့ ဆရာတွေက ဘယ်လို ဘယ်ပုံ ဘယ်နည်း ကူညီလိုက်ကြသလဲ ဆိုတာ သက်ဆိုင်သူ တာဝန်ခံတွေသိကြရဲ.လား ၊ ရေလိုက် ငါးလိုက်လို.ဘဲဆို
ရမလား၊ ပြားအုံကိုတုတ်နဲ.မထိုးနဲ.ဆိုပြီး ဥပက္ခာပြုနေကြသလား၊ တနေ.တနေ.၀င်ငွေအတော် စီတယ် ဆိုဘဲ ၊


အဂတိလိုက်စားတယ် ဆိုတာဟာလဲ ကြားရဖန်များလို. ရိုးနေပြီထင်ပါရဲ.ယိုသူမရှက်မြင်သူရှက် ဆိုတာ မြန်မာစကား၊ မမြင်ခြင်တဆုံး မသိခြင်
တဆုံး ၊ မြင်လို.သိလို.ရော ဘာဖြစ်မှာမို.လို.လဲ ၊ ရုံးမှာလိုက် အချိန်ကုန်ခံ အလုပ်ပျက်ခံပြီး သူတပါး ဒုက္ခရောက်ဘို.သက်သေမခံလိုတဲ့ ဘုရားဖြစ်မဲ့ ပါရမီရှင်အုတ်ခဲ တွေကပြောကြသေးတယ် ၊ အဲဒါမှ ဗုဒ္ဒ၀ါဒ ကမ္ဘာ့ မင်္ဂလာ တွေ၊ ပြောရမှာ အတော်ခက် တယ် သိပ်ကို ခက်တယ်၊ သူ.ဟာနဲ.သူ အဟုတ်ကြီးဘဲ သူ.အန်နဲ.သူ.ဂွင် အန်ဝင် ဂွင်ကျဆိုတာဘဲ ထင်ပါရဲ. ၊ဘာမှ မလစ်ဟင်းဘူး မြန်မာ့ဆိုရိုး အရ ကြီးသောအမှူငယ်အောင် ငယ်
သောအမှူ ပလပ်အောင် ၊ လူကြီးပြီသ မှူတွေ လူငယ်တွေအပေါ်ညှာတာ သနားမှူတွေ ပြနေကြသလား လို.အကောင်းအမြင်ဘက်က ရှူ ရမဲ့ကိန်း၊


အရှက်အကြောက်ဆိုတာ မှရှိတော့ဘူး မလိုတော့ဘူး လူအခွင့်အရေး
သာ အဓိက ၊


တရားဥပဒေ စိုးမိုးရေး ကြွေးကြော်ပြီး လေသံကောင်းဟစ်မဲဆွယ် မနေ
ပါနဲ.၊ တချိန်ကကိုယ့်အိမ်ကိုယ့်ခြံထဲ ကနေ ဟောင်ဘွာ ဟောင်ဘွာ လုပ်ခဲ့
တာတွေ ၊ အခု တာဝန်တရပ် အနေနဲ.လုပ်ခွင့်ရှိလာပြီမို.ထိရောက်အောင်
လုပ်ပြစေခြင်တယ် လုပ်ပြစမ်းပါ ၊ အပြောနဲ.အလုပ် ညီအောင် လုပ်ပြစမ်း
ပါ ကြည့်ကြရအောင် လာမယ်ကြာမယ် မရှိလိုလုပ်စားကြတာဖြေးဖြေး
ပေါ့ ဆိုတဲ့ အပေါစား စကားလုံးတွေ သုံးပြီး အဖျားရှူး မသွားပါနဲ. အချိန်
တွေ မဖြုန်းစမ်းပါနဲ. ပျက်အစင်ပြင်ခဏ လို. ဆိုထားတာ ရှိတယ်လေ ၊ လေကန်ရတာ လွယ်တဲ့အလုပ် ပဲ ၊


ခေါင်းဆောင်လုပ်တယ် ဖြစ်တယ် ဆိုတာ အရည်အချင်းကြောင့် မဟုတ်ရင် လုပ်ရဲတဲ့ သတ္တိကြောင့် ဖြစ်တယ်ဆိုတာကိုလဲ တွေ.ရတယ် ၊ ဘယ်လို ခေါင်းဆောင်မျိုးဘဲဖြစ်ဖြစ် ခေါင်းဆောင် လုပ်ရတာ မလွယ်ဘူး
ဆိုတာသိပေမဲ့လဲ ခေါင်းဆောင်လုပ်ခြင် သူတွေ ဒုနဲ.ဒေး၊ ခေါင်းဆောင်
ဟာ အရည်အချင်းရော သတ္တိပါအများ ကြီးရှိဘို.လိုတယ် ၊


ခေါင်းဆောင်တိုင်းစွန်.စားရဲတဲ့ သတ္တိရှိကြတာကတော့ မမှားဘူး ၊ အရည်
အချင်းဆိုတာကိုတော့စောင့်ကြည့်ဘို.လိုလိမ့်မယ်လဲဖြစ်တယ် ၊
သူရဲကောင်းဆိုတာတွေဟာ တနည်းအားဖြင့်မိုက်ရူးရဲသမားတွေ
ဇွတ်သမားတွေထဲက ဖြစ်တယ် ၊ ဒါကြောင့်လဲ လူကြီးတွေက သတ်ရဲမှမင်းဖြစ် ဆြိုပီး ဆိုစကား ထားခဲ့တယ် ၊ ကိုယ့်ဟာကိုယ် ချင့်ချိန်
ကြပေါ့ ၊

သူခိုး ဓါးပြ လူဆိုး တေလေဂျဘိုးဆိုတာတွေ နိုင်ငံတကါမှာရှိကြပါတယ် ၊ လက်နက်ကိုင် သူပုန်သူကန်ဆိုတာကတော့ နိုင်ငံတကါ မှာမရှိပါဘူး လို.ပြောရင်ရနိုင်တယ် ၊ ဒို.နိုင်ငံကို ဒို.ထဲကဘယ်သူဘဲခေါင်းဆောင်ဆောင် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှူတွေ ဘယ်လောက်ဘဲရှိရှိ ဒို.လုပ်မှ ဒို.့ရမယ် ဆိုတာ တထစ်ချ ယုံကြည်ထားကြရမယ်၊ စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ခြင်းမရှိ ဆက်ပြီး ရေလိုက် ငါးလိုက်အဂတိလိုက်စား နေမယ်သာဆိုရင် အရာရာ
ဟာ သဲထဲရေသွန်ဖြစ် တိုးတက်မှူ ဖွံ.ဖြိုးမှူဆိုတာတွေဟာလဲ ကိုယ့်
အတွက် မငတ်ရုံတမယ် မလှရုံတမယ် ရရစားစား ၀ါးဝါးမျိုမျို ဘဲဖြစ်
လိမ့်မယ် ၊ လူတလုံး သူတလုံး လို.ပြောရမှာတောင် ခက်လိမ်မယ် ၊


ရပ်ရွာငြိမ်းချမ်းဘို.ဆိုတာ တရားဥပဒေ စိုးမိုးမှူပေါ်မှာမူတည်တာ
ကတော့ အမှန်ဘဲ ၊ တယောက်ထဲ လုပ်မရရင် ဘယ်သူတွေ နဲ.လုပ်ခြင်
လို.လဲ ၊ မြန်မြန်ဆန်ဆန်လုပ်စမ်းပါ သေခါမှ ငွေတရာဆိုသလို သေခါမှ ထပြီး အရိုးတွန်မနေကောင်း ပါဘူး ၊


ဒီတွင်တခန်းရပ်လိုက်အုံးမယ်လေ ပျော်ပျော်ပါးပါး ပေါ့ ၊