Article submitted by: minkyaw thuyein on 8-Oct-2012  
ဘာလဲဟဲ့ ဒါ ဒို.ပြည် ဒါ ဒို.မြေ ဒို.အမွေ နဲ. ဒ
ဘာလဲဟဲ့ ဒါ ဒို.ပြည် ဒါ ဒို.မြေ ဒို.အမွေ နဲ. ဒို.တတွေ ၊၊

ဒို.လူကလေးများဆိုသလေး ၊

ဒို.မြန်မာတတွေဟာ တိုင်းမရှိ ပြည်မရှိ လူမျိုးမရှိ ဘာသာမရှိ သာသနာ မရှိကြသူတွေ မဟုတ်ကြဘူး ၊ ဒါ ဒို.ပြည် ဒါ ဒို.မြေ ဒို.အမွေ နဲ. ဒို.တတွေ ဆိုဒါဟာ လူတိုင်းမှာရှိသင့်တဲ့ စိတ်ဓါတ် ဘဲ၊ ကိုယ့်လူမျိုးနဲ. ကိုယ့်တိုင်းပြည် ကေါင်းစားတိုးတက်ဘို.ဆိုတာ ကိုယ့်အားနဲ.ကိုယ့်တာဝန်သာဖြစ်တယ် ၊

ဒို.တတွေ ဘာတွေ လုပ်လို. ဘာတွေဖြစ်နေကြသလဲဆိုတာ ၊ ဒို.ဟာဒို. သိကြရဲ့လား ၊ လူ.လေါကမှာ ဖြစ်သမျှဟာ လူလုပ်တာ ပျက်သမျှဟာ လူဖျက်တာ ၊ အကြောင်း အကျိုး ၊ အကေါင်းအဆိုး ဆိုတာ ရှိမြဲ မို. လူသာလျှင် ပထာဏ လို.ပြောကြတာကို မှားတယ်လို. ပြောနိုင်မှာ မဟုတ်ဘူး ၊ လိုလျှင်ကြံဆ နည်းလမ်းရ ဆိုတာလဲ လူတွေအတွက်ဘဲ ၊
ဒို.တတွေဟာ ဘာတွေလဲဆိုတာကို ဒို.ဟာဒို. သိကြရဲ.လား ၊ လေ့လာ
ကြည်.ကြရဲ.လား ။

ဒို.ဘာ လူမျိုးတွေလဲ ၊၊ ဒို.ဘယ်ဘာသာကိုယုံကြည်သလဲ ၊ ဗုဒ္ဒဘာသာ ၊ ခရစ်ယာန်ဘာသာ ၊ အစ္စလန် ဘာသာ ၊ အခြားဘာသာ ။ စီးပွားရေး
ဘယ် ၀ါဒကို ယုံကြည် လက်ခံကျင့်သုံးကြသလဲ ။ အရင်းရှင်ဝါဒ ၊ ဆိုရှယ်လစ်ဝါဒ ၊ ကွန်မြူနစ်ဝါဒ လား ။ ယဉ်ကျေးမှူ အနုပညာ ဓလေ့ ထုံးစံ တွေဆိုတာကရော ဘာတွေလဲ ။

ကြုံတုန်းပြောရအုံးမယ် ဆိုရှယ်လစ်ဇင်းဆိုတဲ့ လူအများကောင်းစားရေး ၀ါဒ ဆိုတာကို အင်္ဂလိပ်ကို တော်လှန်တုန်းက ဒို.ရဲ.ခေါင်းဆောင်တွေ
အားလုံး သဘောတူခဲ.ကြတယ်ဘဲဆိုဆို အိပ်မက်မက်ခဲ.ကြတယ်ဘဲ ပြောပြော ကိုယ့်ဟာကိုယ်ဖေါ်တဲ့ ဆေးတဖုံ ၊ ဆေးဆရာတယောက်ထဲကို အပစ်ပံချလို.တရားပါ့မလား ၊ ၅၅၀ နိပါတ်ထဲမှာ ဇီဝက ဆေးသမားဟာ ဆေးကုခ ဆေးဘိုးမရလို. သူဌေးသား လူနာကို ဆေးကျွေးပြီး အသေ
သတ်ခဲ့ဘူးသတဲ့ ၊ ဒီလိုသာပြောကြစတန်းဆိုရင်တော့ အရင်က ဒို.ခေါင်းဆောင်တွေရော အခုခေါင်းဆောင်တွေပါ ဒိုကိုအသေသတ်နေကြ
တာလားလို.မေး ရလိမ့်မယ် ၊

တချို.ကတော့လဲ ဆိုရှယ်လစ်ဇင်းဟာ ဗုဒ္ဒဘာသာ ၊ ဗုဒ္ဒ၀ါဒ လို.ပြောကြ
လိမ့်မယ် ၊ တချို.ကလဲ သူတို.၀ါဒစွဲနဲ.သူပြောကြမှာ သေချာတာဘဲ ၊ ကိုယ်ယုံကြည်တဲ့ဝါဒရဲ.ဆိုလိုတဲ့အနက်အဓိပ္ပါယ်ကိုသေချာစွာသဘော
ပေါက်လက်ခံ ကျင့်သုံးကြဘို.လိုတယ်လို.ဘဲ ဆိုခြင်တယ် ၊

ဒို.တတွေ အရာရာကို အမြင်ရှင်း ကြည်ကြည်လင်လင်ရှိကြရဲ.လား ၊ ဒို.နိုင်ငံနဲ့ဒို.လူမျိုးကို ဆင်းရဲနွမ်းပါး တဲ့လူမျိုး ၊ ဖွံ.ဖြိုးမှူနဲပါးတဲ့ နိင်ငံ
အဖြစ်စာရင်းတင် သတ်မှတ်ထားတာ ဘာကြောင့်လဲ ၊ ဒီလိုသတ်မှတ် ခံရတာဟာ မှန်ကန်တယ် မျှတတယ် လျှော်ကန်သင့်မြတ်တယ် ဆိုခြင်
သလား ၊ လက်ခံသလား ၊
ဒို.မြန်မာတတွေ ဗလငါးတန် ပြည်.၀ကြရဲ.လား ဆိုတာကိုလဲ တခါတလေ အပြင်းပြေဆိုသလို ကိုယ်ဟာကိုယ် တယောက်ထဲ စဉ်းစားကြည့်စမ်းပါ ၊ မြင်အောင်ကြည့် ကြစမ်းပါ ၊ တယောက် ယောက်နဲဆွေးနွေးကြည့်ကြ
စမ်းပါလား ၊၊

သူတပါးကို လက်ညှိုးထိုး အပြစ်တင် နေခိုက် ၊ ဒို.တတွေရဲ. အားနဲချက် ဒို.တတွေရဲ.ချို.ယွင်းချက် တွေကို ဒို.ဟာဒို.မြင်ကြ သိကြရဲ.လား ။ မြင်ကြ
သိကြမှလဲ ပြင်ကြ ဆင်ကြနှိုင်မယ် ၊၊ သူများအားကိုး ခါးကျိုးနလန်မထူ လို. လူကြီးတွေက ဆုံးမကြတယ် မဟုတ်လား ၊

ဒို.နိုင်ငံနဲ.ဒို.လူမျိုး ဆင်းရဲခြင်း နွမ်းပါးခြင်း လွတ်ကင်းအောင်လမ်းပြသူက
ပြပေမဲ့ လွတ်လပ်ရေး ဆိုတာကို အလွဲသုံးစားပြီး ၊ လူအခွင့်အရေးဆိုတာ
ကို ခုဒုံးလုပ်ပြီး ပြထားတဲ့လမ်းပေါ်က မလျှောက်ရင်ရည်ရွယ်ချက်ပန်းတိုင်
မရောက်ဘဲ တလွဲတချော် ဘယ်ကိုရောက်သွားမယ်မသိနိုင်ဘူး ၊
ဒ့ါကြောင့်ဘဲ ဒီနေ.ဒို.နိုင်ငံနဲ. ဒို.လူမျိုးတွေဟာ ဖွတ်ကျောပြာစု မွဲတေနေ
တုန်းဘဲဖြစ်တယ် ၊ ဘယ်သူမပြု မိမိမှု ဆိုတာ ဒါဘဲပေါ့ ၊

စီးပွားရေးသမားတွေ အရင်းရှင် ဓနရှင်တွေ ရင်းနှီးမြုတ်နှံနိုင်သူတွေကို ရန်သူအဖြစ်မှတ်ယူပြီး အရင်းရှင်ကို အရင်ရှင်းခဲ့တဲ့ ဆိုရှယ်လစ်
ယောင်ယောင် ကွန်မြူနစ်ယောင်ယောင် ယောင် ၆၀ သမားတွေနဲ.လူတွေဟာရှိဆဲ မူးဝေယိမ်းယိုင် နေကြတုံးဘဲဆိုတာ အထင်အရှား တွေ.နေရတယ် ။

ဒါနဲ.နေပါအုံး ဆိုရှယ်လစ်ဝါဒ ဆိုတာကို ဒို.မြန်မာနိုင်ငံမှာ စခဲ့တဲ့ ဂေါင်း
ဆောင်တွေ ဘယ်သူတွေလဲ ဆိုတာရော သိကြ မှတ်မိကြရဲ.လား ၊ ကွန်မြူနစ်ဆိုတာကတော့ သဲကွဲပါတယ်၊ ပန်းရောင်ရင့်ရင် အနီရောင်ဖြစ်တတ် တယ်ဆိုတာ ဟုတ်ပါသလား ၊ ဆိုရှယ်လစ်ဆိုတာ မလျှော့မတင်း စောင်းကြိုးညှင်း ဆိုတာထင်ပါရဲ့ ၊





အရင်းရှင်တွေကလဲ သူတို.အတွက် အရှုံးသာဖြစ်ပြီး အမြတ်မရှိ အရင်းပါ ဆုံးဆုံးမြုတ် သူတို.ပါ လူမွဲတွေ ဖြစ်ရမဲ့နေရာကို ရှောင်ကြ ရှားကြတယ်၊ ဒို.ဆင်းရဲရတာ သူတို.ချမ်းသာလို.ဆိုပြီး ရိုးစွပ်လို.မရဘူးလေ ၊ သူတို.ကိုဘဲ အပြစ်ပြောလို.ဘယ်တရားပါ့ မလဲ ၊ ရိုးရိုးပြောရင်တော့ မစားသာ
တဲ့နေရာမှာ ဆက်ပြီး ရင်းနှီးမြုတ်နှံဘို.၀န်လေးနေကြမှာ စိတ်မချရတဲ့
နေရာမှာ သူခိုး သူဝှက်ပေါတဲ့နေရာကို ရှောင်ကြတာ သဘာဝမို. ဒို.နိုင်ငံဟာလဲ ဒီအဖြစ်နဲ.ကြုံရတာဖြစ်တယ်လို.ဆိုရင်မှား မယ်မဟုတ်ဘူး ၊

ဒါပေမဲ့ ဒါဏ်ခတ်လှဲ.ပါလို.ဖိတ်ခေါ်ပြီးတမျိုး ထောက်ခံပါတယ်လို.တဖုံ ကြွေးကြော်သံ ပါးစပ်ကထွက်ရက်တဲ့ မြန်မာဆိုတာတွေကို လုံးဝနားမလည်နှိုင်ဘူး ၊ စီးပွားရေးဒါဏ်ခတ် ပိတ်ဆို.မှူဆိုတဲ့ စကားလုံး
တွေက တော့ နားမဆန်.အောင်ကြီးကြီးကျယ်ကျယ် လွန်လွန်ကျူးကျူး ကြားနေရတုံး ဖြစ်တယ် တခြားကန်. သတ် ပိတ်ဆို.ချုပ်ချယ်မှူတွေနဲ.အလိုက်ညီအောင်ပြောနေတာ ထင်ပါရဲ့ ၊

စီးပွားရေးလုပ်ငန်းဆိုတာ အလှူပေးနေတာမဟုတ်ဘူး ၊ အလှူလုပ်ငန်း ဇီဝိတဒါနလုပ်ငန်းတို.လို စေတနာ့ဝန်ထမ်း လုပ်ငန်းမျိုးလဲ မဟုတ်ဘူး ၊ စီးပွားရှင်ဟာ သင့်တင့်လျှောက်ပတ် မျှတတဲ့ အမြတ်အစွန်းယူသင့်တယ်။
ဒါပေမဲ့ လက်ဝါးကြီးအုပ်စီးပွားရေး ၊ အမြတ်ကြီးစားစီးပွားရေးတော့ မဖြစ်သင့်ဘူးပေါ့ ၊ သက်ဆိုင်သူတွေဟာ ပြည်သူ.ကိုယ်စားလည်တွေနဲ. မပြတ်မလပ်တွေ.ဆုံပြီး ပွင့်ပွင့်လင်းလင်းအကြေအလည် တိုင်ပင်ညှိနှိုင်း
ဆွေးနွေးသင့်တယ် ၊ ရလဒ်ကို ပြည်သူတရပ်လုံးကိုလဲ အတိအကျ အသိပေးသင့်တယ် ။





စီးပွားရေးပညာရှင်တွေနဲ. ကမ္ဘာပေါ်မှာအင်အားကြီး တိုးတက်နေတဲ့ အမေရိကန်ပြည်ထောင်စုနဲ.တခြား ဥရောပတိုက်နိုင်ငံတွေ စီးပွားရေး
ကျဆင်းရုံဒင်မက လူမွဲကျေညာခံ ပြည်တွင်းပြည်ပမှာပါ လူတကာတို. ရဲ.ကဲ့ရဲ.ပြစ်တင် ရှုံ.ချခံနေကြရတာတွေ ၊ အခြားနိုင်ငံတွေမှာဆိုရင်လဲ ပြည်တွင်းမှာအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေကြရုံမက ပြည်ပနိုင်င
ံတွေကပါ တဖက်ဖက်ကလိုက်ပြီး ဘက်လိုက်တိုက်ခိုက် ပေးနေတယ် ၊ ဘယ်သူ.အကျိုးစီးပွား အတွက်လဲဆိုတာကတော့ ပြောမယုံကြုံမှဘဲ သိမယ်၊ ဒါတွေနဲ. နှိုင်းစာကြည့်ရင် ဒို.နိင်ငံနဲ.နိုင်ငံသားတွေရဲ.ဒုက္ခဟာ တော်သေးတယ်လို.ဆိုရမယ် ၊ ဒို.ခွေင်းဆောင်တွေကို ကေါးဇူးတင်ရမယ်၊

ဆိုသာဆို ပိုမိုသည့်စကား ခလေးအငိုတိတ်အောင် အရိပ်အရောင်ပြရင်၊ ငတ်နေတာထက်ဆာရင် အရိုးကိုက်ရတာ အရည်သောက်ရတာ အများ
ကြီးတော်သေးတယ်လို.လဲ တချို.က အရိုးပေးသူ အရည်တိုက် သူတွေကို
ကြံဖန်ပြီး ကျေးဇူးတင်ကြလိမ့်အုံးမယ်၊
စီးပွားရှင်တွေဟာ သူတို.ရဲ.လုပ်ငန်းတွေ အမြတ် ရမှလဲ လုပ်ငန်းတွေ တိုးချဲ.နိုင်မယ် အလုပ်နေရာတွေ ဖန်တီးပြီး အလုပ်သမားတွေကို အလုပ်ပေးနိုင်မယ် ဆိုတာလဲ အလုပ်သမားတွေက သိထား လက်ခံ
ထားရလိမ့်မယ် ၊ အလုပ်ရှင်နဲ.အလုပ်သမား ဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်း




မှီဆိုတာမျိုး ဘဲ ၊ ၀ါနိစ္စပဋိပက္ခ နဲနိုင်သမျှနဲရအောင် ညှိနိုင်းကြဘို.လိုမယ်လဲ ဖြစ်တယ် ၊
အလုပ်သမားဟာ အလုပ်သမားဘဲဖြစ်တယ် ငွေဝယ်ကျွန် မဟုတ်ဘူး ဆိုတာကို အလုပ်ရှင်က လုံးဝယုံကြည် လက်ခံရမှာဖြစ်သလို အလုပ်
သမားကလဲ အလုပ်ရှင်ဟာ လုပ်ဖေါ်ကိုင်ဖက် အဆွေခင်ပွန်း ဖြစ်တယ်
ဆိုတဲ့အသိစိတ်ဓါတ်နဲ. အပြန်အလှန် တူညီတဲ့ တုန်.ပြန်လေးစားဘို.လိုလိမ့်မယ် ၊၊

သေသေချာချာ စဉ်းစားကြည့်ကြစမ်းပါ ၊ ဒီအရိုးနဲ.ဒီအရည်ဟာ ဘယ်က
ရသလဲလို.၊ တကယ်တော့ ကိုယ့်လူမျိုးရဲ.အရိုး ကိုယ့်လူမျိုးရဲ.သွေး( အရည်) တွေဘဲ ဖြစ်တယ်ဆိုတာ သိဘို.လိုလိမ့်မယ် ၊

ကိုယ့်ကို ဘာမှမလုပ်နိုင်အောင် နည်းအမျိုးမျိုး ချုပ်ထား တုတ်ထားပြီး သူတို.လုပ်သမျှခံ ပြုသမျှ နုရတဲ. ဒို.ဘ၀ဟာ သခင်မျိုးဟေ့ လို.ကြွေးကြော်ဘို.အသံ တောင် ထွက်နိုင်လိမ်.မဟုတ်ဘူး ၊

ဝမ်းနဲကျေကွဲစရာကတော့ အခုဖြစ်ရတဲ့အဖြစ်ဟာ ၁၉၄၇ ခုနှစ်က မြန်မာ့ခေါင်းဆောင်ကြီးတွေကျဆုံး ခဲ့ရလို.ကျေကွဲ ခဲ့ရတာထက်ပိုပြီး ကျေကွဲစရာ ၀မ်းနည်းစရာအဖြစ်ဘဲ ၊ အဲဒီတုန်းက ခေါင်းဆောင် တချို.သာ ဆုံးခဲ့ရတယ် ၊ အခုတော့ တနိုင်ငံလုံး တမျိုးလုံး ဆုံးရှုံးရတော့
မယ့်ကိန်းကြုံနေတာဘဲ ဆိုရင်၊ ဒီလိုဆို လွန်တာပေါ့လို. မပြောနဲ. ၊၊

အကြောင်းကတော့ မြန်မာတွေဟာ လွတ်လပ်ခွင့်နဲ.လွတ်လပ်ရေး ဆိုတာ
ကို ကွဲကွဲပြားပြားမသိကြလို. လွတ်လပ်ခွင့်ရော လွတ်လပ်ရေးရော အပါအ၀င် အချုပ်အခြာအာဏာပိုင် နိုင်ငံတော် ဘ၀ကိုပါဆုံးရှုံး လို.ဆုံးရှုံး နေမှန်း မသိကြပါလား လို.ဘဲပြောရလိမ့်မယ် ၊၊ လုံးပါး ပါးနေရတယ်ဆိုရင် ပိုမှန်မလား မသိဘူး ၊

ဒီလိုဆိုရန်တော့ အချိန်မနှောင်း မီပြန်လှည့်ခဲ့ ရဲဘော် လို.ဘဲ ပြောရတော့မလားဘဲ ။

ဒီတွင် တခန်းရပ် ၊


ဘာလဲဟဲ့ ဒါ ဒို.ပြည် ဒါ ဒို.မြေ ဒို.အမွေ နဲ. ဒို.တတွေ ၊၊